မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ရှမွေလဆီက ရတဲ့ သင်ခန်းစာများ

ရှမွေလဆီက ရတဲ့ သင်ခန်းစာများ

ရှမွေလဟာ ယေဟောဝါ​ကို တစ်သက်လုံး သစ္စာ​ရှိခဲ့တယ်။ ကလေး​ဘဝမှာ ဧလိ​ရဲ့​ သား ဟော​ဖနိ​နဲ့ ဖိ​န​ဟ​တ်​လို အကျင့်​မပျက်​ခဲ့​ဘူး။ (၁ရှ ၂:၂၂-၂၆) ကြီးပြင်း​လာချိန်​မှာ ရှမွေလ​နဲ့​အတူ ယေဟောဝါ ရှိခဲ့တယ်။ (၁ရှ ၃:၁၉) ရှမွေလရဲ့ သားတွေ​က ယေဟောဝါ လမ်းစဉ်​အတိုင်း မလိုက်လျှောက်​ကြ​ပေမဲ့ ရှမွေလ​က​တော့ အိုမင်း​ချိန်​အထိ လိုက်လျှောက်​ခဲ့တယ်။—၁ရှ ၈:၁-၅

ရှမွေလရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ သင်ဟာ လူငယ်​တစ်ယောက် ဖြစ်​မယ်​ဆိုရင် သင့်ရဲ့ အခက်အခဲ​တွေ၊ ခံစားချက်​တွေ​ကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချ​ပါ။ ရဲစွမ်းသတ္တိ​ ရှိအောင် ဘုရား ကူညီ​ပေး​နိုင်တယ်။ (ရှာ ၄၁:၁၀၊ ၁၃) ယေဟောဝါ​ကို စွန့်ခွာ​သွားတဲ့ သားသမီး​ ရှိတဲ့ မိဘ ဖြစ်​မယ်​ဆိုရင် ရှမွေလဟာ အရွယ်​ရောက်နေတဲ့ သားတွေကို ယေဟောဝါရဲ့ စံနှုန်း​အတိုင်း​ လိုက်​ဖို့ အတင်း​ဖိအား မပေးခဲ့​ဘူး ဆို​တဲ့ အချက်​ကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။ ရှမွေလဟာ ကိစ္စရပ်​ကို ယေဟောဝါ လက်ထဲ​ အပ်​ခဲ့တယ်။ တစ်ချိန်တည်း​မှာ ကိုယ်တိုင် သမာဓိ စောင့်သိ​ပြီး ကောင်းကင်ဘုံ​စံ ဖခင် ယေဟောဝါ ကြိုက်​နှစ်သက်တာကို ဆက်လုပ်​နေခဲ့တယ်။ ကိုယ့်ရဲ့ ပုံသက်သေ​ကောင်း​ကြောင့် သားသမီးတွေ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​နိုင်​ပါ​တယ်။

သူတို့ဆီကနေ သင်ယူပါ—ရှမွေလ ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • လူငယ်​ ရှမွေလဟာ ရဲစွမ်းသတ္တိ​ ရှိကြောင်း ဘယ်လို ပြ​ခဲ့​သလဲ။

  • ဒန်​နီ​ဟာ ရဲစွမ်းသတ္တိ​ ရှိကြောင်း ဘယ်လို ပြ​ခဲ့​သလဲ။

  • အသက်ကြီး​နေတဲ့ ရှမွေလဟာ ဘယ်​စံနမူနာ​ကောင်း ပြ​ခဲ့​သလဲ။

  • မှန်ရာကို စွဲစွဲမြဲမြဲ လုပ်ဆောင်နေ​သူတွေကို ယေဟောဝါ ထောက်မ

    ဒန်​နီ​ရဲ့ မိဘတွေဟာ ဘယ်​စံနမူနာ​ကောင်း ပြ​ခဲ့​သလဲ။