၂၀၁၇ ဧပြီ ၂၀
ရုရှား
ရုရှားတရားရုံးချုပ်က ယေဟောဝါသက်သေတွေရဲ့ အမှုကို တစ်ဖက်သတ်ဆုံးဖြတ်
နယူးယောက်- လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း၊ ခြောက်ရက်မြောက် ရုရှားဖယ်ဒရေးရှင်း တရားရုံးချုပ်က ကြားနာပြီးနောက်မှာ တရားရေးဝန်ကြီးဌာနတင်ဆက်တဲ့ စွဲဆိုချက်အတိုင်း ရုရှားနိုင်ငံရှိ ယေဟောဝါသက်သေတွေရဲ့ စီမံခန့်ခွဲရေးဌာနနဲ့ ဒေသခံဘာသာရေးအဖွဲ့တွေ (LROs) ကို ဖျက်သိမ်းပိတ်ပစ်ဖို့ သဘောတူကြောင်း ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်က ချက်ချင်းအကျိုးသက်ရောက်မှာ ဖြစ်တယ်။
“ဒီဆုံးဖြတ်ချက်ကြောင့် ကျွန်တော်တို့ တော်တော်ကြီးစိတ်ပျက်မိတယ်၊ နောက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဘာသာရေးလုပ်ဆောင်မှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲ ဆိုတာကိုလည်း စိတ်ပူမိပါတယ်။” ပြီးတော့ “ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အယူခံဝင်မှာပါ၊ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ ဘာသာရေးအုပ်စုအနေနဲ့ တရားဝင်အခွင့်အရေးနဲ့ ကာကွယ်မှုကို အမြန်ဆုံးပြန်ရရှိမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ရုရှားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ပြောဆိုခွင့်ရှိသူ ရာရိုစလာ့ဗ် စီဗူလ်စကီက ပြောပါတယ်။
ရုရှားမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ သုံးဦးအဖွဲ့ထံ အယူခံဝင်ဖို့ ရက် ၃၀ အချိန်ရပါတယ်။
သတင်းအချက်အလက် ဆက်သွယ်ရန်-
နိုင်ငံတကာ- David A. Semonian, Office of Public Information, +1-845-524-3000
ရုရှား- Yaroslav Sivulskiy, +7-911-087-8009