ဟောရှေ ၃:၁-၅
၃ အဲဒီနောက် ယေဟောဝါက “တခြားယောက်ျားနဲ့ ချစ်ကြိုက်ပြီး ဖောက်ပြန်နေတဲ့ မိန်းမကို မင်း ပြန်ချစ်လိုက်ပါ။+ တခြားဘုရားတွေဆီ လှည့်သွားပြီး+ စပျစ်သီးပျဉ်တွေ ပူဇော်ရတာကို နှစ်သက်တဲ့ အစ္စရေးတွေကို ငါယေဟောဝါ ချစ်သလို+ သူ့ကိုချစ်ပါ” လို့ ကျွန်တော့်ကို ပြောတယ်။
၂ ဒါနဲ့ ကျွန်တော်လည်း သူ့ကို ငွေ ၁၅ စ၊ မုယောတစ်ဟောမဲခွဲနဲ့* ပြန်ဝယ်တယ်။
၃ ပြီးတော့ “မင်းဟာ ငါ့ဇနီးအဖြစ် ရက်ပေါင်းများစွာ နေရမယ်။ ပြည့်တန်ဆာ မလုပ်ရဘူး။ တခြားယောက်ျားနဲ့ မဖောက်ပြန်ရဘူး။ ငါလည်း မင်းနဲ့အတူ မအိပ်ဘူး” ဆိုပြီး သူ့ကို ပြောတယ်။
၄ အလားတူ၊ အစ္စရေးတွေလည်း ဘုရင် မရှိ၊+ မင်းညီမင်းသား မရှိ၊ ပူဇော်သက္ကာ မရှိ၊ ကိုးကွယ်ရာကျောက်တိုင် မရှိ၊ သင်တိုင်း*+ မရှိ၊ တေရပ်ရုပ်တု*+ မရှိဘဲ ရက်ပေါင်းများစွာ နေထိုင်ရမယ်။
၅ အဲဒီနောက် အစ္စရေးတွေ ပြန်လာပြီး သူတို့ရဲ့ဘုရား ယေဟောဝါနဲ့ ဘုရင်ဒါဝိဒ်ကို ရှာကြလိမ့်မယ်။+ အဆုံးပိုင်းကာလတွေမှာ ကောင်းမြတ်ခြင်းကျေးဇူးကို ခံစားရဖို့ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ ပြန်လာကြလိမ့်မယ်။+
အောက်ခြေမှတ်ချက်များ
^ တစ်ဟောမဲက ၂၂၀ လီတာဆံ့တဲ့ ပုံးတစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။