ခရစ်ယာန်အသက်တာလမ်းစဥ်
ရွေးနုတ်ဖိုးကြောင့်ရရှိတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
သတိရအောက်မေ့ပွဲက ရွေးနုတ်ဖိုးကြောင့်ရရှိတဲ့ အနာဂတ်ကောင်းချီးတွေအကြောင်း ပြန်ပြောင်းစဥ်းစားစေတယ်။ အဲဒီထဲမှာ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်လည်း ပါတယ်။ ယေဟောဝါက လူသားတွေကို သေဖို့ရည်ရွယ်ချက်နဲ့ ဖန်ဆင်းခဲ့တာမဟုတ်ပါဘူး။ အဲဒါကြောင့်လည်း ချစ်ရတဲ့သူတစ်ဦးသေဆုံးတဲ့အခါ အလွန်အမင်း ဝမ်းနည်းပူဆွေးကြတာဖြစ်တယ်။ (၁ ကော. ၁၅:၂၆) လာဇရုသေဆုံးသွားလို့ တပည့်တွေ ငိုကြွေးနေတာကို ယေရှုမြင်တဲ့အခါ စိတ်ထိခိုက်ဝမ်းနည်းခဲ့တယ်။ (ယော. ၁၁:၃၃-၃၅) ယေရှုက သူ့ဖခင်ကို အပြည့်အဝတုပသူဖြစ်တယ်။ ဒါကြောင့် ချစ်ရတဲ့သူတွေသေဆုံးသွားလို့ ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးနေတာကို ယေဟောဝါဘုရား မြင်တဲ့အခါ စိတ်ထိခိုက်မယ်ဆိုတာ သေချာပါတယ်။ (ယော. ၁၄:၇) ယေဟောဝါက မိမိ ကျေးကျွန်တွေကို ရှင်ပြန်ထမြောက်ပေးရမယ့်အချိန်ကို စိတ်အားကြီးစွာ စောင့်မျှော်နေတယ်။ ကျွန်ုပ်တို့လည်း အဲဒီလို စောင့်မျှော်နေသင့်ပါတယ်။—ယောဘ ၁၄:၁၄၊ ၁၅။
ယေဟောဝါက စည်းစနစ်ကျတဲ့ ဘုရားဖြစ်တာကြောင့် လူသေတွေကို စနစ်တကျ ရှင်ပြန်ထမြောက်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) စျာပနအခမ်းအနားတွေအစား ရှင်ပြန်ထမြောက်လာသူတွေကို ကြိုဆိုမယ့်အစီအစဥ်တွေပဲ ရှိမှာဖြစ်တယ်။ ဒါကြောင့် ဝမ်းနည်းပူဆွေးနေချိန်မှာ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း တွေးတောသလား။ (၂ ကော. ၄:၁၇၊ ၁၈) ရွေးနုတ်ဖိုးပြင်ဆင်ပေးတဲ့အတွက်၊ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ကျမ်းစာမှာဖော်ပြပေးတဲ့အတွက် ယေဟောဝါဘုရားကို သင် ကျေးဇူးတင်ပါသလား။ —ကော. ၃:၁၅။
-
ကမ္ဘာသစ်မှာ ကိုယ်အတွေ့ချင်ဆုံး အမြင်ချင်ဆုံး ဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းတွေက ဘယ်သူတွေလဲ။
-
ကမ္ဘာသစ်မှာ သင် စကားအပြောချင်ဆုံး ကျမ်းစာဇာတ်ကောင်တွေက ဘယ်သူတွေလဲ။