မာတိကာဆီ ကျော်သွား

ခွင့်ယူ​ထားတဲ့ မီး​သတ်​သ​မား​က အသက်ကယ်

ခွင့်ယူ​ထားတဲ့ မီး​သတ်​သ​မား​က အသက်ကယ်

၂၀၁၄၊ ဇန်နဝါရီ ၅၊ တနင်္ဂနွေ​နေ့မှာ ဆာ့ဂျ် ဂျ​ရာ​ဒန်​ဟာ ပြင်သစ်​နိုင်ငံ၊ ပါရီ​မြို့နားမှာ ကျင်းပတဲ့ ယေဟောဝါသက်သေများရဲ့ စည်းဝေးပွဲ​ကို ဘတ်စကား​နဲ့ သွား​နေတုန်း ပြင်းထန်တဲ့ မတော်တဆ ကားတိုက်မှု​ကို တွေ့​လိုက်ရတယ်။ “ကား​တစ်စီး​ဟာ တံတား​ကို ကာ​ထားတဲ့ ကွန်ကရစ် နံရံ​ကို တိုက်​ပြီး လေ​ထဲ မြှောက်​တက်​သွားတယ်။ တံတား​နဲ့ တိုက်မိ​ပြီး မီး​ထ​လောင်​တယ်။ မြေပေါ် ပြောင်းပြန်​ကျ​လာတယ်” လို့ ပြန်​ပြောပြတယ်။

ဆာ့ဂျ်​က မီး​သတ်​သ​မား လုပ်တာ အနှစ် ၄၀ ကျော်ပြီ။ မီး​သတ်​တပ်ဖွဲ့ ခေါင်းဆောင်​တစ်ယောက် ဖြစ်တဲ့အတွက် ချက်ချင်း တုံ့ပြန်တယ်။ သူ​ဒီလို ပြန်​ပြောပြတယ်– “ကျွန်တော်တို့​က ဆန့်ကျင်ဘက်​အရပ်​ကို သွား​နေတာ ဖြစ်ပေမဲ့ ကား​ဆရာကို ကား​ရပ်​ခိုင်း​ပြီး မီးလောင်​နေတဲ့ ကား​ဆီ ပြေး​သွားတယ်။” “ကယ်ပါဦး” ဆိုတဲ့ အော်သံ ဆာ့ဂျ် ကြားလိုက်တယ်။ “ကျွန်တော်က ကုတ်​အင်္ကျီ၊ လည်​စည်း​နဲ့။ မီး​သတ်​ပစ္စည်း တစ်ခု​မှ မရှိဘူး။ အော်သံ​ကြား​တော့ ကယ်​နိုင်​သေးတယ်​ဆိုတဲ့ အသိ​ဝင်​လာတယ်” လို့ ပြောပြတယ်။

ကားကို ပတ်​ကြည့်ပြီး ထိတ်လန့် တွေဝေ​နေတဲ့ လူကို ကယ်ထုတ်​လိုက်တယ်။ “ကား​ထဲမှာ နှစ်ယောက် ရှိသေးတယ်​တဲ့။ အဲဒီအချိန်မှာ ကား​အတော်များများလည်း ရပ်နေ​ပြီ။ ဒါပေမဲ့ မီး​အရှိန်​ကြောင့် ဘယ်သူမှ မ​ကပ်​ရဲ​ဘူး။”

ထရပ်ကား​သ​မား​တွေ မီး​သတ်​ဆေး​ဗူး​တွေ​နဲ့ ရောက်လာတယ်။ ဆာ့ဂျ် ညွှန်ကြား​တဲ့​အတိုင်း ကားကို မီး​သတ်​ပေး​ကြတယ်။ ခဏ​တော့ မီး​ညွှန့်​ကျိုးသွား​တယ်။ ကား​သ​မား ကား​အောက်မှာ ပိတ်မိ​နေတယ်။ ဆာ့ဂျ်​နဲ့ နောက်​တစ်ယောက်က ကားကို မပြီး ကား​သ​မား​ကို ကယ်ထုတ်​လိုက်တယ်။

“အဲဒီအချိန်မှာ ရုတ်တရက် မီး​ထ​တော​က်​လာတယ်။” ကား​ထဲမှာ ခရီးသည်​တစ်ယောက် ကျန်​နေ​သေးတယ်။ ထိုင်ခုံ​ခါးပတ်​နဲ့ ဇောက်ထိုး ဖြစ်နေတယ်။ ခွင့်ယူ​ထားတဲ့ မီး​သတ်​သ​မား​တစ်ယောက် ထပ်​ရောက်လာတယ်။ ဆိုင်ကယ် သားရေ​အင်္ကျီ ဝတ်​ထားတယ်။ “ကား​က ပေါက်ကွဲ​တော့​မယ့်​ပုံပဲ။ ဒါကြောင့် ကား​ထဲ​ကလူ​ရဲ့ လက်မောင်း​ကို ကိုင်ပြီး ဆွဲထုတ်​ဖို့ ဆုံးဖြတ်​လိုက်တယ်။” ဆွဲထုတ်​ပြီး တစ်​မိနစ်​တောင် မပြည့်​သေး​ဘူး။ ကား ပေါက်ကွဲ​သွားတယ်။

မီး​သတ်​တပ်ဖွဲ့​တွေ၊ ဆေး​တပ်သားတွေ ရောက်လာတဲ့​အခါ ဒဏ်ရာ​ရသူတွေကို ကြည့်ရှု​ပေး​ကြတယ်၊ မီး​သတ်​ပေး​ကြတယ်။ ဆာ့ဂျ်​ရဲ့ လက်​မှာလည်း ထိခိုက်​ရှ​နာ၊ မီးလောင်​ဒဏ်ရာ ရသွားလို့ ရှေးဦး​သူနာပြု​စု​မှု ခံယူ​ခဲ့​ရတယ်။ စည်းဝေးပွဲ​ကို ပြန်​သွားဖို့ ကား​ပေါ် တက်တဲ့အခါ လူ​အတော်များများ ပြေး​လာပြီး သူ့ကို ကျေးဇူးတင်​စကား ဆိုကြတယ်။

ဒီ​နေရာမှာ ကူညီပေး​လိုက်​ရလို့ ဆာ့ဂျ် ပီတိဖြစ်​မိတယ်။ “ကျွန်တော့်​ဘုရား ယေဟောဝါ​ရှေ့မှာ အဲဒီ​အသက်​တွေကို ကယ်ဖို့ တာဝန် ရှိတယ်လို့ ခံစား​ရတယ်။ သူတို့​အသက်ကို ကယ်​နိုင်​ခဲ့လို့ ကျေနပ်​ပီတိ ဖြစ်ရ​ပါတယ်။”