ခရစ်ယာန်အသက်တာလမ်းစဉ်
အချစ်စစ်၊ အချစ်မှန်ဆိုတာ ဘာလဲ
ယေဟောဝါက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ပေါင်းဖက်တဲ့ အိမ်ထောင်ကို ထာဝရ တည်စေလိုတယ်။ (က ၂:၂၂-၂၄) အိမ်ထောင်ရေး ဖောက်ပြန်မှပဲ ကွာရှင်းခွင့်ရှိတယ်။ (မလ ၂:၁၆။ မ ၁၉:၉) ယေဟောဝါက အိမ်ထောင်ကို သာယာစေချင်တဲ့အတွက် အိမ်ထောင်ဖက်ကို ပညာရှိရှိ ရွေးဖို့နဲ့ သာယာတဲ့ အိမ်ထောင်ဆက်ဖြစ်ဖို့ လမ်းညွှန်ချက်တွေ ပေးထားတယ်။—ဒေ ၅:၄-၆။
အချစ်စစ်၊ အချစ်မှန်ဆိုတာ ဘာလဲ ဗီဒီယိုကြည့်ပြီး မေးခွန်းတွေ ဖြေပါ–
-
သမီးဖြစ်သူ လဇ်ကို မိဘတွေပေးတဲ့ ဆုံးမမှုဟာ ဘာကြောင့် ပညာလည်းရှိ၊ မေတ္တာလည်း ပါသလဲ။
-
ကိုယ်လက်ထပ်မယ့်သူကို ပြုပြင်ပေးနိုင်ပါတယ်လို့ ယူမှတ်တာ ဘာကြောင့် ပညာမဲ့သလဲ။
-
ပေါနဲ့ ပရီစယ်လာက လဇ်ကို ဘယ်ပညာရှိ အကြံဉာဏ်ပေးသလဲ။
-
ဇက်နဲ့ မေဂန်ရဲ့ အိမ်ထောင်ရေး ဘာကြောင့် ပြဿနာတက်တာလဲ။
-
ဂျွန်နဲ့ လဇ်မှာ ဘယ်လို ဘုရားရေးရာ ပန်းတိုင်တွေ ရှိသလဲ။
-
ကိုယ်လက်ထပ်မယ့်သူရဲ့ “စိတ်ထား” ကို လက်မထပ်ခင် ဘာကြောင့် သိထားသင့်သလဲ။ (၁ပ ၃:၄)
-
အချစ်စစ် အချစ်မှန်ဆိုတာ ဘာလဲ။ (၁က ၁၃:၄-၈)