ဆာလံ ၆၁:၁-၈

  • ဘုရားသခင်၊ ရန်သူလက်က ကာကွယ်ပေးတဲ့ ခိုင်ခံ့တဲ့မျှော်စင်

    • ‘တဲတော်မှာ ကျွန်တော် တည်းခိုမယ်’ ()

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၆၁  အို ဘုရားသခင်၊ ကျွန်တော် အကူအညီတောင်းတာကိုနားထောင်ပေးပါ။ ကျွန်တော် ဆုတောင်းတာကို အာရုံစိုက်ပေးပါ။+  ၂  စိတ်အားလျော့တဲ့အခါ+ မြေကြီးစွန်းကနေ ကိုယ်တော့်ကို အော်ခေါ်မယ်။ မြင့်မားတဲ့ ကျောက်ဆောင်ပေါ် ပို့ဆောင်ပေးပါ။+  ၃  ကိုယ်တော်ဟာ ခိုလှုံရာ၊ရန်သူလက်ကနေ ကာကွယ်ပေးတဲ့ ခိုင်ခံ့တဲ့ မျှော်စင်ပါ။+  ၄  တဲတော်မှာ ကျွန်တော် ထာဝစဉ်တည်းခိုမယ်။+ အတောင်တော် အရိပ်အောက်မှာ ခိုလှုံမယ်။+ (စဲလာ)  ၅  အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ သစ္စာကတိတွေကို ကိုယ်တော်ကြားတယ်။ နာမတော်ကြောက်ရွံ့သူတွေ ရရှိတဲ့အမွေကိုလည်း ပေးတယ်။+  ၆  ကိုယ်တော်က မင်းကြီးကို အသက်တာရှည်စေလိမ့်မယ်။+ မင်းကြီး အသက်ရှင်ရမယ့်နှစ်တွေဟာ လူမျိုးအစဉ်အဆက်တိုင်အောင် ရှည်လိမ့်မယ်။  ၇  မင်းကြီးက ဘုရားသခင်ရှေ့မှာ ထာဝစဉ် နန်းထိုင်ရလိမ့်မယ်။+ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရား ပေးသနားပြီး မင်းကြီးကို ကာကွယ်စောင့်ရှောက်ပေးပါ။+  ၈  ကျွန်တော်လည်း သစ္စာကတိအတိုင်း နေ့တိုင်းလုပ်ဆောင်ရင်း+နာမတော်ကို ထာဝစဉ် ချီးမွမ်းသီချင်းဆိုပါ့မယ်။+

အောက်ခြေမှတ်ချက်များ