ခရစ်ယာန်အသက်တာလမ်းစဉ်
ဒီအရာတွေကို “အမြဲ ဆင်ခြင်သုံးသပ်နေကြပါ”
ဘယ်အရာတွေကိုလဲ။ မှန်ကန်တဲ့အရာ၊ အလေးအနက်ထားရမယ့်အရာ၊ ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ၊ မေတ္တာတိုးစေတဲ့အရာ၊ အားပေးမှုဖြစ်စေတဲ့အရာ၊ မွန်မြတ်တဲ့အရာ၊ ချီးမွမ်းထိုက်တဲ့အရာတွေကို ဆင်ခြင်သုံးသပ်နေဖို့ ဖိလိပ္ပိ ၄:၈ မှာ ပြောထားတယ်။ ခရစ်ယာန်တွေဟာ တစ်ချိန်လုံး ကျမ်းစာအကြောင်းပဲ စဉ်းစားနေရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားတဲ့အရာက ယေဟောဝါနှစ်သက်တဲ့အရာ ဖြစ်သင့်တယ်။ ဘုရားကို သစ္စာစောင့်သိမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ထိခိုက်စေတဲ့အရာ မဖြစ်သင့်ဘူး။—ဆ ၁၉:၁၄။
မကောင်းတဲ့အတွေးတွေကို ရှောင်ဖို့ ခက်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ မစုံလင်မှုကိုပဲ တိုက်လှန်နေရတာ မဟုတ်ဘူး။ “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်ကိုလည်း တိုက်လှန်နေရတယ်။ (၂က ၄:၄) စာတန်ဟာ ယုတ်ညံ့တဲ့အရာ များစွာပါတဲ့ ရုပ်မြင် သံကြား၊ ရေဒီယို၊ အင်တာနက်၊ စာပေတွေကို ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ စိတ်ထဲ ထည့်နေတဲ့အရာတွေကို သေချာ မရွေးချယ်ဘူးဆိုရင် အတွေးတွေ ဆိုးညစ်လာမယ်၊ နောက်ဆုံးမှာ အကျင့်ဆိုးတွေ ကျင့်မိနိုင်တယ်။—ယာ ၁:၁၄၊ ၁၅။
သစ္စာစောင့်သိမှုကို တဖြည်းဖြည်း တိုက်စားသွားစေတဲ့ အရာတွေကို ရှောင်ပါ—မသင့်တော်တဲ့ အပန်းဖြေမှု ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ညီအစ်ကိုက ဖုန်းထဲကနေ ဘာကို ကြည့်နေသလဲ၊ သူ့ကို ဘယ်လို ထိခိုက်ခဲ့သလဲ။
-
ဂလာတိ ၆:၇၊ ၈ နဲ့ ဆာလံ ၁၁၉:၃၇ ကနေ သူ ဘယ်လို အကူအညီ ရခဲ့သလဲ။