မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၅-၂၁

ဆာလံ ၆၃-၆၅

ဇူလိုင် ၁၅-၂၁

သီချင်း ၁၀၈ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ “ခိုင်မြဲတဲ့မေတ္တာဟာ အသက်ထက် ကောင်းမြတ်”

(၁၀ မိ.)

ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အသက်ထက် ကောင်းမြတ် (ဆ ၆၃:၃က၀၁ ၁၀/၁၅ ၁၅-၁၆ ပိုဒ်. ၁၇-၁၈)

ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားကို ပိုကျေးဇူးတင်လာ (ဆ ၆၃:၆ က၁၉.၁၂ ၂၈ ပိုဒ်. ၄ က၁၅ ၁၀/၁၅ ၂၄ ပိုဒ်. ၇)

ဘုရားရဲ့ခိုင်မြဲတဲ့မေတ္တာကို ကျေးဇူးတင်လေးမြတ်စိတ်က ဘုရားကို ဝမ်းသာအားရ ချီးမွမ်းဖို့ လှုံ့ဆော်ပေး (ဆ ၆၃:၄၊ ၅က၀၉ ၇/၁၅ ၁၆ ပိုဒ်. ၆)

မိသားစုဝတ်ပြုမှုမှာ လုပ်ဆောင်နိုင်ရာ– ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာ ခံစားခဲ့ရပုံကို ဆွေးနွေးပါ။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၆၄:၃—တည်ဆောက်မှုဖြစ်စေတဲ့ စကားပြောဖို့ ဒီကျမ်းပိုဒ်က ဘယ်လို ကူညီပေးသလဲ။ (က၀၇ ၁၁/၁၅ ၁၅ ပိုဒ်. ၆)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၂ မိ.) တစ်အိမ်မှတစ်အိမ်။ ဘာသာစကားမတူတဲ့ အိမ်ရှင်နဲ့ တွေ့ဆုံတဲ့အခါ။ (lmd သင်ခန်းစာ ၃ အချက် ၄)

၅။ စကားစမြည် စပြောခြင်း

(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ သက်သေခံခွင့်မရခင် စကားဆက်ပြတ်သွား။ (lmd သင်ခန်းစာ ၂ အချက် ၄)

၆။ စကားစမြည် စပြောခြင်း

(၃ မိ.) လူအများရှေ့ သက်သေခံခြင်း။ သူစိတ်ဝင်စားတဲ့ အကြောင်းအရာကို သိအောင်လုပ်ပါ။ သူနဲ့ဆက်သွယ်ဖို့ စီစဉ်ပါ။ (lmd သင်ခန်းစာ ၁ အချက် ၅)

၇။ ကိုယ့်ယုံကြည်ချက်ကို ရှင်းပြခြင်း

(၄ မိ.) သရုပ်ပြ။ ijwfq ၅၁—အဓိကအကြောင်း– “စိတ်မဝင်စားဘူး” လို့ပြောတဲ့သူတွေဆီ ယေဟောဝါသက်သေတွေ ဘာကြောင့် ပြန်သွားကြတာလဲ။ (lmd သင်ခန်းစာ ၄ အချက် ၃)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၅၄

၈။ ဘုရားသခင်ကို ချစ်ကြောင်း ပြနိုင်ပုံ

(၁၅ မိ.) ဆွေးနွေးပါ။

ယေဟောဝါဟာ “ခိုင်မြဲတဲ့မေတ္တာ . . . ကြီးမားတဲ့ ဘုရားပါ။” (ဆ ၈၆:၁၅) “ခိုင်မြဲတဲ့မေတ္တာ” ဆိုတာ ကတိသစ္စာ၊ သမာဓိ၊ သစ္စာစောင့်သိမှု၊ နက်ရှိုင်းတဲ့သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ မေတ္တာကို ဆိုလိုတယ်။ ယေဟောဝါဟာ လူအားလုံးကို မေတ္တာပြတဲ့ဘုရားဖြစ်ပေမဲ့ မိမိရဲ့ကျေးကျွန်တွေ၊ မိမိနဲ့ အထူးဆက်ဆံရေး ရှိသူတွေကိုပဲ “ခိုင်မြဲတဲ့မေတ္တာ” ပြတယ်။ (ဆ ၃၃:၁၈။ ၆၃:၃။ ယဟ ၃:၁၆။ တ ၁၄:၁၇) ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာကို လေးမြတ်တန်ဖိုးထားကြောင်း ပြနိုင်တဲ့နည်းက ဘုရားသခင်ကို ချစ်ခြင်းပါပဲ။ ဒါဆို ဘုရားကို ချစ်ကြောင်း ဘယ်လိုတင်ပြမလဲ။ “တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ” ဆိုတဲ့အမိန့် အပါအဝင် ဘုရားပညတ်တွေကို နာခံခြင်းအားဖြင့်ပါ။—မ ၂၈:၁၉။ ၁ယ ၅:၃

အမှုဆောင်လုပ်ငန်းမှာ အစဉ်တည်တဲ့မေတ္တာ ပြပါ ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကိုမေးပါ။

အောက်ပါအခြေအနေတွေမှာ သတင်းကောင်းဝေမျှဖို့ မေတ္တာက ဘယ်လို လှုံ့ဆော်ပေးသလဲ။

  • ပင်ပန်းနေတဲ့အချိန်။

  • ဆန့်ကျင်မှု ကြုံရချိန်။

  • နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တော့မယ့်အချိန်။

၉။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၇၉ နဲ့ ဆုတောင်းချက်