ခရစ်ယာန်အသက်တာလမ်းစဉ်
ယေဟောဝါကို ချီးမွမ်းဖို့ အသက်ရှင်ပါ
အသက်ဆိုတာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ဖြစ်တယ်။ ဒါကို တန်ဖိုးထားကြောင်း အသက်ရှင်နေထိုင်ပုံနဲ့ တင်ပြနိုင်ပါတယ်။ ယေဟောဝါသက်သေတွေဟာ ကိုယ့်ပင်ကိုစွမ်းရည်တွေကိုသုံးပြီး အသက်ပေးရှင် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြတယ်။ (ဆာ. ၃၆:၉။ ဗျာ. ၄:၁၁) ဒီလောကစနစ်ရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် ဝတ်ပြုရေးနဲ့ ဆိုင်တာတွေကို အလွယ်တကူ ဘေးဖယ်ထားမိနိုင်တယ်။ (မာ. ၄:၁၈၊ ၁၉) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ငါဟာ ယေဟောဝါကို တကယ်ပဲ အကောင်းဆုံး ပေးဆက်နေသလား။ (ဟော. ၁၄:၂) ငါ့ရဲ့အလုပ်က ယေဟောဝါအမှုဆောင်ဖို့ ထိခိုက်စေသလား။ ဘုရားအမှုဆောင်ဖို့ ဘာပန်းတိုင်တွေရှိလဲ။ အမှုဆောင်လုပ်ငန်းကို ဘယ်လို တိုးချဲ့နိုင်မလဲ။’ တိုးတက်ဖို့ လိုတဲ့နေရာတွေကို သတိထားမိရင် ပြုပြင်နိုင်အောင် ယေဟောဝါဆီ ဆုတောင်းပါ။ ယေဟောဝါကို နေ့တိုင်း ဂုဏ်တင်ချီးမွမ်းနေမယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝ ပိုင်ဆိုင်ရပါလိမ့်မယ်။—ဆာ. ၆၁:၈။
သင့်ရဲ့ ပင်ကိုစွမ်းရည်ကို ယေဟောဝါအတွက် အသုံးပြုပါ ဗီဒီယိုကို ကြည့်ပြီး ဒီမေးခွန်းတွေကို ဆွေးနွေးပါ။
-
ကိုယ့်ပင်ကိုစွမ်းရည်တွေကို စာတန့်လောကမှာ အသုံးချတာ ဘာကြောင့် ပညာမဲ့သလဲ။ (၁ ယော. ၂:၁၇)
-
ယေဟောဝါကို အကောင်းဆုံးပေးဆက်သူတွေ ဘာကောင်းချီးတွေ ရသလဲ။
-
ကိုယ့်ပင်ကိုစွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေမြတ်တဲ့လုပ်ငန်းရဲ့ ဘယ်ကဏ္ဍတွေမှာ အသုံးချနိုင်မလဲ။