ဆာလံ ၁၁၂:၁-၁၀

  • ဖြောင့်မတ်သူဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေ

    • ရက်ရက်ရောရော ချေးငှားပေးသူ ကောင်းစား ()

    • “ဖြောင့်မတ်သူကို ထာဝစဉ် သတိရ” ()

    • ရက်ရောသူဟာ နွမ်းပါးသူကို ပေးကမ်း ()

၁၁၂  ယေဟောဝါကို ချီးမွမ်းကြ။*+ א ယေဟောဝါကို ကြောက်ရွံ့ရိုသေသူ၊+ בပညတ်တော်တွေကို အလွန်နှစ်သက်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ ג  ၂  သူ့သားမြေးတွေ ကမ္ဘာပေါ်မှာ တန်ခိုးသြဇာ ကြီးလိမ့်မယ်။ ד စိတ်ရိုးဖြောင့်သူရဲ့ မျိုးဆက်ဟာ ကောင်းချီးခံစားရလိမ့်မယ်။+ ה  ၃  သူ့အိမ်မှာ စည်းစိမ်ဥစ္စာတွေရှိတယ်။ ו သူ့ရဲ့ဖြောင့်မတ်မှုဟာ ထာဝစဉ် တည်မြဲတယ်။ ז  ၄  သူဟာ စိတ်ရိုးဖြောင့်သူအတွက် အမှောင်ထဲက အလင်းတန်းလိုပါပဲ။+ ח သနားစာနာတတ်ပြီး ကရုဏာရှိတယ်။+ ဖြောင့်မတ်တယ်။ ט  ၅  ရက်ရက်ရောရော ချေးငှားပေးတဲ့သူဟာ ကောင်းစားတတ်တယ်။+ י ကိစ္စဝိစ္စတွေကို တရားသဖြင့် သူ လုပ်ဆောင်တတ်တယ်။ כ  ၆  သူ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။+ ל ဖြောင့်မတ်သူကို ထာဝစဉ် သတိရနေကြလိမ့်မယ်။+ מ  ၇  သတင်းဆိုးတွေကို သူမကြောက်ဘူး။+ נ သူ့စိတ်ဟာ မယိမ်းယိုင်ဘဲ ယေဟောဝါကို ယုံကြည်ကိုးစားတယ်။+ ס  ၈  သူဟာ စိတ်ဓာတ်ကြံ့ခိုင်တယ်။ မကြောက်တတ်ဘူး။+ ע နောက်ဆုံးမှာ ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ကြည့်ရလိမ့်မယ်။+ פ  ၉  သူဟာ ရက်ရက်ရောရော ဝေမျှတယ်။ နွမ်းပါးသူတွေကို ပေးကမ်းစွန့်ကြဲတယ်။+ צ သူ့ရဲ့ဖြောင့်မတ်မှုဟာ ထာဝစဉ် တည်မြဲတယ်။+ ק သူ့ရဲ့အစွမ်းခွန်အားဟာ* ဂုဏ်ကျက်သရေ အပြည့်နဲ့ တိုးပွားလိမ့်မယ်။ ר ၁၀  အဲဒါကိုမြင်ပြီး လူဆိုးက စိတ်ပျက်လိမ့်မယ်။ ש အံကြိတ်ခံပြင်းရင်း နောက်ဆုံးမှာ ပျောက်ကွယ်သွားရလိမ့်မယ်။ ת သူ့ရဲ့အလိုဆန္ဒလည်း ပျက်စီးသွားလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။
မူရင်း၊ “ဦးချိုဟာ။”