၂ ရာဇဝင်ချုပ် ၉:၁-၃၁

  • ရှေဘဘုရင်မ ရှောလမုန်ဆီ ရောက်လာ (၁-၁၂)

  • ရှောလမုန်ရဲ့ စည်းစိမ်ချမ်းသာ (၁၃-၂၈)

  • ရှောလမုန် သေဆုံး (၂၉-၃၁)

 ရှေဘဘုရင်မဟာ+ ရှောလမုန်ရဲ့ ဂုဏ်သတင်းကို ကြားသိရတဲ့အခါ ခက်ခဲနက်နဲတဲ့ မေးခွန်းတွေနဲ့ ပညာစမ်းဖို့ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ ဗာလစံဆီမွှေး၊ များပြားလှတဲ့ရွှေတွေ၊+ ကျောက်မျက်ရတနာတွေ တင်လာတဲ့ ကုလားအုတ်တွေနဲ့အတူ အခြွေအရံ အမြောက်အမြားကို ခေါ်ပြီး ရောက်လာတယ်။ ရှောလမုန်ဆီ အခစားဝင်ပြီး သိချင်တာမှန်သမျှ မေးမြန်းတယ်။+ ၂  ရှောလမုန်လည်း သူမေးသမျှကို ဖြေဆိုတယ်။ မဖြေနိုင်တဲ့ မေးခွန်းဆိုလို့ တစ်ခုမှ မရှိဘူး။ ၃  ရှေဘဘုရင်မဟာ ရှောလမုန်ရဲ့ ဉာဏ်ပညာကြီးမားပုံ၊+ တည်ဆောက်ထားတဲ့ နန်းတော်၊+ ၄  ပွဲတော်စာတွေ၊+  မှူးမတ်တွေအတွက်  နေရာထိုင်ခင်းစီစဉ်ပုံ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်တွေနဲ့ သူတို့ဝတ်စားဆင်ယင်ပုံ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာပူဇော်သက္ကာတွေကို+ မြင်လိုက်ရတဲ့အခါ ရင်သပ်ရှုမော ဖြစ်သွားတယ်။ ၅  ဒါကြောင့် ဘုရင်မက “မင်းကြီးရဲ့ အောင်မြင်မှုသတင်း၊ ဉာဏ်ပညာကြီးမားတဲ့သတင်းက ကျွန်မရဲ့ တိုင်းပြည်အထိ ပျံ့နေတယ်။ ဒီသတင်း သိပ်မှန်တာပဲ။ ၆  ဒီကိုလာပြီး မျက်စိနဲ့ တပ်အပ်မမြင်ရခင်က အဲဒီသတင်းကို မယုံခဲ့ဘူး။+ ကြည့်ပါဦး။ ကျွန်မကြားထားတာတွေက အကုန်မဟုတ်သေးပါလား။+ မင်းကြီးရဲ့ ဉာဏ်ပညာ ကြီးမားပုံဟာ  ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား။+ ၇  မင်းကြီးရဲ့လူတွေဟာ  မင်္ဂလာရှိလိုက်တာ။ ရှေ့တော်မှာ အမြဲခစားပြီး မင်းကြီးရဲ့ ဉာဏ်ပညာစကားကို ကြားနာရတဲ့ အမှုထမ်းတွေလည်း မင်္ဂလာရှိလိုက်တာ။ ၈  မင်းကြီးကိုးကွယ်တဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြပါစေ။ မင်းကြီးရဲ့ဘုရား ယေဟောဝါက မင်းကြီးကို ချစ်မြတ်နိုးပြီး မိမိကိုယ်စား အုပ်စိုးဖို့ ရာဇပလ္လင်ပေါ် နန်းထိုင်စေတယ်။ ဘုရားသခင်က အစ္စရေးတွေကို ချစ်ပြီး+ ထာဝစဉ်တည်ရှိစေချင်တဲ့အတွက် သူတို့ကို တရားမျှတစွာ၊ ဖြောင့်မတ်စွာ အုပ်ချုပ်ဖို့ မင်းကြီးကို မင်းမြှောက်ခဲ့ပြီ” လို့ပြောတယ်။ ၉  အဲဒီနောက်  ရှေဘဘုရင်မက ရှောလမုန်မင်းကြီးကို  ရွှေအချိန်+ ၁၂၀ တဲလင့်၊* ဗာလစံဆီမွှေး အမြောက်အမြားနဲ့ ကျောက်မျက်ရတနာတွေ ဆက်သတယ်။ သူဆက်သတဲ့ ဗာလစံဆီမွှေးပမာဏလောက်  များတာမျိုး တစ်ခါမှ ထပ်ရောက်မလာတော့ဘူး။+ ၁၀  ဒါ့အပြင် ဟိရံမင်းရဲ့ အမှုထမ်းတွေနဲ့ ရှောလမုန်ရဲ့အမှုထမ်းတွေက သြဖိရအရပ်က ရွှေတွေအပြင်+ စန္ဒကူးသားတွေ၊ ကျောက်မျက်ရတနာတွေကိုလည်း သယ်ဆောင်လာတယ်။+ ၁၁  မင်းကြီးက  ယေဟောဝါရဲ့အိမ်တော် လှေကားတွေ၊+ နန်းတော်+ လှေကားတွေ၊ သီချင်းသည်အတွက် စောင်းတွေ၊ ကြိုးတပ်တူရိယာတွေကို+ စန္ဒကူးသားနဲ့ လုပ်တယ်။ အဲဒီလိုစန္ဒကူးသားမျိုး ယုဒပြည်မှာ တစ်ခါမှ မတွေ့ဖူးဘူး။ ၁၂  ရှောလမုန်မင်းကြီးက ရှေဘဘုရင်မ လိုချင်သမျှ၊ တောင်းသမျှကို ပေးတယ်။ သူယူလာပေးတဲ့ လက်ဆောင်ထက်တောင် များသေးတယ်။ အဲဒီနောက် ဘုရင်မဟာ အခြွေအရံတွေနဲ့အတူ နေရင်းပြည်ကို ပြန်သွားတယ်။+ ၁၃  နှစ်စဉ် ရှောလမုန်ကိုဆက်သတဲ့ ရွှေအလေးချိန်ကတော့ ၆၆၆ တဲလင့် ရှိတယ်။+ ၁၄  ကုန်သည်တွေ၊ အရောင်းအဝယ်လုပ်သူတွေ၊ ရွှေငွေဆက်သတဲ့ အာရပ်ဘုရင်တွေနဲ့ တိုင်းပြည်မှာရှိတဲ့ ဘုရင်ခံတွေဆီက ရတာတွေလည်း ရှိသေးတယ်။+ ၁၅  ရှောလမုန်မင်းကြီးက ဒိုင်းလွှားကြီး ၂၀၀ ကို သတ္တုစပ်ထားတဲ့ရွှေနဲ့ လုပ်တယ်။+ (ဒိုင်းလွှားတစ်ခုစီဟာ ရွှေအချိန် ရှယ်ကယ်* ၆၀၀ ရှိတယ်။)+ ၁၆  ဒိုင်းငယ် ၃၀၀ ကိုလည်း သတ္တုစပ်ထားတဲ့ရွှေနဲ့ လုပ်တယ်။ (ဒိုင်းငယ်တစ်ခုစီဟာ ရွှေအချိန် သုံးမိုင်နာ* ရှိတယ်။) အဲဒါတွေကို လက်ဘနွန်စံအိမ်မှာ ထားလိုက်တယ်။+ ၁၇  ဒါ့အပြင် ရှောလမုန်က ဆင်စွယ်ရာဇပလ္လင်ကြီးကို လုပ်ပြီး ရွှေစင်နဲ့ရွှေချတယ်။+ ၁၈  ရာဇပလ္လင်ကိုတက်တဲ့ လှေကား ခြောက်ထစ်ရှိတယ်။ ပလ္လင်နဲ့ဆက်နေတဲ့ ရွှေခြေတင်ခုံလည်း ရှိတယ်။ ပလ္လင်ဘေးနှစ်ဖက်မှာ လက်တန်းတွေရှိပြီး လက်တန်းတွေရဲ့ဘေးမှာ ခြင်္သေ့ရုပ်နှစ်ရုပ်+ ရှိတယ်။ ၁၉  လှေကားခြောက်ထစ်ရဲ့ ဘေးတစ်ဖက်စီမှာလည်း ခြင်္သေ့ရုပ်တစ်ရုပ်စီ၊+ စုစုပေါင်း ၁၂ ရုပ် ရှိတယ်။ အဲဒီလိုရာဇပလ္လင်မျိုး ဘယ်တိုင်းပြည်မှာမှ မရှိဘူး။ ၂၀  ရှောလမုန်မင်းကြီးရဲ့ ဖလားအားလုံးဟာ ရွှေဖလားတွေဖြစ်ပြီး လက်ဘနွန်စံအိမ်မှာ သုံးတဲ့ အသုံးအဆောင်အားလုံးကိုလည်း ရွှေစင်နဲ့ လုပ်ထားတယ်။ ငွေနဲ့လုပ်ထားတာ တစ်ခုမှ မရှိဘူး။ သူ့လက်ထက်မှာ ငွေကို တန်ဖိုးမရှိဘူးလို့ သဘောထားလို့ပဲ။+ ၂၁  