ခရစ်ယာန်အသက်တာလမ်းစဉ်
ဖန်ဆင်းထားရာတွေက ရဲစွမ်းသတ္တိအကြောင်း ဘာသင်ပေးသလဲ
ယေဟောဝါဟာ ကျမ်းစာမှာပါတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ စံနမူနာအားဖြင့် ဘုရားရေးရာ အရည်အသွေးတွေ ဘယ်လို ပြရမယ်ဆိုတာ သင်ပေးတယ်။ ကိုယ်တော် ဖန်ဆင်းထားရာတွေကလည်း ကျွန်တော်တို့ကို အရေးကြီးတဲ့ သင်ခန်းစာတွေ သင်ပေးတယ်။ (ယဘ ၁၂:၇၊ ၈) ခြင်္သေ့၊ မြင်း၊ မြွေပါ၊ ငှက်ပိတုန်း၊ ဆင်တွေဆီကနေ ရဲစွမ်းသတ္တိအကြောင်း ဘာသင်ယူနိုင်သလဲ။
ဖန်ဆင်းထားရာတွေကနေ ရဲစွမ်းသတ္တိ သင်ယူပါ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ခြင်္သေ့မတွေဟာ ခြင်္သေ့ပေါက်လေးတွေကို ကာကွယ်ရာမှာ ရဲစွမ်းသတ္တိ ဘယ်လို ပြသလဲ။
-
စစ်ပွဲတွေမှာ ရဲစွမ်းသတ္တိရှိဖို့ မြင်းတွေကို ဘယ်လို လေ့ကျင့်ပေးသလဲ။
-
မြွေပါတွေဟာ အဆိပ်ပြင်းတဲ့ မြွေတွေကို ဘာကြောင့် မကြောက်သလဲ။
-
ငှက်ပိတုန်းလေးတွေဟာ ရဲစွမ်းသတ္တိရှိကြောင်း ဘယ်လို ပြသလဲ။
-
ဆင်တွေဟာ ဆင်အုပ်ထဲမှာ ရှိတဲ့ တခြားဆင်တွေကို ရဲစွမ်းသတ္တိရှိရှိ ဘယ်လို ကာကွယ်ပေးသလဲ။
-
အဲဒီတိရစ္ဆာန်တွေဆီကနေ ရဲစွမ်းသတ္တိအကြောင်း ဘာသင်ယူရသလဲ။