ဆာလံ ၃၄:၁-၂၂
အဘိမလက်မင်းရှေ့ ရူးချင်ယောင်ဆောင်တဲ့အတွက်+ မောင်းထုတ်ခံရပြီး ထွက်သွားချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
א
၃၄ ယေဟောဝါကို အချိန်တိုင်း ချီးမွမ်းမယ်။
မရပ်မနား ချီးမွမ်းမယ်။
ב
၂ ယေဟောဝါအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောမယ်။+
စိတ်နူးညံ့သူတွေ ကြားပြီး ဝမ်းမြောက်လိမ့်မယ်။
ג
၃ ယေဟောဝါကို ငါနဲ့အတူ ဂုဏ်တင်ချီးမွမ်းကြပါ။+
နာမတော်ကို အတူချီးမြှောက်ကြပါစို့။
ד
၄ ယေဟောဝါက ငါမေးလျှောက်တဲ့အခါ ပြန်ဖြေတယ်။+
ကြောက်လန့်စရာမှန်သမျှကနေ ငါ့ကို ကယ်တင်တယ်။+
ה
၅ ဘုရားကို မျှော်ကြည့်သူတွေဟာ မျက်နှာဝင်းပနေတယ်။
အရှက်ကွဲပြီး မျက်နှာပျက်ရမှာ မဟုတ်ဘူး။
ז
၆ ဟောဒီနိမ့်ကျတဲ့လူ ခေါ်တာကို ယေဟောဝါ ကြားတယ်။
ဒုက္ခမှန်သမျှကနေ သူ့ကို ကယ်တင်တယ်။+
ח
၇ ယေဟောဝါကို ကြောက်ရွံ့သူတွေရဲ့ ပတ်လည်မှာ ကောင်းကင်တမန် ခြံရံနေတယ်။+
သူတို့ကို ကယ်တင်တယ်။+
ט
၈ ယေဟောဝါ ဘယ်လောက် ကောင်းမြတ်သလဲဆိုတာ မြည်းစမ်းပြီး ကိုယ်တိုင်ခံစားကြည့်ပါ။+
ဘုရားကို ခိုလှုံသူဟာ ပျော်ရွှင် ချမ်းမြေ့တယ်။
י
၉ သန့်ရှင်းသူအပေါင်းတို့၊ ယေဟောဝါကို ကြောက်ရွံ့ကြ။
ဘုရားကို ကြောက်ရွံ့သူတွေဟာ လိုလေသေးမရှိ ပြည့်စုံတယ်။+
כ
၁၀ အားကြီးတဲ့ ခြင်္သေ့ပျိုတွေ မဝရေစာ စားနေရရင်တောင်
ယေဟောဝါကို ရှာတဲ့သူတွေကတော့ ကောင်းမွန်ရာတစ်ခုမှ ချို့တဲ့မှာ မဟုတ်ဘူး။+
ל
၁၁ ငါ့သားတို့၊ လာကြ။ ငါပြောတာကို နားထောင်ကြ။
ယေဟောဝါကို ကြောက်ရွံ့တတ်အောင် သင်ပေးမယ်။+
מ
၁၂ မင်းတို့ထဲမှာ ဘဝကို ပျော်မွေ့ချင်သူ၊ကောင်းမွန်တဲ့နေ့ရက်တွေကို မြင်တွေ့ချင်သူ ရှိသလား။+
נ
၁၃ အဲဒီလိုနေချင်ရင် မကောင်းတဲ့စကား မပြောမိအောင် လျှာကိုထိန်းချုပ်ပါ။+
လှည့်ဖြားတဲ့စကား မပြောမိအောင် နှုတ်ကိုစောင့်စည်းပါ။+
ס
၁၄ မကောင်းမှုကို ရှောင်ပါ။ ကောင်းမှုကို လုပ်ဆောင်ပါ။+
ငြိမ်သက်ခြင်းရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲရှိနိုင်အောင် အစွမ်းကုန်ကြိုးစားပါ။+
ע
၁၅ ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။+
သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို နားထောင်နေတယ်။+
פ
၁၆ မကောင်းမှုပြုသူတွေကိုတော့ ယေဟောဝါ မျက်နှာလွှဲတယ်။
သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံးကို ကမ္ဘာမြေပေါ်ကနေ ဖျောက်ဖျက်ပစ်တယ်။+
צ
၁၇ ဖြောင့်မတ်သူတွေ အော်ဟစ်တဲ့အခါ ယေဟောဝါ ကြားတယ်။+
ဒုက္ခမှန်သမျှကနေ သူတို့ကို ကယ်တင်တယ်။+
ק
၁၈ ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။+
စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။+
ר
၁၉ ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီးကြုံရပေမဲ့+
ယေဟောဝါက အခက်အခဲမှန်သမျှကနေ သူ့ကိုကယ်တင်တယ်။+
ש
၂၀ ဘုရား ကာကွယ်ပေးတဲ့အတွက်
သူ့အရိုးတစ်ချောင်းမှ မကျိုးဘူး။+
ת
၂၁ လူဆိုးတွေဟာ ဘေးဒုက္ခကြောင့် သေဆုံးရလိမ့်မယ်။
ဖြောင့်မတ်သူကို မုန်းတဲ့သူတွေဟာ အပြစ်ရှိသူတွေလို့ ယူမှတ်ခံရလိမ့်မယ်။
၂၂ ယေဟောဝါက မိမိကျေးကျွန်တွေရဲ့ အသက်ကို ရွေးယူတယ်။
ဘုရားဆီ ခိုလှုံသူတစ်ယောက်မှ အပြစ်ရှိသူလို့ ယူမှတ်ခံရမှာ မဟုတ်ဘူး။+