မင်းကြီးရဲ့သင်္ဘောတွေက ဟိရံမင်းရဲ့အမှုထမ်းတွေနဲ့အတူ+ တာရှိပြည်ကို+ သွားလေ့ရှိတယ်။ တာရှိသင်္ဘောတွေက ရွှေ၊ ငွေ၊ ဆင်စွယ်၊+ မျောက်ဝံတွေ၊ ဒေါင်းတွေကို သယ်ဆောင်ပြီး သုံးနှစ်တစ်ကြိမ် ပြန်လာလေ့ရှိတယ်။ ၂၂  ဒါကြောင့် ရှောလမုန်မင်းကြီးဟာ စည်းစိမ်ချမ်းသာနဲ့ ဉာဏ်ပညာအရာမှာ ကမ္ဘာပေါ်က ဘုရင်ရှိသမျှထက်  သာလွန်တယ်။+ ၂၃  မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေက ရှောလမုန်ဆီ စစ်မှန်တဲ့ဘုရားသခင် ပေးအပ်ထားတဲ့ ဉာဏ်ပညာစကားကို နားထောင်ဖို့  ရောက်လာကြတယ်။+ ၂၄  နှစ်တိုင်း မင်းကြီးဆီ ရောက်လာသူတွေက ရွှေထည်ငွေထည်၊ အဝတ်အထည်၊+ လက်နက်၊ ဗာလစံဆီမွှေး၊ မြင်းနဲ့ လားတွေကို လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြတယ်။ ၂၅  ရှောလမုန်မှာ မြင်းရထားတွေအတွက် မြင်းဇောင်း ၄,၀၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ ထားတယ်။ သူစံမြန်းတဲ့ ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+ ၂၆  ရှောလမုန်က  မြစ်ကြီး*  ကနေ  ဖိလိတိပြည်အထိ၊ အီဂျစ်ပြည်နယ်နိမိတ်အထိ ရှင်ဘုရင်အားလုံးကို  အုပ်ချုပ်တယ်။+ ၂၇  မင်းကြီးက  ဂျေရုဆလင်မြို့မှာ ငွေတွေကို ကျောက်ခဲတွေလို၊  သစ်ကတိုးသားတွေကို  ရှဖိလာအရပ်မှာရှိတဲ့ သဖန်းပိုးစာပင်တွေလို  ပေါများစေတယ်။+ ၂၈  ရှောလမုန်ဆီကို အီဂျစ်ပြည်နဲ့+ တခြားတိုင်းပြည်တွေကနေ မြင်းတွေ ယူလာတတ်ကြတယ်။ ၂၉  ရှောလမုန်ရဲ့ ကျန်တဲ့သမိုင်းကြောင်း+ အစအဆုံးကို ပရောဖက်နာသန်ရဲ့ ကျမ်းစောင်၊+ ရှိလောမြို့သား အဟိယရဲ့ ပရောဖက်ကျမ်း၊+ အိဒေါရဲ့ စိတ်အာရုံမှတ်တမ်းမှာ+ ရေးထားတယ်။ အိဒေါဟာ နေဗတ်ရဲ့သား ယေရောဗောင်နဲ့ပတ်သက်ပြီး+ စိတ်အာရုံမြင်တဲ့သူ ဖြစ်တယ်။ ၃၀  ရှောလမုန်ဟာ ဂျေရုဆလင်မြို့မှာ နန်းစံပြီး အစ္စရေးတွေကို နှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲ့တယ်။ ၃၁  အဲဒီနောက် ကွယ်လွန်သွားတဲ့အတွက် သူ့ကို ဒါဝိဒ်မြို့မှာ+ သင်္ဂြိုဟ်ကြတယ်။ သားတော် ရောဗောင် ထီးနန်းဆက်ခံတယ်။+

အောက်ခြေမှတ်ချက်များ

တစ်တဲလင့်က ၃၄.၂ ကီလိုနဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ဟီဘရူးကျမ်းစောင်တွေမှာပါတဲ့ တစ်မိုင်နာက ၅၇၀ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။
ယူဖရေးတီးမြစ်။