မာတိကာဆီ ကျော်သွား

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်
အမေရိကန်

တောမီးကြောင့် အပျက်အစီးများခဲ့တဲ့ အမေရိကန်၊ ကယ်လီဖိုးနီးယား၊ လော့စ် အိန်ဂျလစ်မြို့က ပစိဖိတ် ပါလီဆိတ် ဧရိယာ

တောမီးတွေ လောင်ကျွမ်းသွားတဲ့ အမေရိကန်က ကယ်လီဖိုးနီးယားတောင်ပိုင်း

တောမီးတွေ လောင်ကျွမ်းသွားတဲ့ အမေရိကန်က ကယ်လီဖိုးနီးယားတောင်ပိုင်း

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်၊ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိန်ဂျလစ်မြို့ပြင်က တောင်တွေမှာ ကြီးမားပြင်းထန်တဲ့ တောမီးသုံးခု စတင် လောင်ကျွမ်းခဲ့တယ်။ နှစ်ရက်အတွင်းမှာပဲ အဲဒီဒေသမှာ နောက်ထပ် တောမီး သုံးခု ဖြစ်ပေါ်လာခဲ့တယ်။ a မိုးခေါင်ခြောက်သွေ့တဲ့အပြင် တစ်နာရီ မိုင် ၁၀၀ နှုန်းနဲ့ ကန္တာရလေပြင်း တိုက်ခတ်လို့ အခုလို တောမီး အမြန်ကူးစက်လောင်ကျွမ်းနေတာပါ။

မြေဧကပေါင်း ၄၀,၀၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီ။ နေအိမ်၊ စီးပွားရေးလုပ်ငန်းတွေ အပါအဝင် အဆောက်အဦပေါင်း ၁၂,၀၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်။ အာဏာပိုင်တွေက လူ ၁၃၀,၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ပြောင်းရွှေ့ဖို့ ညွှန်ကြားခဲ့တယ်။ လူထောင်ချီ လျှပ်စစ်မီး ပြတ်တောက်နေပြီး သေဆုံးသူ ၂၄ ယောက်မနည်း ရှိတယ်လို့ သတင်းထုတ်ပြန်တယ်။

အောက်ပါ ကိန်းဂဏန်းတွေဟာ မီးဘေးသင့်ဒေသတွေဆီကရရှိတဲ့ ကနဦးသတင်းတွေ ဖြစ်ပါတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း မရှိ

  • ကြေညာသူ ၁,၀၆၈ ယောက် ဘေးလွတ်ရာကို ရွှေ့ပြောင်း

  • အိမ် ၈၃ လုံး လုံးဝ ပျက်စီး

  • အိမ် ၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁၂ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ တစ်လုံးမှ ထိခိုက်ပျက်စီးခြင်း မရှိ

ကယ်ဆယ်ရေး လုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက မီးဘေးသင့်သူတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ။ ဒါ့အပြင် ညီအစ်ကို၊ ညီအစ်မတွေကို အားပေးဖို့ ဌာနခွဲကော်မတီဝင်တစ်ယောက် အဲဒီဒေသကို သွားခဲ့

  • အစည်းအဝေးခန်းမ ၂ လုံးကို ယာယီကယ်ဆယ်ရေးစင်တာဖြစ် အသုံးပြုနေ

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ တစ်ခုဖွဲ့စည်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

မီးဘေးသင့် ညီအစ်ကို၊ ညီအစ်မအားလုံးအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ ဘုရား ကတိပေးထားတဲ့အတိုင်း သဘာဝဘေးတွေ မရှိတော့မယ့် အနာဂတ်ကို စောင့်မျှော်နေကြပါတယ်။—ဗျာဒိတ် ၂၁:၄

a ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှာ အီတန်၊ ဟတ်စ်နဲ့ ပါလီဆိတ် တောမီးတွေ စတင်လောင်ကျွမ်းခဲ့တယ်။ ဇန်နဝါရီ ၈ ရက်မှာ လစ်ဒီယာနဲ့ ဆန်းစက် တောမီး၊ ဇန်နဝါရီ ၉ ရက် ကဲနက် တောမီး ဖြစ်ပေါ်လာတယ်။