၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်
ဂျပန်
ဂျပန်နိုင်ငံ နိုတိုကျွန်းဆွယ်မှာ အင်အားပြင်းငလျင် လှုပ်ခတ်
ဂျပန်နိုင်ငံအလယ်ပိုင်း အီရှီကာဝါ စီရင်စုရဲ့ နိုတိုကျွန်းဆွယ်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တုန်းက အင်အား ၇.၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်။ အဲဒီငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် အိမ်တွေ၊ လမ်းတွေ ထိခိုက်ပျက်စီးခဲ့တယ်။ အယောက် ၃၃,၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းကြတယ်။ ဒဏ်ရာရသူ အယောက် ၄၀၀ လောက်ရှိပြီး သေဆုံးသူ ၇၈ ယောက် ရှိတယ်။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်းမရှိ
ညီအစ်ကိုတစ်ယောက် ဒဏ်ရာအနည်းငယ်ရ
ညီအစ်ကို/မ အယောက် ၁၅၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်း
အိမ် ၂ လုံး လုံးဝ ပျက်စီး
အိမ် ၇ လုံး ဆိုးဆိုးရွားရွား ပျက်စီး
အိမ်အလုံး ၁၀၀ ကျော် အနည်းငယ် ပျက်စီး
အစည်းအဝေးခန်းမ ၁ လုံး ဆိုးဆိုးရွားရွား ပျက်စီး
အစည်းအဝေးခန်းမ ၈ လုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း
ဂျပန်ဌာနခွဲကိုယ်စားလှယ်တွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို သွားရောက်အားပေးခဲ့တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေကလည်း ဘေးသင့်သူတွေကို ကျမ်းစာနဲ့အားပေးပြီး လိုအပ်တဲ့အကူအညီတွေ ပေးကြတယ်။
ယေဟောဝါဘုရားက ဂျပန်နိုင်ငံက ညီအစ်ကို/မတွေအတွက် “လုံခြုံတဲ့ခိုလှုံရာ” ဖြစ်မယ်၊ ဒီလိုခက်ခဲတဲ့အချိန်မှာ သူတို့ကို နှစ်သိမ့်အားပေးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၈:၂။