ရောမ ၃:၁-၃၁

  • “ဘုရားသခင်ကတော့ ဖြောင့်မှန်ပါတယ်” (၁-၈)

  • ဂျူးလူမျိုးရော ဂရိလူမျိုးပါ အပြစ်ရဲ့လက်အောက်မှာ ရှိနေ (၉-၂၀)

  • ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် (၂၁-၃၁)

    • လူအားလုံး ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ (၂၃)

၃  ဒါဆိုရင် ဂျူးလူမျိုးဖြစ်ရတာ ဘာအခွင့်အရေး  သာသွားသလဲ။ အရေဖျားဖြတ်တာကရော ဘာအကျိုးရှိသလဲ။ ၂  အဘက်ဘက်ကနေ အကျိုးရှိပါတယ်။ အရင်ဆုံး၊ ဂျူးတွေက ဘုရားသခင်ရဲ့ ဗျာဒိတ်တော်တွေ ပေးအပ်ခံရတယ်။+ ၃  ဒါဆိုရင် ယုံကြည်ခြင်းမရှိတဲ့ ဂျူးတွေကိုကျတော့ ဘယ်လိုပြောမလဲ။ သူတို့ ယုံကြည်ခြင်းကင်းမဲ့တာနဲ့ပဲ ဘုရားသခင်ကို လူတွေယုံကြည်ကိုးစားလို့ မရနိုင်တော့ဘူးဆိုတဲ့ သဘောလား။ ၄  လုံးဝ မဟုတ်ပါဘူး။ လူတွေ လိမ်လည်ရင်တောင်+ ဘုရားသခင်ကတော့  ဖြောင့်မှန်ပါတယ်။+ “နှုတ်တော်ထွက်စကားတွေက ကိုယ်တော် ဖြောင့်မှန်ကြောင်း ဖော်ပြလိမ့်မယ်။ ပြစ်တင်စွပ်စွဲသူတွေ မှားယွင်းကြောင်း ကိုယ်တော် သက်သေပြလိမ့်မယ်”+ ဆိုတဲ့ ကျမ်းစကားအတိုင်းပါပဲ။ ၅  ကျွန်တော်တို့ မဖြောင့်မတ်တာ လုပ်တဲ့အခါ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း ပိုထင်ရှားလာတယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ဒဏ်ခတ်တာ ဘုရားသခင် မတရားဘူးဆိုတဲ့ သဘောလား။  (လူ့ရှုထောင့်ကနေ  ကျွန်တော်ပြောနေတာ။) ၆  လုံးဝမဟုတ်ဘူး။ ဘုရားသခင်သာ မတရားဘူးဆိုရင် လောကကို ဘယ်လိုလုပ်ပြီး တရားစီရင်မှာလဲ။+ ၇  ကျွန်တော် လိမ်လည်ပြောလိုက်လို့ ဘုရားသခင်ရဲ့စကားတွေ မှန်ကန်ကြောင်း ပေါ်လွင်သွားပြီး ဘုရားရဲ့ဘုန်းတော်ကို လူတွေ ချီးမွမ်းကြတယ်ဆိုရင် ဘုရားသခင်က ကျွန်တော့်ကို အပြစ်ရှိတဲ့သူလို့ ဘာလို့ သတ်မှတ်နေသေးတာလဲ။ ၈  အဲဒီလိုသာဆိုရင် “ကောင်းကျိုးရဖို့ မကောင်းမှု ပြုကြစို့” ဆိုပြီး ကျွန်တော်တို့ ပြောလို့ရတာပဲ။ ကျွန်တော်တို့ အဲဒီလိုပြောနေတယ်လို့ လူတချို့ တလွဲထင်နေကြတယ်။ တကယ်တော့ အဲဒီလူတွေသာ တရားစီရင်ခံရမှာ။+ ၉  ဒါဆိုရင် ဘယ်လိုပြောရမလဲ။ ကျွန်တော်တို့ ဂျူးတွေက သာလွန်နေတာလား။ လုံးဝမဟုတ်ပါဘူး။ ဂျူးတွေ၊ ဂရိတွေအပါအဝင် လူအားလုံး အပြစ်ရဲ့လက်အောက်မှာ ရှိနေတယ်လို့ အထက်မှာ ပြောခဲ့ပြီပဲ။+ ၁၀  “ဖြောင့်မတ်သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။+ ၁၁  ထိုးထွင်းဉာဏ်ရှိသူ၊ ဘုရားသခင်ကိုရှာတဲ့သူ တစ်ယောက်မှ မရှိဘူး။ ၁၂  လူအားလုံး လမ်းလွဲကုန်ပြီ။ အသုံးမကျသူတွေချည်းပဲ။ ကောင်းမှုပြုတဲ့သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။”+ ၁၃  “သူတို့လည်ချောင်းဟာ ပွင့်နေတဲ့ သင်္ချိုင်းတွင်းပဲ။ သူတို့ရဲ့လျှာက လှည့်စားတတ်တယ်။”+ “သူတို့ပါးစပ်ထဲမှာ မြွေပွေးအဆိပ် ရှိတယ်။”+ ၁၄  “သူတို့ရဲ့နှုတ်မှာ ကျိန်စာတွေ၊ ရန်လိုမုန်းတီးတဲ့ စကားတွေ အပြည့်ပဲ။”+ ၁၅  “လူသတ်ဖို့ဆိုရင် ခြေသွက်ကြတယ်။”+ ၁၆  “သူတို့သွားတဲ့လမ်းမှာ ပျက်စီးခြင်းနဲ့ ဒုက္ခပဲ ရှိတယ်။ ၁၇  ငြိမ်သက်ခြင်းလမ်းကို သူတို့မသိကြဘူး။”+ ၁၈  “ဘုရားသခင်ကို ကြောက်ရကောင်းမှန်း မသိကြဘူး”+ ဆိုတဲ့ ကျမ်းစကားတွေ အတိုင်းပါပဲ။ ၁၉  ပညတ်တရားမှာပါတဲ့ စကားမှန်သမျှဟာ  ပညတ်တရား  လက်အောက်မှာရှိသူတွေနဲ့  သက်ဆိုင်တဲ့အတွက် သူတို့ဆင်ခြေပေးလို့ မရမှန်း၊ တစ်လောကလုံး ဘုရားသခင်ရဲ့ ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်မှန်း ကျွန်တော်တို့ သိတယ်။+ ၂၀  ပညတ်က အပြစ်ကို ထင်ရှားစေတဲ့အတွက်+ ပညတ်ကို စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။+ ၂၁  အခုတော့ ပညတ်ကို မစောင့်ထိန်းဘဲ ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားကို ရရှိနိုင်မှန်းသိလာရပြီ။+ အဲဒီအချက်ကို ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း* တွေမှာ ဖော်ပြထားပြီးသားပဲ။+ ၂၂  ဒါကြောင့် ယုံကြည်သူအားလုံးဟာ  ယေရှုခရစ်ကို  ယုံကြည်ခြင်းအားဖြင့်  ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့ အနေအထားကို ရနိုင်တယ်။ ဘာလို့လဲဆိုတော့ ဂျူးလူမျိုးနဲ့ ဂရိလူမျိုးဆိုပြီး ခွဲခြားတာ မရှိတော့လို့ပဲ။+ ၂၃  လူအားလုံးဟာ  အပြစ်ရှိသူတွေဖြစ်လို့ ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ အလှမ်းဝေးကြပြီ။+ ၂၄  ခရစ်တော်ယေရှုရဲ့  ရွေးဖိုးကြောင့်သာ+ ဘုရားသခင်ရှေ့  ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ဒါဟာ မဟာကရုဏာတော်ကြောင့်ရတဲ့+  ဆုလက်ဆောင်ပဲ။+ ၂၅  ဘုရားသခင်က ခရစ်တော်ရဲ့ သွေးကို+ ယုံကြည်သူတွေအတွက် ပြန်လည်သင့်မြတ်ရာ*+ ပူဇော်သက္ကာအဖြစ် ခရစ်တော်ကို ပေးဆပ်ခဲ့တယ်။ အတိတ်တုန်းက လူတွေကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်ပြီး သူတို့ကို သည်းခံခဲ့တယ်။ ဒီနည်းနဲ့ မိမိရဲ့  ဖြောင့်မတ်မှုကို  ဖော်ပြခဲ့တယ်။ ၂၆  အခုအချိန်မှာလည်း ဘုရားသခင်က ယေရှုကို ယုံကြည်သူကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခြင်းအားဖြင့်+ မိမိရဲ့ဖြောင့်မတ်မှုကို ဖော်ပြတယ်။+ ၂၇  ဒါဆိုရင် ဝါကြွားစရာအကြောင်း ရှိသလား။ လုံးဝမရှိဘူး။ ဘယ်တရားကြောင့် ဝါကြွားမှာလဲ။ စောင့်ထိန်းဖို့လိုအပ်တဲ့ တရားကြောင့်လား။+ မဟုတ်ဘူး။ ယုံကြည်ခြင်းရှိဖို့လိုအပ်တဲ့ တရားကြောင့်သာ ဝါကြွားရမှာပါ။ ၂၈  လူတစ်ယောက် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတာဟာ  ပညတ်ကိုစောင့်ထိန်းလို့ မဟုတ်ဘူး၊ ယုံကြည်ခြင်းရှိလို့ပဲ။+ ၂၉  ဘုရားသခင်ဟာ ဂျူးတွေရဲ့ ဘုရားပဲလား။+ လူမျိုးခြားတွေရဲ့ ဘုရားလည်း မဟုတ်ဘူးလား။+  လူမျိုးခြားတွေရဲ့  ဘုရားလည်း  ဟုတ်ပါတယ်။+ ၃၀  ဘုရားသခင်ဟာ  တစ်ဆူတည်းပဲ။+ အရေဖျားဖြတ်ထားသူတွေကို သူတို့ရဲ့ယုံကြည်ခြင်းကြောင့်  ဖြောင့်မတ်သူအဖြစ် သတ်မှတ်သလို+ အရေဖျားမဖြတ်ထားသူတွေကိုလည်း ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် ဘုရားသခင် သတ်မှတ်ပါတယ်။+ ၃၁  ဒါဆိုရင် ယုံကြည်ခြင်းကြောင့် ပညတ်တွေကို ကျွန်တော်တို့ ပယ်ဖျက်လိုက်တာလား။ မဟုတ်ပါဘူး။ တကယ်ဆို ပညတ်တွေကို အတည်ပြုနေတာပါ။+

အောက်ခြေမှတ်ချက်များ

‘ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်း’ ဆိုတာ ဟီဘရူးကျမ်းစောင်အားလုံးကို ရည်ညွှန်း။
ဒါမှမဟုတ်၊ “အပြစ်ဖြေရာ။”