မာတိကာဆီ ကျော်သွား

ဘန်ဒါရာနိုင်ကီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်စားလှယ်တွေကို ဒေသခံ သက်သေခံတွေ စောင့်ကြိုနေကြတယ်။

ဒီဇင်ဘာ ၂၁၊ ၂၀၁၈
သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံမှာ ပထမဆုံး အထူးအစည်းအဝေးကြီး ကျင်းပ

သီရိလင်္ကာနိုင်ငံမှာ ပထမဆုံး အထူးအစည်းအဝေးကြီး ကျင်းပ

သီရိလင်္ကာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အထူးအစည်းအဝေးကြီးကို နိုင်ငံခုနစ်နိုင်ငံက ယေဟောဝါသက်သေ ညီအစ်ကို/မ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြတယ်။ ကိုလံဘိုမြို့တော်၊ သုဂထဒါသ အမျိုးသား အားကစားရုံမှာ ၂၀၁၈၊ ဇူလိုင် ၆-၈ အတွင်း “ရဲစွမ်းသတ္တိရှိပါ” အထူး အစည်းအဝေးကြီး ကျင်းပခဲ့တယ်။ တက်ရောက်သူ စုစုပေါင်း ၁၄,၁၂၁ ယောက် ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ ဟောပြောချက်တွေ၊ အများဆုံး နှစ်ခြင်းခံတဲ့ အရေအတွက်၊ ကိုယ်စားလှယ် ၃,၅၀၀ အတွက် ဒေသခံ ညီအစ်ကို/မတွေရဲ့ ထူးခြားလှတဲ့ ဧည့်ဝတ်ပြုမှုတို့ဟာ အမှတ်ရစရာတွေပါ။

သီရိလင်္ကာနိုင်ငံမှာ အထူး အစည်းအဝေးကြီး ကျင်းပမယ်ဆိုပြီး အသင်းတော်တွေကို ကြေညာတဲ့ ၂၀၁၇၊ စက်တင်ဘာလကနေ စတင်ပြင်ဆင်ကြတယ်။ အစည်းအဝေးကြီး လက်ခံကျင်းပရေး အစီအစဉ်တွေအပြင် အားကစားရုံမှာလည်း အကြီးအကျယ် ပြုပြင်သန့်ရှင်းဖို့ လိုအပ်နေပါတယ်။ ဆေးသုတ်ခြင်း၊ အမှိုက် ရှင်းထုတ်ခြင်း၊ ခုံပျက်တွေ ပြုပြင်ခြင်း၊ အမိုးဖာထေးခြင်းတို့ လုပ်ဆောင်ရပါမယ်။ အစည်းအဝေးကြီး မတိုင်ခင် သုံးပတ်အလိုမှာ ယေဟောဝါသက်သေ ရာချီ လာရောက်ကူညီပေးကြတယ်။ ညီအစ်ကိုတွေ အချိန်တိုအတွင်း လုပ်ဆောင်ပြီးမြောက်မှုဟာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတွေရဲ့ လေးနှစ်စာ လုပ်ဆောင်မှုနဲ့ ညီတယ်လို့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အစည်းအဝေးကြီး အစီအစဉ်တွေအပြင် လည်ပတ်ကြည့်ရှုမှုတွေ၊ သီရိလင်္ကာယဉ်ကျေးမှုကို ပေါ်လွင်စေတဲ့ ဖျော်ဖြေမှုတွေလည်း ပါဝင်တယ်။ လူငယ်သက်သေခံအုပ်စုရဲ့ နိုင်ငံတော်သီချင်း သီဆိုမှု အပါအဝင် ညနေခင်း ရိုးရာအဆိုအက အစီအစဉ်တွေဟာ အမှတ်ရစရာတွေ ဖြစ်နေပါမယ်။

