အာမုတ် ၈:၁-၁၄

  • နွေသီးနှံထည့်ထားတဲ့တောင်း စိတ်အာရုံ (၁-၃)

  • ဖိနှိပ်သူတွေကို ပြစ်တင်ရှုတ်ချ (၄-၁၄)

    • ယေဟောဝါရဲ့စကားတွေကို ငတ်မွတ်တဲ့ဘေး (၁၁)

 အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက ကျွန်တော့်ကို နွေသီးနှံ* ထည့်ထားတဲ့ တောင်းတစ်တောင်း ပြတယ်။ ၂  အဲဒီနောက် ဘုရားသခင်က “အာမုတ်၊ ဘာမြင်ရလဲ” လို့မေးတဲ့အခါ “နွေသီးနှံထည့်ထားတဲ့ တောင်းကို မြင်ပါတယ်” လို့ဖြေတယ်။ ဒါနဲ့ ယေဟောဝါက “ငါ့လူမျိုးအစ္စရေးတွေရဲ့ အဆုံး ရောက်လာပြီ။ သူတို့ကို ငါ ခွင့်မလွှတ်တော့ဘူး။+ ၃  ‘အဲဒီနေ့ကျရင် ဗိမာန်မှာဆိုတဲ့ သီချင်းသံတွေဟာ ငိုကြွေးမြည်တမ်းသံတွေ ဖြစ်သွားလိမ့်မယ်။+ လူသေအလောင်းတွေကို နေရာတကာ စွန့်ပစ်ထားလိမ့်မယ်။+ တိတ်ဆိတ်သွားလိမ့်မယ်။’ ဒါဟာ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတဲ့ စကားပဲ။  ၄  ဆင်းရဲသားတွေကို နင်းခြေသူတို့၊တိုင်းပြည်မှာရှိတဲ့ နူးညံ့သိမ်မွေ့သူတွေကို ဇာတ်သိမ်းပစ်သူတို့၊+ နားထောင်ကြ။  ၅  ‘လဆန်းပွဲ ဘယ်တော့ပြီးမှာလဲ။+ ကောက်နှံတွေ ရောင်းချင်လှပြီ။ ဥပုသ်နေ့ ဘယ်တော့ပြီးမှာလဲ။+ ကောက်နှံတွေ ရောင်းချင်လှပြီ။ ဧဖာ* တောင်းကို သေးအောင်၊ရှယ်ကယ်* အလေးကို ကြီးအောင်လုပ်ပြီးမမှန်တဲ့ချိန်ခွင်တွေကို သုံးချင်လှပြီ။+  ၆  ဒါမှ နွမ်းပါးသူတွေကို ငွေနဲ့ဝယ်ပြီးဆင်းရဲသားကို ဖိနပ်တစ်ရန်စာနဲ့ ဝယ်နိုင်မှာ။+ အညံ့စားကောက်နှံတွေကို ရောင်းနိုင်မှာ’ လို့ မင်းတို့ပြောကြတယ်။  ၇  ယာကုပ်ရဲ့ ဘုန်းကျက်သရေဖြစ်တဲ့ ယေဟောဝါက ကိုယ့်ကိုယ်ကိုယ် တိုင်တည်ကျိန်ဆိုတယ်–+ ‘သူတို့ရဲ့လုပ်ရပ်တွေကို ငါ ဘယ်တော့မှ မမေ့ဘူး။+  ၈  ဒါကြောင့် တိုင်းပြည်ဟာ ဖိမ့်ဖိမ့်တုန်နေလိမ့်မယ်။ ပြည်သူပြည်သားတွေ ညည်းတွားငိုကြွေးလိမ့်မယ်။+ တစ်တိုင်းပြည်လုံး နိုင်းမြစ်လို ထကြွလိမ့်မယ်။ အီဂျစ်ပြည်မှာရှိတဲ့ နိုင်းမြစ်လို လှိုင်းလေထန်ပြီး ပြန်ငြိမ်ကျသွားလိမ့်မယ်။’+  ၉  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါပြောတာက– ‘အဲဒီနေ့ကျရင် ငါက မွန်းတည့်ချိန်မှာ နေဝင်စေမယ်။ နေသာတဲ့နေ့မှာ တိုင်းပြည်ကို မှောင်မိုက်စေမယ်။+ ၁၀  မင်းတို့ရဲ့ ပွဲတော်တွေကို ညည်းတွားငိုကြွေးစရာ ဖြစ်စေမယ်။+ သီချင်းတွေကို ငိုချင်းတွေ ဖြစ်စေမယ်။ မင်းတို့ကို အထည်ကြမ်း* ဝတ်စေမယ်။ ခေါင်းတုံးဖြစ်စေမယ်။ တစ်ဦးတည်းသောသားအတွက် ညည်းတွားငိုကြွေးရတဲ့နေ့လို ဖြစ်စေမယ်။ အဲဒီနေ့ကို ခါးသီးနာကြည်းစရာတွေနဲ့ အဆုံးတိုင်စေမယ်။’ ၁၁  အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘တိုင်းပြည်မှာ အငတ်ဘေးကို ငါစေလွှတ်မယ့်နေ့တွေ ရောက်တော့မယ်။ အစာခေါင်းပါးတဲ့ဘေး၊ ရေငတ်တဲ့ဘေး မဟုတ်ဘူး။ ယေဟောဝါရဲ့ စကားတွေကို ငတ်မွတ်တဲ့ဘေး ဖြစ်လိမ့်မယ်။+ ၁၂  သူတို့က ပင်လယ်တစ်ခုကနေ တစ်ခုဆီ၊မြောက်အရပ်ကနေ အရှေ့အရပ်ဆီ ဒယိမ်းဒယိုင် သွားကြလိမ့်မယ်။ ယေဟောဝါရဲ့စကားကို လှည့်လည်ရှာဖွေကြလိမ့်မယ်။ ဒါပေမဲ့ ရှာတွေ့မှာ မဟုတ်ဘူး။ ၁၃  အဲဒီနေ့မှာ လှပတဲ့အပျိုစင်တွေ၊ လူပျိုတွေဟာရေငတ်လို့ မေ့မြောသွားလိမ့်မယ်။ ၁၄  ရှမာရိရဲ့ မှားယွင်းတဲ့ဘုရားတွေကို တိုင်တည်ပြီး သစ္စာဆိုသူတွေ၊+ “အို ဒန်မြို့၊ အသက်ရှင်နေတဲ့ ငါတို့ရဲ့ဘုရားကို တိုင်တည်ပြီး သစ္စာဆိုမယ်၊”+“ဗေရရှေဘမြို့ရဲ့လမ်းကို တိုင်တည်ပြီး သစ္စာဆိုမယ်”+ လို့ ပြောနေသူတွေ ကျဆုံးသွားလိမ့်မယ်။ ပြန် ထလာတော့မှာ မဟုတ်ဘူး။’”+

အောက်ခြေမှတ်ချက်များ

သဖန်းသီးနဲ့ စွန်ပလွံသီး ဖြစ်နိုင်။
ခက်ဆစ်ကိုကြည့်။