မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား

သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား

ဟေရှာယ ကြို​ဟောခဲ့​သလိုပဲ ယေဟောဝါ​အဖွဲ့အစည်း​ရဲ့ မြေကြီးဆိုင်ရာ​အပိုင်း​ဟာ အဆက်မပြတ် တိုးတက်​နေတယ်။ (ရှာ ၅၄:၂) အဲဒါ​ကြောင့် နိုင်ငံတော်​ခန်းမ​အသစ်တွေ၊ စည်းဝေးပွဲ​ခန်းမ​တွေ၊ ဌာနခွဲ​ အဆောက်အဦ​တွေ လိုအပ်​လာတယ်။ ဆောက်လုပ်​ပြီးသွား​တဲ့​အခါမှာလည်း အဲဒီ​အဆောက်အဦ​တွေ​ကို ထိန်းသိမ်းဖို့ လိုတယ်။ တချို့​ကို​တော့ ပြန်​ပြုပြင်​မွမ်းမံ​ဖို့ လိုတယ်။ အဲဒါ​ကြောင့် ကျွန်တော်​တို့​ရဲ့ အချိန်နဲ့ ခွန်အား​ကို ယေဟောဝါ​အတွက် လှူဒါန်း​ဖို့ ဘာ​အခွင့်အရေးတွေ ရလာ​သလဲ။

  • နိုင်ငံတော်​ခန်းမ​မှာ ကိုယ့်​အုပ်စု သန့်ရှင်းရေး​ကျ​တဲ့​အခါ ပါဝင်​နိုင်တယ်

  • နိုင်ငံတော်​ခန်းမ ပြုပြင်​ထိန်းသိမ်းရေး​အတွက် လေ့ကျင့်ပေး​တဲ့​အခါ ပါဝင်​နိုင်တယ်

  • ကိုယ့်​အိမ်နဲ့​ နီး​တဲ့ ဆောက်လုပ်ရေး၊ ပြုပြင်​ထိန်းသိမ်းရေး စီမံကိန်း​တွေ​မှာ အခါ​အား​လျော်​စွာ ပါဝင်​ဖို့ ဒေသ​ဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့​ဝန်ထမ်း လျှောက်လွှာ (DC-50) ဖြည့်​နိုင်​ပါ​တယ်

  • ယာယီ​စေတနာ့​ဝန်ထမ်း​အစီအစဉ်​အတွက် လျှောက်လွှာ (A-19) ကို ဖြည့်​ပြီး ဌာနခွဲ​မှာ ဒါမှ​မဟုတ် ဌာနခွဲ​ပိုင် တခြား​အဆောက်အဦ​တွေ​မှာ တစ်ပတ် ဒါမှ​မဟုတ် အဲဒီထက်မက စေတနာ့​ဝန်ထမ်း​နိုင်​ပါ​တယ်

ဆောက်လုပ်ရေး စီမံကိန်း​အသစ်​တစ်ခု စီစဉ်​နေ—ကောက်နုတ်​ချက် ဗီဒီယိုကို ကြည့်​ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ၂၀၁၄ ခုနှစ်​က စပြီး ဗီဒီယိုတွေကို ဘယ်လို ပို​အသုံးပြု​လာသလဲ။

  • ဗီဒီယိုတွေ ထုတ်လုပ်ဖို့ ပို​လိုအပ်​တဲ့​အတွက် ဘယ်​စီမံကိန်း​ကို စီစဉ်​ခဲ့​သလဲ။ ဘယ်​အချိန်​မှာ​စပြီး ဘယ်​အချိန်​မှာ ပြီး​မလဲ။

  • ဒီ​စီမံကိန်း​ကို စေတနာ့​ဝန်ထမ်း​တွေ ဘယ်လို ကူညီ​နိုင်​သလဲ။

  • ရာ​မာ​ပို​ ဆောက်လုပ်ရေး​မှာ ပါဝင်​ချင်​တယ်​ဆိုရင် ဘာကြောင့် လျှောက်လွှာ (DC-50) ဖြည့်​ပြီး ကိုယ့်​အိမ်နဲ့​ နီး​တဲ့ ဒေသ​ဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စီမံကိန်း​တွေ​မှာ ကူညီ​သင့်သလဲ။

  • ဒီ​စီမံကိန်း​ကို ယေဟောဝါ လမ်းညွှန်​နေတယ်​ဆိုတာ ဘယ်လို ရှင်းရှင်းလင်းလင်း သိရသလဲ။

  • ဒီ​ဆောက်လုပ်ရေး စီမံကိန်း​မှာ ကိုယ်တိုင်​ မပါဝင်နိုင်​ပေမဲ့ ဘယ်လို ကူညီ​ထောက်ပံ့​နိုင်​သလဲ။