သီရိလင်္ကာ ဌာနခွဲရုံး ကိုယ်စားလှယ် အက်ရှလေ ဖာဒီနန်က ဒီလိုပြောပါတယ်- “ဒီအထူးအစည်းအဝေးကြီးဟာ ကျွန်တော်တို့နိုင်ငံက ညီအစ်ကို/မတွေအတွက် တကယ့်ဆုကျေးဇူးပါ။ ကိုယ်စားလှယ်များစွာကို ဧည့်ခံဝတ်ပြုခွင့် ရခဲ့ကြတယ်။ ဒီအစည်းအဝေးကြီး အောင်မြင်ဖို့ ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းအားလုံးကို အလွန်ကျေးဇူးတင်ကြပါတယ်။ ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ လက်ဆောင် မှန်သမျှကို ပေးသနားတဲ့ ကောင်းကင်ဘုံစံဖခင်ကို အထူးချီးမွမ်းဂုဏ်တင်ကြပါတယ်။”—တမန်တော် ၁:၁၇

 

အစည်းအဝေးကြီးကို ဘာသာစကားလေးမျိုး အင်္ဂလိပ်၊ စင်ဟာလာ၊ သီရိလင်္ကာ လက်သင်္ကေတ၊ တမီလ်ဘာသာစကားတို့နဲ့ ကျင်းပပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်ထိုနီမောရစ္စက အစီအစဉ်ကို နေ့စဉ် နိဂုံးချုပ်ပေးပါတယ်။

အစည်းအဝေးကြီးမှာ ၂၇၃ ယောက် နှစ်ခြင်းခံတယ်။

ဌာနခွဲရုံးမှာ ညီအစ်ကိုတွေ သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်။ သတင်းသမား ၄၀ ကျော် တက်ရောက်ကာ အိမ်မြေရာအဆောက်အဦကို လည်ပတ်ကြည့်ရှုကြတယ်။

အစည်းအဝေးကြီးအတွက် သတင်းကိုယ်စားလှယ်တစ်ဦးကို သီရိလင်္ကာနိုင်ငံရဲ့ အကြီးဆုံး သတင်းဌာနနှစ်ခုက လူတွေ့မေးမြန်းခဲ့ပါတယ်။

အစည်းအဝေးကြီးအတွက် ပြင်ဆင်လေ့ကျင့်ဖို့ ကိုလံဘိုမြို့တော်မှာ ၂၀၁၈၊ ဇန်နဝါရီလတုန်းက ညီအစ်ကို/မ ၇၀၀ ကျော် စုဝေးခဲ့ကြတယ်။

အစည်းအဝေးကြီး ကျင်းပတဲ့နေရာက ခုံပျက်များစွာကို စေတနာ့ဝန်ထမ်းတွေ ပြုပြင်ပေးကြတယ်။

“Get to Know Us” အစီအစဉ်တွေကို အစည်းအဝေးကြီး ကျင်းပရာ ကိုလံဘိုမြို့အနီးတစ်ဝိုက် နိုင်ငံတော်ခန်းမ အတော်များများမှာ ကျင်းပခဲ့ရာ ကိုယ်စားလှယ်တွေဟာ ဒေသခံ ညီအစ်ကို/မတွေနဲ့ သိကျွမ်းခွင့် ရကြတယ်။

ဖျော်ဖြေသူတွေက တမီလ်ဂန္ထဝင်အကလို ထူးခြားတဲ့ အဆိုအကတွေနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြတယ်။

လူငယ်သက်သေခံအုပ်စုက “ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်- ငါ့သား၊ ပညာရှိပါ” သီချင်းကို သီဆိုတယ်။

လက်ဖက် ထုတ်လုပ်ပုံကို ကိုယ်စားလှယ်တွေ လေ့လာကြတယ်။

အစည်းအဝေးကြီးအဆုံးမှာ ဒေသခံ ညီအစ်ကို/မတွေကို ချစ်ခင်ကြောင်း ဖော်ပြတဲ့ဆိုင်းဘုတ်ကို ကိုယ်စားလှယ်တွေ ကိုင်ထားကြတယ်။