အာမုတ် ၂:၁-၁၆

  • အကြိမ်ကြိမ် ပုန်ကန်လို့ တရားစီရင် (၁-၁၆)

 “ယေဟောဝါ ပြောတာက– ‘“မောဘရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။ သူက ဧဒုံဘုရင်ရဲ့ အရိုးတွေကိုထုံးဖြစ်တဲ့အထိ မီးရှို့ခဲ့တယ်။  ၂  ဒါကြောင့် မောဘကို ငါမီးရှို့မယ်။ ကေရုတ်မြို့ရဲ့+ ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။ မောဘက ရုတ်ရုတ်သဲသဲအသံ၊ စစ်ငြာသံ၊ တံပိုးမှုတ်သံတွေ အလယ်မှာ သေဆုံးရလိမ့်မယ်။+  ၃  မောဘပြည်ရဲ့ အုပ်စိုးရှင်ကို ငါဖယ်ရှားမယ်။ မင်းညီမင်းသားတွေကို အဲဒီအုပ်စိုးရှင်နဲ့အတူ ကွပ်မျက်မယ်။”+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။’  ၄  ယေဟောဝါ ပြောတာက– ‘ယုဒရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။ သူတို့က ယေဟောဝါရဲ့ ပညတ်ချက်တွေကို ပစ်ပယ်တယ်။ ငါ့စည်းမျဉ်းတွေကို မစောင့်ထိန်းဘူး။+ ဘိုးဘေးတွေလိုပဲ လိမ်လည်ပြီး လမ်းလွဲသွားကြတယ်။+  ၅  ဒါကြောင့် ယုဒကို ငါမီးရှို့မယ်။ ဂျေရုဆလင်မြို့ရဲ့ ခံတပ်မျှော်စင်တွေကို မီးဝါးမျိုလိမ့်မယ်။’+  ၆  ယေဟောဝါ ပြောတာက– ‘အစ္စရေးရဲ့ ပုန်ကန်မှု သုံးခုမက+ လေးခုကြောင့် ငါပြစ်ဒဏ်မပေးဘဲ မနေဘူး။ သူတို့က ဖြောင့်မတ်သူကို ငွေနဲ့ရောင်းစားခဲ့တယ်။ ဆင်းရဲသားကို ဖိနပ်တစ်ရန်စာနဲ့ ရောင်းစားခဲ့တယ်။+  ၇  နိမ့်ကျသူတွေကို မြေမှုန့်ထဲ နင်းခြေကြတယ်။+ နူးညံ့သိမ်မွေ့သူတွေရဲ့ လမ်းကို ပိတ်ဆို့ကြတယ်။+ သားအဖနှစ်ယောက်က မိန်းမ တစ်ယောက်တည်းနဲ့ ပေါင်းဖော်ပြီးသန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့တယ်။  ၈  အပေါင်ပစ္စည်းအဖြစ် သိမ်းယူထားတဲ့ အဝတ်တွေကို+ ယဇ်ပလ္လင်ဘေးမှာ ခင်းအိပ်ကြတယ်။+ ဒဏ်ကြေးငွေနဲ့ စပျစ်ဝိုင်ဝယ်ပြီး သူတို့ရဲ့ ဘုရားကျောင်းမှာ သောက်ကြတယ်။’  ၉  ‘ဒါပေမဲ့ သစ်ကတိုးပင်လို မြင့်မားပြီး ဝက်သစ်ချပင်လို သန်မာတဲ့ အာမောရိလူမျိုးကိုသူတို့ရှေ့မှာ ငါအစတုံး ဖျက်ဆီးခဲ့တယ်။+ အပင်ပေါ်က အသီးတွေရော မြေအောက်က အမြစ်တွေပါမကျန် ငါဖျက်ဆီးခဲ့တယ်။+ ၁၀  အာမောရိပြည်ကို အပိုင်ပေးဖို့ မင်းတို့ကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာပြီး+နှစ်ပေါင်း ၄၀ လုံးလုံး တောကန္တာရထဲမှာ ဦးဆောင်ခဲ့တယ်။+ ၁၁  မင်းတို့ရဲ့သားတချို့ကို ပရောဖက်တွေအဖြစ်၊+လူငယ်တချို့ကို နာဇရိလူတွေ* အဖြစ် ငါခန့်အပ်ခဲ့တယ်။+ အစ္စရေးတို့၊ ငါ အဲဒီလိုလုပ်ခဲ့တာ အမှန်ပဲ မဟုတ်လား။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။ ၁၂  ‘ဒါပေမဲ့ မင်းတို့က နာဇရိလူတွေကို စပျစ်ဝိုင်တိုက်တယ်။+ ပရောဖက်တွေကို “ပရောဖက် မပြုနဲ့” လို့ အမိန့်ပေးတယ်။+ ၁၃  ဒါကြောင့် ကောက်နှံအပြည့်တင်ထားတဲ့ လှည်းက မြေကို နင်းခြေသလိုငါကလည်း မင်းတို့ကို နေရာမှာတင် နင်းခြေမယ်။ ၁၄  အပြေးမြန်သူက ပြေးစရာမြေ ရှိမှာမဟုတ်ဘူး။+ သန်မာသူက ခွန်အားရှိတော့မှာ မဟုတ်ဘူး။ စစ်သည်တစ်ယောက်မှ အသက်ဘေးကနေ လွတ်မှာမဟုတ်ဘူး။ ၁၅  လေးသမားက မြေပေါ် ရပ်နိုင်မှာ မဟုတ်ဘူး။ အပြေးမြန်သူက လွတ်မြောက်မှာ မဟုတ်ဘူး။ မြင်းစီးသူရဲကလည်း အသက်ဘေးကနေ လွတ်မှာမဟုတ်ဘူး။ ၁၆  အရဲရင့်ဆုံး စစ်သည်တွေတောင်အဲဒီနေ့မှာ အဝတ်မပါဘဲ ထွက်ပြေးရလိမ့်မယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။”

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။