၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၄ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
နောက်ဆုံးရ အချက်အလက်—ထောင်ချခံရ | စိုးရိမ်ကြောက်လန့်နေမယ့်အစား ယုံကြည်ခြင်း တည်ဆောက်ဖို့ပဲ အာရုံစိုက်နေကြ
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှာ ခရိုင်းမီးယားဒေသ၊ ဆာဗားစတိုပိုမြို့၊ ဂါဂရင်းစကီ ခရိုင်တရားရုံးက ညီအစ်ကို ဗစ်တာ ခူဒီနော့နဲ့ ညီအစ်ကို ဆာဂေး ဇီဂလော့ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် ခြောက်နှစ်စီ ချမှတ်လိုက်တယ်။ သူတို့ကို တရားရုံးကနေ ချက်ချင်း ဖမ်းခေါ်သွားပါတယ်။
ကိုယ်ရေးအကျဉ်း
ညီအစ်ကို ဗစ်တာနဲ့ ညီအစ်ကို ဆာဂေးတို့ စိတ်ရှည်ရှည် ခံရပ်နေတာကို ယေဟောဝါ ဆက်ပြီး ကောင်းချီးပေးနေမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချပါတယ်။ ယေဟောဝါဟာ “မိမိရဲ့ကျွန် ငြိမ်သက်မှုခံစားရတာကို နှစ်သက်” တဲ့ ဘုရား ဖြစ်နေလို့ပါ။—ဆာလံ ၃၅:၂၇။
အချိန်ပြဇယား
သြဂုတ် ၂၄၊ ၂၀၂၂
ပြစ်မှုနဲ့ စတင် တရားစွဲ။ အိမ်တွေ ဝင်ရောက်စီးနင်း ရှာဖွေ။ ယာယီအချုပ်ထောင်မှာ ချုပ်ထား
သြဂုတ် ၂၆၊ ၂၀၂၂
အချုပ်ထောင်ကနေ လွတ်လာပြီး နေအိမ်အကျယ်ချုပ်ကျ
အောက်တိုဘာ ၁၇၊ ၂၀၂၂
နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီး ခရီးသွားလာခွင့် ကန့်သတ်ခံရ
ဧပြီ ၁၃၊ ၂၀၂၃
ပြစ်မှု စတင်ကြားနာစစ်ဆေး