“ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”
ကျမ်းစာခေတ်က အောင်မြင်တဲ့ တံငါသည်တွေဟာ စိတ်ရှည်ကြတယ်၊ အလုပ်ကြိုးစားကြတယ်၊ ငါးများများ ဖမ်းမိဖို့ဆိုရင် ဘယ်အခက်အခဲကိုမဆို ကြံ့ကြံ့ခံတတ်တဲ့ စိတ်ဓာတ်ရှိတယ်။ (က၁၂ ၈/၁ ၁၈-၂၀) အဲဒီလို အရည်အသွေးတွေက ပေတရုကို အောင်မြင်တဲ့ တံငါသည် ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ပေတရုဟာ ဘဝမှာ တံငါအလုပ်ကို ဦးစားထားမလား၊ ယေရှုရဲ့နောက်လိုက်တွေကို ဘုရားရေးရာမှာ ကူညီပေးတဲ့အလုပ်ကို ဦးစားထားမလားဆိုတာ ဆုံးဖြတ်ခဲ့ရတယ်။
ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ ဘယ်ပြုပြင်ပြောင်းလဲမှုတွေ သင် လုပ်ခဲ့သလဲ