နိုဝင်ဘာ ၂၅၊ ၂၀၂၁
သီရိလင်္ကာ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီရိလင်္ကာမှာ အပျက်အစီး များပြား
၂၀၂၁၊ နိုဝင်ဘာတစ်လလုံး သီရိလင်္ကာမှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေ ဖြစ်ခဲ့တယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ထိခိုက်ဒဏ်ရာရတဲ့၊ သေဆုံးတဲ့ ညီအစ်ကို တစ်ယောက်မှ မရှိပါဘူး
မိသားစု ၅၇ စု ပြောင်းရွှေ့ရတယ်
အိမ် ၁၅ လုံး အနည်းငယ် ပျက်စီးတယ်
အိမ် ၄ လုံး အကြီးအကျယ် ပျက်စီးတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှု
သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက ဘေးကင်းရာကို ပြောင်းရွှေ့ခဲ့ရတဲ့ မိသားစု ၅၂ စုရဲ့ အိမ်တွေကို သန့်ရှင်းရေး လုပ်ပေးဖို့၊ ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ ဒေသခံ အသင်းတော်တွေနဲ့အတူ လုပ်ဆောင်နေပါတယ်
ဒေသခံ အသင်းတော်တွေက ကျန်တဲ့ မိသားစု ၅ ခုအတွက် ယာယီ တည်းခိုစရာ နေရာတွေ စီစဉ်ပေးတယ်
တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေဟာ ရေဘေးသင့် ကြေညာသူတွေကို နှစ်သိမ့်ကူညီပေးနေကြတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှုအားလုံးကို ကိုဗစ် ၁၉ ဘေးကင်းရေး ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင်ခဲ့ကြတယ်
နောက်ဆုံးကာလ ဘေးဒုက္ခရောက်နေချိန်မှာ ယေဟောဝါဟာ ညီအစ်ကို/မတွေကို “နှစ်သိမ့်ပေးပြီး စိတ်သက်သာရာရစေ” မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။—ဆာလံ ၉၄:၁၉။