မာတိကာဆီ ကျော်သွား

ရုပ်သံစတူဒီယိုတွေ အသစ်တိုးချဲ့ထားတဲ့ ဗြိတိန်ဌာနခွဲ မြောက်ဘက် ထုတ်လုပ်ရေး အဆောက်အအုံ။ အတွင်းပုံ– ညီအစ်ကိုတစ်ယောက် စတူဒီယိုအသစ်မှာ ရိုက်ကူးဖို့ ပြင်ဆင်နေ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်
ယူနိုက်တက်ကင်းဒမ်း

ဗြိတိန်ဌာနခွဲနယ်မြေမှာ ရုပ်သံထုတ်လုပ်ရေးဌာန တိုးချဲ့အဆောက်အအုံများ ဖွင့်လှစ်

ဗြိတိန်ဌာနခွဲနယ်မြေမှာ ရုပ်သံထုတ်လုပ်ရေးဌာန တိုးချဲ့အဆောက်အအုံများ ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၇ ရက်၊ အင်္ဂလန်နိုင်ငံ၊ ချမ်းစဖို့မြို့က တိုးချဲ့ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေမှာ ဗြိတိန် ဒေသကြီးဆိုင်ရာ ဗီဒီယိုအဖွဲ့ (RVT) က ရိုက်ကူးရေး စတင်လုပ်ဆောင်နေပါပြီ။ ဒီအဆောက်အအုံသစ်မှာ ဒုတိယမြောက် ရိုက်ကူးရေး စတူဒီယို၊ အသံသွင်း စတူဒီယို၊ အသံဖိုင်နဲ့ ဗီဒီယို တည်းဖြတ်တဲ့အခန်း ပါဝင်တယ်။ ဒီစီမံကိန်းကို ညီအစ်ကို၊ ညီအစ်မ ၉၀ ကျော် ကူညီဆောက်လုပ်ခဲ့တယ်။

ရိုက်ကူးရေးစတူဒီယို နှစ်ခု ရှိလာတဲ့အတွက် တစ်ချိန်တည်းမှာ စီမံကိန်း နှစ်ခု ပြိုင်တူလုပ်ဆောင်နိုင်ပြီ။ ဒါပေမဲ့ စတူဒီယိုနှစ်ခုလုံး အသံလုံးဝ လုံဖို့တော့ လိုအပ်တယ်။ ဒါကြောင့် အခန်းတွေဖွဲ့တဲ့အခါ ဘိလပ်မြေ ကျောက်ပြား၊ အသံစုပ်ယူနိုင်တဲ့ နံရံအချပ်ပြားတွေ တပ်ဆင်ပြီး စတူဒီယိုရဲ့ အတွင်းဘက်ရော အပြင်ဘက်ကိုပါ အသံလုံအောင် တပ်ဆင်ရတယ်။ ဒါ့အပြင် မလိုအပ်တဲ့အသံ မဝင်စေဖို့ အသံထွက်နှုန်းနည်းတဲ့ လေပေးစက်တစ်မျိုးနဲ့ အထူးကြမ်းပြင်တစ်မျိုးကိုလည်း တပ်ဆင်ခဲ့တယ်။

အပေါ်ဘယ်ဘက်မှ လက်ယာရစ် ကြည့်ရန်– ရိုက်ကူးရေး စတူဒီယို မျက်နှာကြက်မှာ အသံလုံပစ္စည်းတွေ တပ်ဆင်နေ။ လေပူ၊ လေအေးပေးစနစ် (HVAC) အတွက် ပိုက်လုံးကို တိုင်းတာနေ။ ရုပ်သံစတူဒီယို ဝင်ပေါက် နံရံကို ပတ်တီးရိုက်နေ

ဗြိတိန်ဌာနခွဲကော်မတီဝင် ညီအစ်ကို ပေါလ် နော်တန် အခုလို ပြောတယ်– “တိုးချဲ့အဆောက်အအုံသစ်တွေ ရှိလာလို့ စိတ်လှုပ်ရှားရပါတယ်။ ဒီအဆောက်အအုံတွေကြောင့် အရည်အသွေးမြင့်တဲ့ အသံဖိုင်တွေ၊ ဗီဒီယိုတွေ ပိုထုတ်လုပ်နိုင်ပြီ။ ညီအစ်ကို အသင်းအပင်းတစ်ရပ်လုံးအတွက် အချိန်တန်အစာ ပြင်ဆင်ပေးတဲ့ ‘သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်’ ကို ထောက်မရတာ တကယ့်အခွင့်ထူးပါပဲ။”—မဿဲ ၂၄:၄၅

အသံဖိုင် ထုတ်လုပ်ဖို့ စက်ကိုင်ညီအစ်ကိုနဲ့ အသံ လေ့ကျင့်ပေးသူ အတူပူးပေါင်းလုပ်ဆောင်နေ

ဆောက်လုပ်ရေး စီမံကိန်းနောက်ကွယ်က ကြိုးပမ်းမှုတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ ထုတ်လုပ်မယ့် ကျမ်းစာအခြေပြု ဗီဒီယိုတွေကြောင့် “မဟာသွန်သင်ရှင်” နဲ့ ပိုရင်းနှီးလာပြီး ဘုရားကိုလည်း ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဟေရှာယ ၃၀:၂၀