သံလွင်ပင် ပုံဥပမာ
သံလွင်ပင်ရဲ့ အစိတ်အပိုင်း အမျိုးမျိုးက ဘာကို ပုံဆောင်သလဲ။
-
အပင်– အာဗြဟံပဋိညာဉ်နဲ့ပတ်သက်တဲ့ ဘုရားသခင့် ရည်ရွယ်ချက် ပြည့်စုံမှု
-
ပင်စည်– အာဗြဟံမျိုးနွယ်ရဲ့ အဓိကအပိုင်းဖြစ်တဲ့ ယေရှု
-
အကိုင်းအခက်တွေ– အာဗြဟံမျိုးနွယ်ရဲ့ ဒုတိယအပိုင်းမှာ ပါဝင်သူတွေရဲ့ အရေအတွက် အပြည့်အစုံ
-
“ခုတ်ဖြတ်” ခံရတဲ့ အကိုင်းတွေ– ယေရှုကို ငြင်းပယ်တဲ့ ဇာတိဂျူးများ
-
“ကိုင်းဆက်” ခံရသူတွေ– လူမျိုးခြားတွေထဲက ရွေးချယ်ထားတဲ့ ဘိသိက်ခံခရစ်ယာန်များ
ကြိုဟောထားတဲ့အတိုင်း အာဗြဟံရဲ့ မျိုးနွယ်ဖြစ်တဲ့ ယေရှုနဲ့ ၁၄၄,၀၀၀ ကြောင့် “လူမျိုးအားလုံး” ကောင်းချီးခံစားရပါလိမ့်မယ်။—ရ ၁၁:၁၂။ က ၂၂:၁၈
အာဗြဟံရဲ့ မျိုးနွယ်နဲ့ပတ်သက်တဲ့ ဘုရားသခင့် ရည်ရွယ်ချက်ကို ပြည့်စုံစေတဲ့ နည်းလမ်းကနေ ယေဟောဝါအကြောင်း ငါ ဘာ သင်ယူသိရှိရသလဲ