ခရစ်ယာန်အသက်တာလမ်းစဉ်
ခရစ်တော်ရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ပါ
ယေရှုဟာ အထူးသဖြင့် ကျွန်တော်တို့ စမ်းသပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု ခံရချိန်မှာ လိုက်လျှောက်ဖို့ စံနမူနာတစ်ခု ထားခဲ့တယ်။ (၁ပ ၂:၂၁-၂၃) စော်ကားခံရတဲ့အခါ၊ ဆင်းရဲဒုက္ခခံရတဲ့အခါမှာတောင် လက်တုံ့မပြန်ခဲ့ဘူး။ (မာ ၁၅:၂၉-၃၂) ခံရပ်နိုင်ဖို့ သူ့ကို ဘာက ကူညီပေးခဲ့သလဲ။ ယေဟောဝါရဲ့ အလိုဆန္ဒအတိုင်း လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားလို့ပဲ။ (ယဟ ၆:၃၈) “ရှေ့မှာရှိတဲ့ ဝမ်းမြောက်စရာအကြောင်း” ကိုလည်း သူ အာရုံစိုက်ခဲ့တယ်။—ဟီ ၁၂:၂။
ယုံကြည်ခြင်းကြောင့် မတော်မတရား ဆက်ဆံခံရရင် ဘယ်လို တုံ့ပြန်ကြမလဲ။ ခရစ်ယာန်စစ်တွေဟာ “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်” ကြဘူး။ (ရ ၁၂:၁၄၊ ၁၇) ဆင်းရဲဒုက္ခခံရတဲ့အခါ ခရစ်တော် ခံရပ်ခဲ့တဲ့ နည်းကို အတုယူမယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်မှုရရှိလို့ ဝမ်းမြောက်နိုင်ပါတယ်။—မ ၅:၁၀-၁၂။ ၁ပ ၄:၁၂-၁၄။
ယေဟောဝါရဲ့နာမတော်ကသာ အရေးအကြီးဆုံးပါပဲ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ညီအစ်မ ပေါ့ဇင်ဂါဟာ တစ်ယောက်တည်း သီးခြားထောင်ချခံရတဲ့အခါ အချိန်ကို ပညာရှိရှိ ဘယ်လိုအသုံးပြုခဲ့သလဲ။
-
ညီအစ်ကိုနဲ့ ညီအစ်မ ပေါ့ဇင်ဂါဟာ ချွေးတပ်စခန်းတွေမှာ ဘယ်လိုဆင်းရဲဒုက္ခတွေကို ခံခဲ့ရသလဲ။
-
ခံရပ်နိုင်ဖို့ သူတို့ကို ဘာက ကူညီပေးခဲ့သလဲ။