ခရစ်ယာန်အသက်တာလမ်းစဉ်
မြင့်မြတ်တဲ့ပညာရေးကို ဆည်းပူးပါ
ဘာကြောင့် အရေးကြီး– မဟာသွန်သင်ရှင် ယေဟောဝါဟာ ကျွန်တော်တို့ကို အကောင်းဆုံး ပညာရေး သင်ပေးတယ်။ ပိုကောင်းတဲ့ အသက်တာနဲ့ အသက်ရှင်ဖို့၊ သာလွန်ထူးကဲတဲ့ အနာဂတ်ရရှိဖို့ အခမဲ့ သင်ပေးတယ်။ (ရှာ ၁၁:၆-၉။ ၃၀:၂၀၊ ၂၁။ ဗ ၂၂:၁၇) တခြားသူတွေကို အသက်ပေးသတင်း ဟောပြောတတ်အောင်လည်း သင်ပေးတယ်။—၂က ၃:၅။
လုပ်ဆောင်နိုင်ပုံ–
-
နှိမ့်ချခြင်း၊ နူးညံ့ခြင်း အရည်အသွေးတွေကို မွေးမြူပါ။—ဆ ၂၅:၈၊ ၉
-
လောလောဆယ် လေ့ကျင့်ပေးနေတာကို ခံယူပါ။ ဥပမာ ကြားရက်အစည်းအဝေး ကျောင်းသားတာဝန်
-
ပိုအမှုဆောင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားပြီး အစီအစဉ်တွေ ဆွဲပါ။—ဖိ ၃:၁၃
-
ထပ်ဆင့်လေ့ကျင့်မှု ခံယူဖို့ ကိုယ်ကျိုးစွန့်ပါ။—ဖိ ၃:၈
ယေဟောဝါဘုရား သွန်သင်ပေးမှုကြောင့် ကောင်းချီးကြွယ်ဝ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ မေးခွန်းတွေကို ဖြေပါ–
-
သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကို တက်ရောက်ဖို့ ဘယ်အခက်အခဲတွေကို ကြေညာသူတချို့ ကျော်လွှားခဲ့ကြသလဲ။
-
သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းမှာ ဘာတွေ လေ့ကျင့်ပေးသလဲ။
-
ကျောင်းဆင်းလာသူတွေရဲ့ တာဝန်အသစ်မှာ အသင်းတော်က ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးကြသလဲ။
-
သတင်းကောင်း ဟောပြောသူများအတွက်သင်တန်း လျှောက်လွှာတင်ဖို့ ဘယ်အချက်တွေ ပြည့်မီရမလဲ။ (kr ၁၈၉)
-
ယေဟောဝါရဲ့ အဖွဲ့အစည်းမှာ တခြား ဘာလေ့ကျင့်မှုတွေ ရနိုင်သေးသလဲ။