ဩဂုတ် ၂၊ ၂၀၁၇
ရုရှား
ယေဟောဝါသက်သေတွေအပေါ် ချမှတ်တဲ့ ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက တုံ့ပြန်ပုံ
ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှုနဲ့ပတ်သက်ပြီး ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက အစိုးရအေဂျင်စီတွေနဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ကြတယ်။ အဲဒီထဲမှာ ဘာသာရေးလုပ်ငန်းကို အေးဆေးငြိမ်သက်စွာ လုပ်နေတဲ့ လူနည်းစုအပေါ် တရားမျှတမှုမရှိဘဲ ပြင်းပြင်းထန်ထန် တရားစီရင်တယ်ဆိုပြီး ရုရှားကို ဝေဖန်ခဲ့ကြတယ်။
၂၀၁၇၊ ဇူလိုင် ၁၇ မှာ တရားသူကြီး သုံးယောက်ပါတဲ့ အယူခံတရားရုံးက တရားရုံးချုပ်ရဲ့ ဧပြီ ၂၀ ရက်နေ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တယ်။ အဲဒီဆုံးဖြတ်ချက်အရ “‘ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာန’ နဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ သက်သေခံတွေရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်းတွေကို ဖျက်သိမ်းဖို့၊ ဖျက်သိမ်းလိုက်တဲ့ ဘာသာရေးအဖွဲ့အစည်းပိုင် အားလုံးကို ရုရှားဖယ်ဒရေးရှင်းဆီ အပ်ဖို့” ဖြစ်တယ်။ ရုရှားတစ်နိုင်ငံလုံးမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှုကို တရားရုံးက လုံးလုံး ပိတ်ပင်လိုက်တယ်။
၂၀၁၇၊ ဇူလိုင် ၁၇ ရက် အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက်အပြီး ထုတ်ပြန်ချက်များ
ဧပြီ ၂၀ ရက်နေ့ ဆုံးဖြတ်ချက်ကို တရားရုံးချုပ်ရဲ့ အယူခံတရားရုံးက ၂၀၁၇၊ ဇူလိုင် ၁၇ ရက်မှာ အတည်ပြုပြီးနောက် အဲဒါနဲ့ပတ်သက်ပြီး သဘောထားတွေကို ထုတ်ပြန်ကြတယ်။ အဲဒီအထဲက အောက်ပါ အချက်တွေကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်–
“‘အစွန်းရောက်သူတွေ’ လို့ ယေဟောဝါသက်သေတွေကို သတ်မှတ်ပြီး သူတို့ အယူခံဝင်တာကို ရုရှားတရားရုံးချုပ်က ငြင်းပယ်တဲ့အတွက် ကျွန်တော်တို့ အကြီးအကျယ် စိုးရိမ်မိပါတယ်။ ဒီစီရင်ချက်ကြောင့် ငြိမ်သက်စွာဝတ်ပြုနေတဲ့ ရုရှားနိုင်ငံသား ၁၇၅,၀၀၀ ကို ရာဇဝတ်သားတွေဖြစ်စေပြီး ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေမှာပါတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်ပါတယ်။”—ဝင်ဘယ်ဒန်မြို့ရဲ့ လောဒ့် အာမက်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ နိုင်ငံခြားရေးရာနဲ့ ဓနသဟာရရုံး၊ အင်္ဂလန်။https://www.gov.uk/government/news/minister-for-human-rights-statement-on-russian-supreme-court-ruling
“ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး ဒီအပတ် ရုရှားတရားရုံးချုပ် ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားမှာရှိတဲ့ လူနည်းစု ဘာသာရေးအဖွဲ့တွေကို နှိပ်စက်လာခဲ့တာ အခု ယေဟောဝါသက်သေတွေ အလှည့်ဖြစ်နေပြီ။ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေ ပိတ်ပင်တာကို ပြန်ခွင့်ပြုဖို့၊ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာန ပိတ်လိုက်တာကို ပြန်ဖွင့်ပေးဖို့နဲ့ ‘အစွန်းရောက်’ လုပ်ဆောင်မှု ဆိုတဲ့ စွဲချက်နဲ့ မတရားဖမ်းဆီးခံထားရတဲ့ လူနည်းစု ဘာသာရေးအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ ရုရှားအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။”—ဟဲသာ နာဝါ့ဒ်၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ။https://www.state.gov/r/pa/prs/ps/2017/07/272679.htm
“ရုရှားနိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအပါအဝင် ရုရှားဖယ်ဒရေးရှင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာမခံထားတဲ့အတိုင်း တခြားဘာသာရေး အုပ်စုတွေလိုပဲ ယေဟောဝါသက်သေတွေကိုလည်း အနှောင့်အယှက်မရှိ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာ စုဝေးခွင့် ပေးသင့်တယ်။”—ဥရောပသမဂ္ဂ ပြည်ပရေးရာ ဝန်ဆောင်မှုများရဲ့ ပြောရေးဆိုခွင့်ရှိသူ။https://eeas.europa.eu/headquarters/headquarters-homepage/30022/statement-spokesperson-upheld-ban-activities-jehovahs-witnesses-russia_en
“အေးချမ်းငြိမ်ဝပ်စွာ ဝတ်ပြုတာကို အစွန်းရောက်လုပ်ရပ်လို့ တရားရုံးချုပ်က ဆုံးဖြတ်သတ်မှတ်တာဟာ ဝမ်းနည်းစရာပဲ။ သက်သေခံတွေဟာ အစွန်းရောက်အုပ်စု မဟုတ်ဘူး။ သူတို့ဟာ အစိုးရရဲ့ ဖိနှိပ်မှုမခံရဘဲ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် ရသင့်တယ်။”—ဒေနီယယ် မာ့ခ်၊ အမေရိကန်ပြည်ထောင်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဥက္ကဋ္ဌ။http://www.uscirf.gov/news-room/press-releases/russia-jehovah-s-witnesses-banned-after-supreme-court-rejects-appeals
“ရုရှားတရားရုံးက ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်တာကို အတည်ပြုလိုက်တဲ့အတွက် ကျွန်တော် တကယ်စိုးရိမ်မိပါတယ်။ မေတ္တာရပ်ခံနေတဲ့ကြားက အခုလို လုပ်တာဟာ အေးချမ်းစွာ၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ယုံကြည်ခွင့်ကို တိုက်ခိုက်လိုက်တာပဲ။”—ဂါနုတ် အာလာ။ ရုရှား၊ အာရှအလယ်ပိုင်း၊ အရှေ့ဘက် မိတ်ဖက်နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းရေးမှူး၊ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာန။http://www.auswaertiges-amt.de/sid_5DAC942B7DE50BCC4AFCDFC864C2E383/EN/Infoservice/Presse/Meldungen/2017/170719-Ko_RUS-Zeugen_Jehovas.html
“ရုရှားအသိုင်းအဝိုင်းမှာ အသိအမှတ်ပြု လက်ခံပြီးသား ယေဟောဝါသက်သေတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်တာက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၁၈ ပါ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို လုံးဝချိုးဖောက်ရာရောက်တယ်။ . . . ဘာသာရေးအုပ်စုတိုင်းရှိ စိတ်ရင်းမှန်သူတွေနဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို မြတ်နိုးသူအားလုံးဟာ ရုရှားက ယေဟောဝါသက်သေတွေဘက် စည်းစည်းလုံးလုံး ရပ်တည်ပေးသင့်တယ်။”—ဒေါက်တာ ကက်ထရီနာ လန်တို စွက်။ လန်တို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ။https://www.lantosfoundation.org/news/2017/7/17/lantos-foundation-condemns-russias-outrageous-decision-to-ban-jehovahs-witnesses
၂၀၁၇၊ ဧပြီ ၂၀ ရက်နေ့ရဲ့ တရားရုံးချုပ် ဆုံးဖြတ်ချက်အပြီး ထုတ်ပြန်ချက်များ
အယူခံတရားရုံးက ဆုံးဖြတ်ချက်မချခင်၊ ဧပြီ ၂၀ ရက်နေ့မှာချတဲ့ ရုရှားတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရအေဂျင်စီနဲ့ အရာရှိအတော်များများက အပြစ်တင်ကြတယ်–
