ခရစ်ယာန်အသက်တာလမ်းစဉ်
“မိဘကို ရိုသေပါ”
ယေရှု ကမ္ဘာပေါ်ရှိတုန်းက “မိဘကို ရိုသေပါ” ဆိုတဲ့ ပညတ်ကို အလေးပေး ပြောခဲ့တယ်။ (ထွ ၂၀:၁၂။ မ ၁၅:၄) ယေရှု အဲဒီလိုပြောနိုင်တာက လူငယ်ဘဝမှာ “မိဘစကားကို အမြဲနာခံ” ခဲ့လို့ပဲ။ (လု ၂:၅၁) မသေခင်အချိန်မှာတောင် မိခင်ကို စောင့်ရှောက်ဖို့ အသေအချာ စီစဉ်ပေးခဲ့တယ်။—ယဟ ၁၉:၂၆၊ ၂၇။
ဒီနေ့ခေတ် ခရစ်ယာန်လူငယ်တွေလည်း မိဘစကား နားထောင်ပြီး၊ လေးလေးစားစား ပြောဆိုခြင်းဖြင့် မိဘကို ရိုသေကြောင်း ပြနေကြတယ်။ ဘယ်အသက်အရွယ် အထိပဲ မိဘကိုရိုသေပါ ဆိုတဲ့ ကန့်သတ်ချက် မရှိဘူး။ မိဘတွေ အသက်အရွယ်ကြီးပြီး အိုမင်းလာရင်တောင် သူတို့ဆီက အကြံဉာဏ်ကောင်းတွေအတွက် ဆက်ပြီး ရိုသေလေးစား သင့်တယ်။ (ပ ၂၃:၂၂) အသက်အရွယ်ကြီးလာတဲ့ မိဘတွေကို စိတ်ပိုင်းနဲ့ ငွေကြေးပိုင်း လိုအပ်သလို ထောက်ပံ့ပေးပြီး ရိုသေကြောင်း ပြနိုင်တယ်။ (၁တိ ၅:၈) လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ မိဘတွေနဲ့ ဆက်ဆံရေးကောင်းရှိတာက သူတို့ကို ရိုသေလေးစားကြောင်း တင်ပြတဲ့ အဓိကနည်းပဲ။
မိဘတွေနဲ့ ဘယ်လို စကားပြောနိုင်သလဲ ကာတွန်းသရုပ်ဖော် ဗီဒီယိုကိုကြည့်ပြီး အောက်ပါ မေးခွန်းတွေကို ဖြေပါ–
-
မိဘတွေနဲ့ စကားပြောဖို့ ဘာကြောင့် ခက်ရတာလဲ။
-
မိဘတွေနဲ့ စကားပြောချိန်မှာ သူတို့ကို လေးစားကြောင်း ဘယ်လိုပြမလဲ။
-
မိဘတွေနဲ့ စကားပြောဆိုတာ ဘာကြောင့် အကျိုးရှိသလဲ။ (ပ ၁၅:၂၂)