မာတိကာဆီ ကျော်သွား

ဆောင်းရာသီ လူငယ်အိုလံပစ် အားကစားပြိုင်ပွဲအတွင်း အားကစားရုံအနီး လက်တွန်းစင်ဘေးမှာ ရပ်နေကြတဲ့ ညီအစ်မတွေ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်
တောင်ကိုရီးယား

၂၀၂၄ ခုနှစ် တောင်ကိုရီးယား ဆောင်းရာသီ လူငယ်အိုလံပစ် အားကစားပွဲမှာ လူအမျိုးမျိုးကို သက်သေခံ

၂၀၂၄ ခုနှစ် တောင်ကိုရီးယား ဆောင်းရာသီ လူငယ်အိုလံပစ် အားကစားပွဲမှာ လူအမျိုးမျိုးကို သက်သေခံ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ တောင်ကိုရီးယားနိုင်ငံက မြို့ကြီးလေးမြို့မှာ ၂၀၂၄ ခုနှစ် ဆောင်းရာသီ လူငယ်အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပခဲ့တယ်။ နိုင်ငံပေါင်း ၇၀ ကျော်က အားကစားသမား၊ သတင်းစာဆရာနဲ့ ပရိသတ် ထောင်ချီ လာရောက်ကြတယ်။ ပြိုင်ပွဲကာလအတွင်း ယေဟောဝါသက်သေ ၂,၆၀၀ ကျော်က အထူးဟောပြောခြင်းကင်ပိုင်းမှာ ပါဝင်ပြီး ကျမ်းစာအခြေပြုစာပေ လက်တွန်းစင်တွေကို ဘာသာစကား ၄ မျိုးနဲ့ ၃၄ နေရာမှာ ခင်းကျင်းတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဂန်နန်းမြို့နေရာအတော်များများမှာ ခင်းကျင်းထားတဲ့ စာပေလက်တွန်းစင်တွေ

တရုတ်မန်ဒရင်းစကားပြော လူငယ်တစ်ယောက်က ညီအစ်ကိုနှစ်ယောက်ဆီ ချဉ်းကပ်လာပြီး လက်တွန်းစင်တွေကို မြို့ထဲ နေရာတော်တော်များများမှာ တွေ့မိတဲ့အကြောင်း၊ လက်တွန်းစင်တစ်ခုမှာ မိသားစုပျော်ရွှင်မှုအကြောင်း ပိုစတာကပ်ထားတာ တွေ့လို့ အခုလို လာကြည့်ဖြစ်တဲ့အကြောင်း ပြောပြတယ်။ ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ စာစောင်ကို jw.org မှာ မန်ဒရင်းစကားနဲ့ ဘယ်လိုကူးယူနိုင်သလဲဆိုတာ ညီအစ်ကိုတွေ ပြပေးကြတယ်။ လူငယ်က သူ့ဖုန်းနဲ့ ဝက်ဘ်ဆိုက်ကို ချက်ချင်း ဝင်ကြည့်ပြီး ညီအစ်ကိုတွေကို ကျေးဇူးတင်ကြောင်း ပြောသွားတယ်။

ယေဟောဝါသက်သေမောင်နှံတစ်စုံက ယူကရိန်းက အမျိုးသားတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တယ်။ စကားမပေါက်လို့ ဖုန်းထဲက ဘာသာပြန်အက်ပ်ကိုသုံးပြီး ဆက်သွယ်ရာကနေ ယူကရိန်းအမျိုးသားက သူတို့ကို ဓာတ်ပုံတစ်ပုံ ပြတယ်။ ဒုံးကျည်ကြောင့် မြို့လေး ပျက်စီးသွားတဲ့ပုံပါ။ သက်သေခံမောင်နှံက စိတ်မကောင်းဖြစ်ရကြောင်း၊ မကြာခင် စစ်ပွဲတွေ ကွယ်ပျောက်သွားမယ်လို့ ကျမ်းစာမှာ ကတိပြုထားကြောင်း ပြောပြတယ်။ ကျမ်းချက်ကို ကိုယ်ပိုင်စကားနဲ့ ဖတ်လိုက်ရလို့ အဲဒီလူ အတော်စိတ်ထိမိသွားတယ်။ နောက်တစ်ခါ ဆက်ဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့ကြတယ်။

ဂန်နန်းအိုလံပစ်ပန်းခြံမှာ မောင်နှံတစ်စုံနဲ့ ညီအစ်မတစ်ယောက် စကားစမြည်ပြောနေ

ညီအစ်မ အင်စွတ်က ဥရောပက သားအမိနှစ်ယောက်နဲ့ အင်္ဂလိပ်လို စကားပြောဖြစ်တယ်။ သမီးက အားကစားသမားပါ။ သူတို့နဲ့စကားပြောရင်း ဝက်ဘ်ဆိုက်ထဲက “ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ခြင်း” အပိုင်းအောက်က ဆောင်းပါးတွေကို ပြတယ်။ အမေဖြစ်သူ သဘောကျသွားပြီး ဝက်ဘ်ဆိုက်ကို ဝင်ကြည့်မယ်လို့ ပြောတယ်။

တောင်ကိုရီးယား ညီအစ်ကို/မတွေက နိုင်ငံတကာ ဧည့်သည်တွေ လာရောက်လည်ပတ်ချိန်ကို အခွင့်ကောင်းယူပြီး “ယေဟောဝါရဲ့နာမည်ကို ချီးမွမ်း” နေကြလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။—ဆာလံ ၁၄၈:၁၃