၂ သက်သာလောနိတ် ၂:၁-၁၇

  • ဘုရားတရားမဲ့သူ (၁-၁၂)

  • ခိုင်ခံ့မြဲမြံဖို့ တိုက်တွန်းချက် (၁၃-၁၇)

 ညီအစ်ကိုတို့၊ သခင်ယေရှုခရစ် ရောက်ရှိနေခြင်းအကြောင်း၊+ သခင်နဲ့အတူနေရမယ့်အကြောင်းနဲ့ ပတ်သက်ပြီး+ ခင်ဗျားတို့ကို မှာချင်တာကတော့၊ ၂  ယေဟောဝါ* ရဲ့နေ့+  ရောက်ပြီဆိုတဲ့  သတင်းကြောင့်+ စိတ်လှုပ်ရှားပြီး ခင်ဗျားတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံးသွားတာမျိုး မဖြစ်စေနဲ့။ အဲဒီသတင်းဟာ ဗျာဒိတ်ရပြီး ပြောတာ ဖြစ်နိုင်သလို နှုတ်သတင်းလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဆီက လာပုံပေါက်တဲ့စာလည်း ဖြစ်နိုင်တယ်။ ၃  ခင်ဗျားတို့ကို ဘယ်သူမှ မလှည့်ဖြားပါစေနဲ့။ ဘာလို့လဲဆိုတော့ အဲဒီနေ့ မရောက်ခင်  အယူဖောက်ပြန်ခြင်း+ အရင်ဖြစ်လိမ့်မယ်။ အဲဒီနောက် တရားမဲ့သူ+ တစ်နည်းအားဖြင့် ပျက်စီးခြင်းရဲ့သား+  ပေါ်လာလိမ့်မယ်။ ၄  သူဟာ  ဆန့်ကျင်သူ ဖြစ်ပြီး ဘုရားလို့ အခေါ်ခံတဲ့ပုဂ္ဂိုလ်တွေ၊ လူတွေ ကိုးကွယ်တဲ့အရာတွေရဲ့ အထက်မှာ သူ့ကိုယ်သူ ချီးမြှောက်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ဗိမာန်တော်မှာ ထိုင်ပြီး၊ သူ့ကိုယ်သူ ဘုရားပဲဆိုပြီး လူသိရှင်ကြား ဖော်ပြတယ်။ ၅  ခင်ဗျားတို့နဲ့အတူ ရှိတုန်းက အဲဒီအကြောင်းတွေကို ကျွန်တော် မကြာမကြာ ပြောပြခဲ့တာ သတိမရကြဘူးလား။ ၆  တရားမဲ့သူကို  အချိန်တန်မှပဲ ပေါ်လာအောင် ဘယ်သူ တားဆီးထားတယ်ဆိုတာ ခင်ဗျားတို့ အခုသိနေတာပဲ။ ၇  အဲဒီတရားမဲ့သူရဲ့ ဆိုးညစ်မှုဟာ အခုရှိနေတာ မှန်တယ်၊+ ဒါပေမဲ့ မပေါ်လွင်သေးဘူး။ တားဆီးသူ မရှိတော့တဲ့အချိန်အထိ မထင်မရှား ရှိနေလိမ့်မယ်။ ၈  အဲဒီနောက် တရားမဲ့သူ ပေါ်ကိုပေါ်လာလိမ့်မယ်။ သခင်ယေရှုက မိမိရောက်ရှိနေကြောင်း ထင်ရှားပြတဲ့အချိန်မှာ+ အဲဒီတရားမဲ့သူကို နှုတ်တော်ထွက်စွမ်းအားနဲ့+ ဖျက်ဆီးပစ်လိမ့်မယ်။ ၉  တရားမဲ့သူ ပေါ်လာတာဟာ စာတန်ရဲ့ တန်ခိုးကြောင့်ပဲ။+ တရားမဲ့သူက တန်ခိုးကြီးလုပ်ရပ်တွေ၊ မုသာနဲ့ဆိုင်တဲ့ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြလိမ့်မယ်။+ ၁၀  ဖျက်ဆီးခံရမယ့်လူတွေကို မကောင်းမှုအမျိုးမျိုးနဲ့ လှည့်ဖြားလိမ့်မယ်။+ သူတို့ဖျက်ဆီးခံရတာဟာ ကယ်တင်ခြင်းရစေနိုင်တဲ့ အမှန်တရားကို နှစ်သက်လက်ခံခြင်း မရှိတဲ့အတွက်ပဲ။ ၁၁  ဘုရားသခင်က သူတို့ကို မှားယွင်းတဲ့ သွန်သင်ချက်တွေရဲ့ လှည့်ဖြားမှုခံရအောင် ခွင့်ပြုလိုက်တဲ့အတွက် မုသာစကားတွေကို ယုံကြည်သွားကြတယ်။+ ၁၂  သူတို့တွေ တရားစီရင်ခြင်း ခံရတာဟာ အမှန်တရားကို မယုံကြည်ဘဲ မတရားမှုမှာ ပျော်မွေ့နေကြလို့ပဲ။ ၁၃  ယေဟောဝါ* ချစ်မြတ်နိုးတဲ့ ညီအစ်ကိုတို့၊  ခင်ဗျားတို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဘုရားသခင်က အမှန်တရားကို ယုံကြည်တဲ့ ခင်ဗျားတို့ကို စွမ်းအားတော်နဲ့ စင်ကြယ်စေတဲ့အပြင်+ ခင်ဗျားတို့ကို ကယ်တင်ဖို့ အစကတည်းက ရွေးချယ်တဲ့အတွက်ကြောင့်ပါပဲ။+ ၁၄  ဘုရားသခင်က ကျွန်တော်တို့ ကြေညာတဲ့ သတင်းကောင်းအားဖြင့် ခင်ဗျားတို့ကို ရွေးချယ်ခဲ့တယ်။ သခင်ယေရှုခရစ်ရဲ့ ဘုန်းတော်ကို ခင်ဗျားတို့ ခံစားနိုင်ဖို့ပါ။+ ၁၅  ဒါကြောင့် ညီအစ်ကိုတို့၊  ကြံ့ကြံ့ခံ  ရပ်တည်ကြပါ။+ ကျွန်တော်တို့ ပြောတဲ့ စကားကတစ်ဆင့်ဖြစ်စေ၊ ရေးလိုက်တဲ့ စာကတစ်ဆင့်ဖြစ်စေ ခင်ဗျားတို့ရတဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လိုက်နာကြပါ။+ ၁၆  ဒါ့အပြင်  သခင်ယေရှုခရစ်ရော ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး+ မဟာကရုဏာကတစ်ဆင့် ထာဝရနှစ်သိမ့်မှုနဲ့ တောက်ပတဲ့မျှော်လင့်ချက် ပေးသနားတဲ့+ အဖဘုရားသခင်ကပါ၊ ၁၇  ခင်ဗျားတို့ကို နှစ်သိမ့်ပေးပြီး ခိုင်ခံ့မြဲမြံအောင် လုပ်ပေးပါစေ။ ဒါဆိုရင် ခင်ဗျားတို့ ကောင်းမွန်ရာကို အမြဲပြောဆိုပြီး လုပ်ဆောင်နိုင်ကြလိမ့်မယ်။

အောက်ခြေမှတ်ချက်များ