မာတိကာဆီ ကျော်သွား

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်
ကင်မရွန်း

ဒူအာလာဘာသာစကားနဲ့ မဿဲကျမ်း ထုတ်ဝေ

ဒူအာလာဘာသာစကားနဲ့ မဿဲကျမ်း ထုတ်ဝေ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှာ ကင်မရွန်း ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒေါက်ဂလပ် ဒန်ဆိုင်ရာက ဒူအာလာဘာသာစကားနဲ့ မဿဲကျမ်းကို ထုတ်ဝေလိုက်ပါတယ်။ ကင်မရွန်းနိုင်ငံ၊ ဒူအာလာမြို့ အထူးအစီအစဉ်တစ်ခုမှာ စုဝေးနေကြတဲ့ ပရိသတ် ၉၉၅ ယောက်ရှေ့မှာ ထုတ်ဝေခဲ့တာပါ။ နောက်ထပ် ၄၃ ယောက်က ဗီဒီယိုနဲ့ ချိတ်ဆက်နားထောင်ကြတယ်။ ကျမ်းစာကို jw.org နဲ့ JW Library အက်ပ်ကနေ ချက်ချင်း ကူးယူနိုင်ခဲ့တယ်။ ဒူအာလာဘာသာစကားနဲ့ ပုံနှိပ်ကျမ်းစာအုပ်ကိုတော့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်း တစ်အုပ်လုံး ပြီးသွားချိန်မှာ ရရှိပါမယ်။

ကင်မရွန်းနိုင်ငံမှာ ဒူအာလာဘာသာစကားပြောသူ တစ်သန်းနီးပါးရှိတယ်။ ပထမဆုံး ဒူအာလာဘာသာစကားနဲ့ ကျမ်းစာကို ၁၉ ရာစုနှောင်းပိုင်းမှာ ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး အခုအထိ အသုံးပြုနေပါတယ်။ စိတ်ဝင်စားစရာက ဓမ္မဟောင်းကျမ်းတစ်ခုလုံးမှာ ဘုရားသခင့်နာမည် ယေဟောဝါကို အသုံးပြုထားတာပါ။ ယေဟောဝါသက်သေတွေက ၁၉၅၀ ပြည့်နှစ်မှာ ဒူအာလာဘာသာစကားနဲ့ ကျမ်းစာစာပေတွေ စတင်ထုတ်ဝေခဲ့ပေမဲ့ ကင်မရွန်းမှာ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ၁၉၇၀ ကနေ ၁၉၉၃ ခုနှစ်အထိ ပိတ်ပင်လိုက်တဲ့အတွက် ဘာသာပြန်လုပ်ငန်းလည်း ရပ်တန့်သွားတယ်။ အခုအချိန်မှာတော့ ကင်းမရွန်းနိုင်ငံမှာ ဒူအာလာဘာသာစကားပြောအသင်းတော် ၁၈ ခုနဲ့ ညီအစ်ကို၊ ညီအစ်မ ၉၀၀ နီးပါးရှိတယ်။ ထက်သန်တဲ့ ဒီညီအစ်ကို၊ ညီအစ်မတွေဟာ အသစ်ရရှိတဲ့ ကျမ်းစာကို သူတို့ရဲ့ကျမ်းစာသင်အံမှု ၉၀၀ ကျော်မှာ အသုံးပြုဖို့ စိတ်စောနေကြပါတယ်။