ထွက်မြောက်ရာ ၁၇:၁-၁၆
၁၇ အစ္စရေးတွေဟာ ယေဟောဝါရဲ့အမိန့်အတိုင်း+ သိန်တောကန္တာရကနေ ထွက်ခွာပြီး+ တစ်နေရာပြီး တစ်နေရာ ခရီးဆက်ကြတယ်။ ဒီလိုနဲ့ ရေဖိဒိမ်အရပ်မှာ စခန်းချတယ်။+ အဲဒီမှာ သောက်စရာရေ မရှိဘူး။
၂ လူတွေက “သောက်စရာရေ ပေးပါ” ဆိုပြီး မောရှေကို ရန်ရှာတယ်။+ မောရှေက “ကျွန်တော့်ကို ဘာလို့ ရန်ရှာနေကြတာလဲ။ ယေဟောဝါဘုရားကို ဘာလို့ စမ်းသပ်နေကြတာလဲ”+ လို့ပြောတယ်။
၃ ဒါပေမဲ့ လူတွေက ရေငတ်လွန်းလို့ “ကျုပ်တို့ရော၊ သားသမီးတွေ၊ တိရစ္ဆာန်တွေပါ ရေငတ်ပြီးသေအောင် အီဂျစ်ပြည်ကနေ ဘာလို့ ခေါ်ထုတ်လာတာလဲ” ဆိုပြီး မောရှေကို ပြစ်တင်ညည်းညူနေတော့တယ်။+
၄ မောရှေက “ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်ကို ကျောက်ခဲနဲ့ ပေါက်တော့မှာပဲ” ဆိုပြီး ယေဟောဝါကို အကူအညီတောင်းတယ်။
၅ ယေဟောဝါက မောရှေကို “အစ္စရေးအကြီးအကဲတချို့ကို ခေါ်ပြီး လူတွေရှေ့ကနေ သွားပါ။ နိုင်းမြစ်ကို ရိုက်ခဲ့တဲ့ တောင်ဝှေးကိုလည်း ကိုင်သွားပါ။+
၆ ဟောရပ်အရပ်က ကျောက်ဆောင်ပေါ်မှာ ငါရပ်နေမယ်။ ကျောက်ဆောင်ကို ရိုက်လိုက်။ ရေထွက်လာပြီး လူတွေသောက်ကြလိမ့်မယ်” လို့ပြောတယ်။+ မောရှေလည်း မှာထားတဲ့အတိုင်း အစ္စရေးအကြီးအကဲတွေရှေ့မှာ လုပ်တယ်။
၇ အစ္စရေးတွေ မောရှေကို ရန်ရှာတဲ့အတွက်၊ “ငါတို့နဲ့အတူ ယေဟောဝါရှိသလား မရှိဘူးလား” ဆိုပြီး ယေဟောဝါကို အကဲစမ်းတဲ့အတွက်+ အဲဒီအရပ်ကို မာဆာ*+ နဲ့ မေရိဘ*+ လို့နာမည်ပေးတယ်။
၈ ရေဖိဒိမ်အရပ်မှာ အစ္စရေးတွေ စခန်းချနေတုန်း အာမလက်လူတွေ+ လာတိုက်ခိုက်တယ်။+
၉ မောရှေက ယောရှုကို+ “ယောက်ျားတချို့ ရွေးပြီး အာမလက်လူတွေကို ထွက်တိုက်ပါ။ မနက်ဖြန်ကျရင် စစ်မှန်တဲ့ဘုရားသခင်ရဲ့ တောင်ဝှေးကို ကိုင်ပြီး တောင်ထိပ်မှာ ကျွန်တော်ရပ်နေမယ်” လို့ပြောတယ်။
၁၀ ယောရှုလည်း မောရှေ မှာထားတဲ့အတိုင်း လိုက်နာပြီး+ အာမလက်လူတွေကို တိုက်ခိုက်တယ်။ မောရှေ၊ အာရုန်၊ ဟုရတို့ကတော့+ တောင်ထိပ်ကို တက်သွားကြတယ်။
၁၁ မောရှေက လက်ကိုဆန့်ထားရင် အစ္စရေးတွေ အနိုင်ရပြီး လက်ကို ချလိုက်ရင် အာမလက်လူတွေ အနိုင်ရတယ်။
၁၂ မောရှေ လက်ညောင်းလာတဲ့အခါ အာရုန်နဲ့ဟုရက ကျောက်တုံးပေါ် ထိုင်ခိုင်းပြီး လက်ကို တစ်ဖက်စီ မ,ထားပေးတဲ့အတွက် မောရှေက နေဝင်ချိန်အထိ လက်ကို ဆန့်ထားနိုင်တယ်။
၁၃ ယောရှုလည်း အာမလက်လူတွေနဲ့ အပေါင်းပါတွေကို ဓားနဲ့ ချေမှုန်းနိုင်ခဲ့တယ်။+
၁၄ ယေဟောဝါက “ဒီအကြောင်းကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားပါ။ ‘အာမလက်လူတွေကို မြေကြီးပေါ်ကနေ ငါအစတုံးဖျက်ဆီးမယ်။ သူတို့ကို အမှတ်ရကြတော့မှာ မဟုတ်ဘူး’+ လို့ယောရှုကို ပြောလိုက်ပါ” ဆိုပြီး မောရှေကို ပြောတယ်။
၁၅ အဲဒီနောက် မောရှေက ပူဇော်ရာပလ္လင်တည်ပြီး ယေဟောဝါနိသိ* လို့နာမည်ပေးလိုက်တယ်။
၁၆ ပြီးတော့ “အာမလက်တွေက ယေဟောဝါရဲ့+ ပလ္လင်ကို ရန်မူတဲ့အတွက် သူတို့ရဲ့လူမျိုးအဆက်ဆက်ကို ယေဟောဝါ တိုက်ခိုက်မယ်”+ ဆိုပြီး ပြောတယ်။