မာရ်နတ် ဘယ်မှာနေသလဲ
သမ္မာကျမ်းစာ ဖြေဆိုရာ
နာမ်ဝိညာဉ်သားဖြစ်တဲ့ မာရ်နတ်က မမြင်ရတဲ့ နာမ်ဝိညာဉ်နယ်ပယ်မှာ နေထိုင်ပါတယ်။ အဲဒီနယ်ပယ်က ဘေးမှာပါတဲ့ သရုပ်ဖော်ပုံအတိုင်း လူဆိုးတွေကို နှိပ်စက်တဲ့ မီးငရဲလို နေရာမျိုးမဟုတ်ပါဘူး။
“ကောင်းကင်၌ စစ်ဖြစ်”
တစ်ချိန်တုန်းက စာတန်မာရ်နတ်ဟာ ကောင်းကင်ဘုံမှာ ကြိုက်သလို သွားလာနေနိုင်ခွင့် ရှိခဲ့တယ်။ သစ္စာရှိတဲ့ကောင်းကင်တမန်တွေနဲ့အတူ ဘုရားသခင်ရှေ့တောင် ရောက်လာတယ်။ (ယောဘ ၁:၆) ဒါပေမဲ့ ‘ကောင်းကင်မှာစစ်ဖြစ်’ ပြီး စာတန်ကို ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချမယ်လို့ ကျမ်းစာမှာကြိုပြောထားတယ်။ (ဗျာဒိတ် ၁၂:၇–၉) ကျမ်းစာသက္ကရာဇ်စဉ်နဲ့ ကမ္ဘာ့ဖြစ်ရပ်တွေအရ ကောင်းကင်မှာ တကယ်စစ်ဖြစ်ခဲ့တယ်ဆိုတာ သိနိုင်တယ်။ အခုဆိုရင် မာရ်နတ်က ကမ္ဘာမြေကြီးဝန်းကျင်မှာပဲ သွားလာခွင့်ရှိတော့တယ်။
မာရ်နတ်က ကမ္ဘာမြေကြီးရဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ နေထိုင်နေတယ်လို့ ဆိုလိုတာလား။ ဥပမာ၊ ရှေးခေတ် ပေရဂံမြို့ကို စာတန်ရဲ့ “ပလ္လင်တည်ရှိရာအရပ်၊” “စာတန်နေထိုင်ရာအရပ်” လို့ ခေါ်ထားတယ်။ (ဗျာဒိတ် ၂:၁၃) တကယ်တော့ အဲဒီမြို့ဟာ စာတန့်ဝတ်ပြုရေးရဲ့ အချက်အချာနေရာဖြစ်တယ်လို့ ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်။ မာရ်နတ်ဟာ “လူနေရာ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှကို” အုပ်ချုပ်နေတယ်လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။ ဒါကြောင့် မာရ်နတ်ဟာ မြင်ရတဲ့နေရာတစ်နေရာမှာ နေတာမဟုတ်ဘဲ သူ့ကို ချုပ်နှောင်ထားတဲ့ ကမ္ဘာမြေကြီးဝန်းကျင်မှာ သွားလာနေတယ်။—လုကာ ၄:၅၊ ၆။