“ဒီနိုင်ငံမှာရှိတဲ့ ယေဟောဝါသက်သေတွေ အပါအဝင် လူနည်းစု အခွင့်အရေးတွေ ကာကွယ်ပေးဖို့ သမ္မတ ဗလာဒီမာ ပူတင်ကို ကျွန်မ တောင်းဆိုခဲ့တယ်။”—ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်။ သမ္မတ ပူတင်နဲ့ သတင်းစာရှင်းလင်းပွဲမှာ။http://uk.reuters.com/article/uk-russia-germany-putin-syria-idUKKBN17Y1JZ
“ရုရှားတရားရုံးချုပ်က ရုရှားဖယ်ဒရေးရှင်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနကို အစွန်းရောက်အဖွဲ့အစည်းဆိုပြီး ကြေညာတာ၊ သက်သေခံတွေရဲ့ ဒေသန္တရ ဘာသာရေး အဖွဲ့အစည်း ၃၉၅ ခုကို ပိတ်လိုက်လာတာက ရုရှားမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိမှရှိရဲ့လားလို့ စိုးရိမ်မိတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်ကို ပိတ်ပင်ဖို့ အစွန်းရောက်တားဆီးရေး ဥပဒေကို အလွဲသုံးစားလုပ်လိုက်တဲ့ နမူနာတစ်ခုဖြစ်တယ်။”—သီအိုဒေါရာ ဘိုကာယန်နစ် နဲ့ လီလီယန် မောရီ ပါစကူရာ။ ရုရှားဖယ်ဒရေးရှင်း စောင့်ကြည့်လေ့လာရေးကော်မတီ PACE ရဲ့ သတင်းထောက်များ။http://assembly.coe.int/nw/xml/News/News-View-EN.asp?newsid=6599
“ရုရှားက ဘာသာရေးလွတ်လပ်ခွင့်ပေးဖို့ ပျက်ကွက်တာဟာ မော်စကို ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအက်စ်စီအီး) ရဲ့ကတိတွေကို ပျက်ကွက်တာပဲ။ ငြိမ်သက်စွာ ဝတ်ပြုကိုးကွယ်သူတွေကို နှောင့်ယှက်၊ ဒဏ်ရိုက်၊ ထောင်ချတာတွေ မပြုသင့်ဘူး။ ယေဟောဝါသက်သေ အဖွဲ့အစည်းပိုင် ပစ္စည်းတွေကို သိမ်းဆည်းတာက ထပ်ဆင့်ကျူးလွန်တဲ့ မတရားမှု ဖြစ်တယ်။ ဒီအမှုကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးမှာ အယူခံဝင်သင့်တယ်။”—လွှတ်တော်အမတ် ရော်ဂျာ ဝစ်ကာ။ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် ဥက္ကဋ္ဌ။http://csce.emailnewsletter.us/mail/util.cfm?gpiv=2100141660.2454.614
“ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်ရဲ့ ယမန်နေ့က ဆုံးဖြတ်ချက်ဟာ ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနလုပ်ငန်းတွေကို ‘အစွန်းရောက်မှု’ ဆိုပြီး ပိတ်ပင်လိုက်တာကြောင့် ယေဟောဝါသက်သေတွေဟာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ရပ်ကိုလုပ်တာနဲ့ ရာဇဝတ်သားတွေအဖြစ် တရားစွဲခံရတော့မယ်။ ရုရှားနိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအပါအဝင် ရုရှားဖယ်ဒရေးရှင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာမခံထားတဲ့အတိုင်း ယေဟောဝါသက်သေတွေ အပါအဝင် တခြား ဘာသာရေးလူနည်းစုတွေဟာ အနှောင့်အယှက်မရှိဘဲ ငြိမ်သက်စွာ စည်းဝေးခွင့် ရရှိသင့်တယ်။”—ဥရောပသမဂ္ဂ ပြည်ပရေးရာ ဝန်ဆောင်မှုများရဲ့ ပြောရေးဆိုခွင့်ရှိသူ။https://eeas.europa.eu/headquarters/headquarters-homepage/24870/statement-ban-activities-jeho
“ရုရှားနိုင်ငံမှာ ငြိမ်သက်စွာ ဝတ်ပြုနေကြတဲ့ ယေဟောဝါသက်သေတွေကို တရားမဝင်တဲ့အဖွဲ့ဆိုပြီး နိုင်ငံကနေ လုံးဝဖယ်ရှားပစ်ဖို့ ကြိုးစားတာကို ကျွန်တော် တကယ့်ကို စိုးရိမ်မိပါတယ်။ တရားရုံးချုပ် ဆုံးဖြတ်ချက်က ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ခြိမ်းခြောက်လိုက်တာပဲ။”—မိုက်ကယ် ဂျော့ လင့်ခ်။ ဒီမိုကရက်တစ် အဖွဲ့အစည်းများနဲ့ လူ့အခွင့်အရေးများအတွက် အိုအက်စ်စီအီးရုံး ဒါရိုက်တာ။http://www.osce.org/odihr/313561
