ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ရပ်ကွက်ရှိ လူတိုင်းဆီ ရောက်ရှိစေဖို့
ဘာကြောင့် အရေးကြီး– သတင်းကောင်းကို ဘာသာစကား အမျိုးမျိုးပြောတဲ့ လူတွေ လက်ခံမယ်လို့ ဇာခရိ ကြိုဟောခဲ့တယ်။ (ဇာ ၈:၂၃) သူတို့ကို ဘယ်သူ သင်ပေးမလဲ။ (ရ ၁၀:၁၃-၁၅) ရပ်ကွက်ရှိ လူတိုင်းဆီ သတင်းကောင်း သွားပြောဖို့ ကျွန်တော်တို့ အခွင့်အရေးရထားပြီး တာဝန်လည်း ရှိတယ်။ —od ၈၄ ပိုဒ်. ၁၀-၁၁။
လုပ်ဆောင်နိုင်ရာ–
-
ပြင်ဆင်ပါ။ ဘာသာခြားစကား ပြောသူတွေနဲ့ တွေ့ရသလား။ JW Language app ကိုသုံးပြီး သူတို့စကားနဲ့ တင်ဆက်တတ်ဖို့ သင်ယူထားပါ။ ဖုန်း၊ တက်ဘလက်ကို သုံးပြီး jw.org ကနေ သူ့စကားနဲ့ လေ့လာနိုင်ပုံကို ပြပေးပါ။
-
မျက်စိရှင်ပါ။ တစ်အိမ်မှတစ်အိမ် အမှုဆောင်နေရင်း လမ်းသွားလမ်းလာ၊ ကားထဲထိုင်နေသူတွေကို သက်သေခံခွင့်ရရင် ဟောပြောပါ။ လူထုရှေ့သက်သေခံခြင်းမှာ ပါဝင်နေရင် သက်သေခံဖို့ ရည်ရွယ်ချက်ကို မမေ့ပါနဲ့။
-
လုံ့လရှိပါ။ လူမတွေ့တဲ့အိမ်တွေကို ပြန်သွားဖို့ ကြိုးစားပါ။ အချိန်ပြောင်း၊ နေ့ရက်ပြောင်းပြီး ပြန်သွားကြည့်ပါ။ အိမ်ရှင်တချို့ကို စာရေးနိုင်၊ ဖုန်းဆက်နိုင်၊ လမ်းပေါ်သက်သေခံတဲ့အခါ တွေ့နိုင်တယ်။
-
ဆက်လိုက်ပေးပါ။ စိတ်ဝင်စားသူဆီကို ချက်ချင်း ပြန်သွားပါ။ သူက ဘာသာခြားစကား ပြောတယ်ဆိုရင် သူ့စကားတတ်တဲ့သူနဲ့ ချိတ်ပေးပါ။ အချိတ်အဆက် မရမချင်း သူ့ကို ဆက်ကူညီပေးနေပါ။—od ၉၄-၉၅ ပိုဒ်. ၃၉-၄၀
“ကမ္ဘာမြေ အစွန်အဖျားအထိ” ဟောပြောပါ ဗီဒီယိုကြည့်ပြီး မေးခွန်းတွေ ဆွေးနွေးပါ–
-
ဝေးလံတဲ့ရပ်ကွက်ဆီ သွားဟောဖို့ ညီအစ်ကို၊ ညီအစ်မတွေ ဘယ်လို ပြင်ဆင်ကြသလဲ။ (၁က ၉:၂၂၊ ၂၃)
-
ဘယ်အခက်အခဲတွေကို ကျော်လွှားခဲ့ရသလဲ။
-
ဘာကောင်းချီးတွေ ရခဲ့သလဲ။
-
သင့်ရပ်ကွက်မှာ လူများများကို ဟောပြောဖို့ ဘယ်လို ကြိုးစားနိုင်သလဲ။