ကောင်းချီးရဖို့ သင် နပန်းလုံးသလား
ယေဟောဝါရဲ့ ကောင်းချီးရဖို့ ဘဝမှာ ဘုရားအမှုဆောင်ခြင်းကို အရေးကြီးဆုံးလို့ သတ်မှတ်ပြီး ကြိုးစားလုပ်ဆောင်ရမယ်။ (၁က ၉:၂၆၊ ၂၇) ယေဟောဝါရဲ့ အမှုဆောင်ရာမှာ ရှိသင့်တဲ့ စိတ်သဘောထားကို သက်ကြီးရွယ်အို ယာကုပ် တင်ပြခဲ့တယ်။ ယေဟောဝါရဲ့ ကောင်းချီးကို ထက်ထက်သန်သန် ရှာဖွေကြောင်း အောက်ပါနည်းတွေနဲ့ ဖော်ပြကြတယ်–
-
အသင်းတော်အစည်းအဝေးတွေအတွက် သေသေချာချာ ပြင်ဆင်ခြင်း
-
အမှုဆောင်လုပ်ငန်းမှာ မှန်မှန် ပါဝင်ခြင်း
-
အသင်းတော်မှာရှိတဲ့ တခြားသူတွေကို အတတ်နိုင်ဆုံး ကူညီပေးခြင်း
သင့်အခြေအနေ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ယေဟောဝါရဲ့ အကူအညီရဖို့ မပြတ်ဆုတောင်းပါ။ အမှုဆောင်လုပ်ငန်းမှာ သင်ကြိုးစားပါဝင်နေတာကို ကောင်းချီးပေးဖို့ တောင်းလျှောက်ပါ။
ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါရဲ့ ကောင်းချီးရဖို့ ငါ့ဘဝရဲ့ ဘယ်ကဏ္ဍတွေမှာ ပိုကြိုးစားအားထုတ်နိုင်သေးသလဲ’