မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၉၊ ၂၀၁၉
အသစ် တင်ထားရာများ

ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကား ခြောက်မျိုးနဲ့ ထုတ်ဝေ

ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကား ခြောက်မျိုးနဲ့ ထုတ်ဝေ

တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ ၂၀၁၉၊ စက်တင်ဘာ ၆ ရက်နေ့တုန်းက ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဗန်ဒါဘာသာစကားနဲ့၊ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို အာဖရိကန်ဘာသာစကား၊ ဆိုစာဘာသာစကားနဲ့ ထုတ်ဝေခဲ့တယ်။ နောက်နေ့ စက်တင်ဘာ ၇ ရက်နေ့မှာကျတော့ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ အိုစထရာဗာမြို့မှာ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ချက်ဘာသာစကား၊ စလိုဗက်ဘာသာစကားနဲ့ ထုတ်ဝေလိုက်ပါတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တာ့ခ်မင် ဘာသာစကားနဲ့လည်း ထုတ်ဝေလိုက်ပါတယ်။

၂၀၁၃ တည်းဖြတ်ကျမ်းကို အခြေခံပြီး ထုတ်ဝေထားတဲ့ ဘာသာစကား ၂၉ မျိုး အပါအဝင် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တစ်အုပ်လုံးအနေနဲ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနဲ့ဖြစ်စေ ဘာသာစကား ၁၈၄ မျိုးနဲ့ ဘာသာပြန်ပြီးပါပြီ။