ခရစ်ယာန်အသက်တာလမ်းစဉ်
ဘုရားနဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာ ပျိုးထောင်နိုင်ပုံ
မောရှေပညတ်ကို ခရစ်ယာန်တွေ လိုက်နာဖို့ မလိုတော့ပေမဲ့ ဘုရားသခင်နဲ့ လူလူချင်းကို ချစ်ပါဆိုတဲ့ အရေးကြီးဆုံး ပညတ်နှစ်ခုဟာ ကျွန်တော်တို့ဆီက ယေဟောဝါ တောင်းဆိုတာကို အကျဉ်းချုပ် ဖော်ပြတယ်။ (မ ၂၂:၃၇-၃၉) ဒီမေတ္တာမျိုးက အလိုအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ ပျိုးထောင်ရမယ့်အရာ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့လဲ။ အရေးပါတဲ့ နည်းတစ်နည်းက နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်းပါပဲ။ ကျမ်းစာမှာပါတဲ့ ဘုရားရဲ့ အရည်အသွေး အမျိုးမျိုးကို စဉ်းစားဆင်ခြင်တဲ့အခါ “ယေဟောဝါရဲ့ ကောင်းမြတ်ခြင်း” ကို မြင်တွေ့ရတယ်။ (ဆ ၂၇:၄) ရလဒ်အနေတဲ့ ဘုရားကိုချစ်တဲ့ မေတ္တာ တိုးများလာပြီး ကျွန်တော်တို့ရဲ့ အတွေးအခေါ်ဟာ ဘုရားနဲ့ ပိုတူလာတယ်။ အဲဒါက တခြားသူတွေအပေါ် ကိုယ်ကျိုးစွန့်မေတ္တာပြပါ ဆိုတဲ့ ပညတ်အပါအဝင် ဘုရားသခင့်ပညတ်တွေကို လိုက်နာဖို့ လှုံ့ဆော်ပေးတယ်။ (ယဟ ၁၃:၃၄၊ ၃၅။ ၁ယ ၅:၃) ကျမ်းစာဖတ်ရှုခြင်းမှာ ပိုပျော်မွေ့နိုင်တဲ့ အကြံပြုချက် သုံးခုကတော့–
-
မြင်ယောင်ပါ၊ အာရုံနှစ်မြှုပ်ထားပါ။ သင် ပါဝင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘာတွေကို မြင်ရ၊ ကြားရသလဲ။ ဘာရနံ့တွေရသလဲ။ ဘယ်လို ခံစားရသလဲ။
-
နည်းလမ်းအမျိုးမျိုး သုံးပါ။ ရွေးချယ်စရာ နည်းလမ်းတချို့က– အသံထွက်ဖတ်ပါ။ အသံသွင်းထားတာကို နားထောင်ရင်း လိုက်ဖတ်ပါ။ အခန်းကြီးတွေကို အစဉ်လိုက်ဖတ်သွားမယ့်အစား ကျမ်းစာဇာတ်ကောင်တစ်ယောက် ဒါမှမဟုတ် အကြောင်းအရာတစ်ခုကို ဖတ်ပါ။ ဥပမာ၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက နောက်ဆက်တွဲ က၇၊ ခ၁၂ ကိုသုံးပြီး ယေရှုအကြောင်း ဖတ်ပါ။ နေ့စဉ်ကျမ်းချက် ကောက်နုတ်ထားတဲ့ အခန်းကြီး တစ်ခန်းလုံးကို ဖတ်ပါ။ ကျမ်းစောင်တွေကို ရေးသားတဲ့ သက္ကရာဇ်စဉ်အတိုင်း ဖတ်ပါ။
-
နားလည်အောင်ဖတ်ပါ။ နေ့စဉ် အခန်းကြီး တစ်ခန်းကို နားလည်အောင်ဖတ်တာက အခန်းကြီး များစွာဖတ်ပြီးဖို့ ကြိုးစားတာထက် ပိုကောင်းပါတယ်။ နောက်ခံအခြေအနေကို စဉ်းစားပါ။ အသေးစိတ်အချက်တွေကို လေ့လာပါ။ မြေပုံတွေ၊ အပြန်အလှန်ညွှန်းတဲ့ ကျမ်းချက်တွေကို သုံးပါ။ ကိုယ်နားမလည်တဲ့အချက်ကို ရှာဖွေလေ့လာပါ။ ဖြစ်နိုင်တယ်ဆိုရင် ကျမ်းစာဖတ်တဲ့ အချိန်ပမာဏအတိုင်း တွေးတောဆင်ခြင်ပါ။