“ဒီလို ငြိမ်သက်စွာ ဝတ်ပြုကိုးကွယ်တဲ့သူတွေကို ပိင်ပင်၊ နှိပ်စက်တာက နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့ ဘာသာရေး အခြေခံ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်သလို ရုရှားဖယ်ဒရေးရှင်းရဲ့ အခြေခံဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်။ ဒီကိစ္စကို အမြန်ဆုံး ပြန်သုံးသပ်ပေးဖို့ လိုအပ်နေပြီ။”—ပါမောက္ခ အင်ဂါဘော့ ဂါဘရီယယ်။ လူမျိုးရေးတိုက်ခိုက်မှု၊ လူမျိုးရေးမုန်းတီးမှု၊ ခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး အိုအက်စ်စီအီးရုံး ကိုယ်စားလှယ်။http://www.osce.org/odihr/313561
“ယေဟောဝါသက်သေတွေကို ‘အစွန်းရောက်သူတွေ’ ဆိုပြီး ရုရှားတရားရုံးချုပ်က ဆုံးဖြတ်တာကို ကျွန်မ ထိတ်လန့်သွားတာပဲ။ ဒီဆုံးဖြတ်ချက်ဟာ ရုရှားနိုင်ငံသား ၁၇၅,၀၀၀ ရဲ့ ဝတ်ပြုမှုကို တရားမဝင်ဖြစ်စေသလို ရုရှား အခြေခံဥပဒေထဲမှာပါတဲ့ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့်ကို ချိုးဖောက်တာပဲ။ ဒီအခြေခံလွတ်လပ်ခွင့်ဆိုတဲ့ နိုင်ငံတကာ ကတိကဝတ်ကို ရုရှားအစိုးရ လိုက်နာဖို့ ယူကေက တိုက်တွန်းပါတယ်။”—ဘယ်ရွန်နက်စ် ဂျွက်စ် အန်နလေ။ ဓနသဟာယ ပြည်နယ်ဝန်ကြီးဟောင်း၊ ကုလသမဂ္ဂ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး ဝန်ကြီးဟောင်း။https://www.gov.uk/government/news/minister-for-human-rights-criticises-russian-supreme-court-ruling-for-labelling-jehovahs-witnesses-as-extremist
ရုရှား တရားရုံးချုပ် ဆုံးဖြတ်ချက်ကို နိုင်ငံတကာက အပြစ်တင်ဝေဖန်ကြ
၂၀၁၇၊ ဇူလိုင် ၂၀ ရက်မှာ အိုအက်စ်စီအီး အမြဲတမ်းကောင်စီက ဥရောပသမဂ္ဂ (အီးယူ) ရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံခဲ့တယ်။ အဲဒီထုတ်ပြန်ချက်မှာ “ရုရှားနိုင်ငံရဲ့ နိုင်ငံတကာ ကတိကဝတ်နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအပါအဝင် ရုရှားဖယ်ဒရေးရှင်းရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အာမခံထားတဲ့အတိုင်း” ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေကို “အနှောင့်အယှက်မရှိ ငြိမ်းချမ်းစွာနဲ့ လွတ်လပ်စွာ စုဝေးခွင့် ပေးသင့်တယ်” လို့ဆိုတယ်။ အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံစလုံးနဲ့ အီးယူအဖွဲ့ဝင်မဟုတ်တဲ့ ဩစတြေးလျ၊ ကနေဒါ၊ နော်ဝေး နိုင်ငံတွေကလည်း အဲဒီထုတ်ပြန်ချက်ကို တညီတညွတ်တည်း ထောက်ခံတယ်။https://eeas.europa.eu/sites/eeas/files/pc_1155_eu_jehovahs_witnesses_in_russia.pdf
ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ရုရှားရဲ့ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်သွားတယ်။ အကြောင်းက ရုရှားတရားရုံးချုပ်က သူတို့ရဲ့ ဝတ်ပြုမှုကို တစ်နိုင်ငံလုံးမှာ ပိတ်ပင်လိုက်လို့ဖြစ်တယ်။ ယေဟောဝါသက်သေတွေကို “အစွန်းရောက်သူတွေ” လို့ မတရားသဖြင့် ကြေညာလိုက်တာဟာ ရုရှား အခြေခံဥပဒေကိုရော နိုင်ငံတကာ ကတိကဝတ်တွေကိုပါ ဥပေက္ခာပြုရာရောက်တယ်လို့ နိုင်ငံတကာ အစိုးရအေဂျင်စီနဲ့ အရာရှိတွေရဲ့ တုံ့ပြန်ချက်တွေထဲမှာ ဖော်ပြထားတယ်။ ဒီအမှုကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး ဆုံးဖြတ်စီရင်တဲ့အခါ တစ်နိုင်ငံလုံးမှာ ပိတ်ပင်ထားတာကို ဖျက်သိမ်းပေးမယ်လို့ မျှော်လင့်ပါတယ်။