မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇွန် ၁၆-၂၂

ပညာအလိမ္မာ ၁၈

ဇွန် ၁၆-၂၂

သီချင်း ၉၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ကျန်းမာရေး ပြဿနာ ကြုံနေရသူကို အားပေးစကား ပြောပါ

(၁၀ မိ.)

ဘုရားအလိုတော်နဲ့အညီ ဉာဏ်ပညာရှိရှိပြောဆိုပါ (ပ ၁၈:၄က၂၂.၁၀ ၂၂ ပိုဒ်. ၁၇)

သူခံစားနေရတာကို နားလည်ဖို့ ကြိုးစားပါ (ပ ၁၈:၁၃mrt ဆောင်းပါး ၁၉ လေးထောင့်ကွက်)

ကူညီပေးပါ၊ စိတ်ရှည်တဲ့ မိတ်ဆွေကောင်း ဖြစ်ပါ (ပ ၁၈:၂၄ကလ၂၃.၁ ၁၄ ပိုဒ်. ၃–၁၅ ပိုဒ်. ၁)

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘အိမ်ထောင်ဖက်က ကာယပိုင်း ဒါမှမဟုတ် စိတ်ပိုင်း ကျန်းမာရေးမကောင်း ဖြစ်နေရင် ငါ ဘယ်လို ထောက်မပေးနိုင်မလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ပ ၁၈:၁၈—ကျမ်းစာခေတ်မှာ ဘာကြောင့် မဲချတာတွေ လုပ်သလဲ။ (it-2-E ၂၇၁-၂၇၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၁ မိ.) တစ်အိမ်မှတစ်အိမ်။ အိမ်ရှင်က ဘာသာခြားစကားပြောသူ။ (lmd သင်ခန်းစာ ၂ အချက် ၅)

၅။ ပြန်လည်ပတ်ခြင်း

(၃ မိ.) အများရှေ့ သက်သေခံခြင်း။ လိုရင်းတိုရှင်း ပြောစေချင်သူ။ (lmd သင်ခန်းစာ ၇ အချက် ၄)

၆။ ပြန်လည်ပတ်ခြင်း

(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ ဘုရားနိုင်ငံတော်နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ အမှန်တရားတစ်ခု ပြောပြပါ။ (lmd သင်ခန်းစာ ၉ အချက် ၅)

၇။ ယုံကြည်ချက် ရှင်းပြခြင်း

(၄ မိ.) သရုပ်ပြ။ ijwfq ဆောင်းပါး ၂၉—အဓိကအကြောင်း– ဘုရားသခင်က ကမ္ဘာမြေကြီးကို ၂၄ နာရီရှိတဲ့ ရက်ပေါင်း ၆ ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ ယုံသလား (lmd သင်ခန်းစာ ၅ အချက် ၅)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၄၄

၈။ ချစ်ရသူတွေကို “တစ်ခွန်းမှ ဟောစရာမလိုဘဲ” ယေဟောဝါနဲ့ ရင်းနှီးလာအောင် ကူညီပါ

(၁၅ မိ.) ဆွေးနွေးပါ။

ကျွန်တော်တို့ရဲ့ အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေက ယေဟောဝါကို ဝတ်မပြုသေးတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အသင်းတော်ကနေ ဝေးကွာသွားတာ ဖြစ်နိုင်တယ်။ ယေဟောဝါကို ကိုးကွယ်လာစေချင်တဲ့ ဆန္ဒနဲ့ သူတို့ကို အတင်းဖိအားပေး၊ တဲ့တိုးပြောတာမျိုး လုပ်ဖူးသလား။ စိတ်ရင်းမှန်နဲ့ ပြောတာဆိုပေမဲ့ ကျွန်တော်တို့ရဲ့စကားကြောင့် အခြေအနေ ပိုဆိုးသွားနိုင်တယ်။ (ပ ၁၂:၁၈) ဒါဆို ပိုကောင်းတဲ့နည်းလမ်း ရှိပါသလား။

ပေတရု ပထမစောင် ၃:၁ မှာ မယုံကြည်သူခင်ပွန်းကို “တစ်ခွန်းမှ ဟောစရာမလိုဘဲ . . . သူ့ကို ယုံကြည်သူ ဖြစ်လာစေနိုင်တယ်” လို့ ဆိုထားတယ်။ ခရစ်ယာန်ညီအစ်မရဲ့ ခင်ပွန်းက ကျမ်းစာအကြောင်းပြောတာ မကြိုက်ဘူးဆိုရင်တောင် ယေဟောဝါအကြောင်း သိလာအောင် ညီအစ်မက ဆက်ပြီးကူညီပေးနိုင်ဆဲပါ။ ညီအစ်မဘက်က ကျမ်းစာကနေ သင်ယူသိရှိထားတဲ့အတိုင်း မေတ္တာပြမယ်၊ ကြင်နာမယ်၊ ဉာဏ်ပညာရှိရှိ ပြုမူမယ်ဆိုရင် ခင်ပွန်းရဲ့ စိတ်နှလုံး ပျော့ပျောင်းလာနိုင်တယ်။ (ပ ၁၆:၂၃) လောလောဆယ် ယေဟောဝါကို မကိုးကွယ်ကြပေမဲ့ ကျွန်တော်တို့ရဲ့ အပြုအမူ၊ ယဉ်ကျေးသိမ်မွေ့မှုက ချစ်ရသူတွေအပေါ် ကောင်းကျိုးဖြစ်နိုင်တယ်။—က၁၀ ၆/၁၅ ၂၀-၂၁ ပိုဒ်. ၄-၆။

ယုံကြည်ခြင်း တိုက်ပွဲမှာ အောင်မြင်သူများ—မယုံကြည်သူ အိမ်ထောင်ဖက် ရှိသူများ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ညီအစ်မ ဆာဆာကိရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

  • ညီအစ်မ အီတိုရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

  • ညီအစ်မ အိုကာဒါရဲ့ တွေ့ကြုံမှုကနေ ဘာသင်ယူရသလဲ။

၉။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၆၀ နဲ့ ဆုတောင်းချက်