ယောဟန် ၁၄:၁-၃၁

  • အဖဘုရားဆီ ရောက်နိုင်တဲ့ တစ်ခုတည်းသောလမ်း ယေရှု (၁-၁၄)

    • ‘လမ်းခရီး၊ အမှန်တရား၊ အသက်ဖြစ်တဲ့ ကျွန်တော်’ ()

  • စွမ်းအားတော် တောင်းပေးမယ်လို့ ယေရှုကတိပြု (၁၅-၃၁)

    • ‘အဖဘုရားက ကျွန်တော့်ထက် ပိုကြီးမြတ်’ (၂၈)

၁၄  “ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။+ ဘုရားသခင်ကို ယုံကြည်သက်ဝင်ကြပါ။+ ကျွန်တော့်ကိုလည်း ယုံကြည်သက်ဝင်ကြပါ။ ၂  အဖရဲ့အိမ်တော်မှာ နေစရာတွေ အများကြီးပဲ။ မဟုတ်ရင် ကျွန်တော် အခုလို ပြောပါ့မလား။ ခင်ဗျားတို့အတွက် နေစရာပြင်ဆင်ဖို့ ကျွန်တော်သွားရမယ်။+ ၃  ကျွန်တော်သွားပြီး ခင်ဗျားတို့အတွက် နေစရာပြင်ဆင်ပြီးရင် ပြန်လာခဲ့မယ်။ ကျွန်တော် ရှိတဲ့နေရာမှာ ခင်ဗျားတို့လည်း ရှိနေဖို့ ပြန်လာခေါ်မယ်။+ ၄  ကျွန်တော်သွားမယ့် နေရာကိုရော လမ်းခရီးကိုပါ ခင်ဗျားတို့ သိတာပဲ။” ၅  သောမက+ “သခင်၊ ကျွန်တော်တို့က သခင်သွားမယ့်နေရာကိုမှ မသိတာ။ လမ်းခရီးကို ဘယ်လိုလုပ်သိမှာလဲ” လို့မေးတယ်။ ၆  ယေရှုက “ကျွန်တော်ဟာ လမ်းခရီး+ ဖြစ်တယ်။ အမှန်တရားလည်း+ ဖြစ်တယ်။ အသက်လည်း+ ဖြစ်တယ်။ ကျွန်တော့်ကို မဖြတ်သန်းဘဲ ဘယ်သူမှ အဖဘုရားဆီ မရောက်နိုင်ဘူး။+ ၇  ကျွန်တော့်ကိုသိရင် အဖဘုရားကိုလည်း သိမှာပဲ။ အခုချိန်ကစပြီး အဖဘုရားကို ခင်ဗျားတို့ သိရမြင်ရပြီ”+ လို့ဖြေတယ်။ ၈  ဖိလိပ္ပုက “သခင်၊ အဖဘုရားကို မြင်ချင်လို့ ကျွန်တော်တို့ကို ပြပါဦး။ ဒါဆို ကျေနပ်ပါပြီ” လို့ပြောတယ်။ ၉  အဲဒီအခါ ယေရှု ပြန်ပြောတာက “ဖိလိပ္ပု၊ ကျွန်တော် ခင်ဗျားတို့နဲ့ ဒီလောက်အကြာကြီး နေခဲ့တာတောင် ကျွန်တော့်ကို မသိသေးဘူးလား။ ကျွန်တော့်ကိုမြင်တာဟာ အဖဘုရားကို မြင်တာပဲ။+ ဒါဆို ‘အဖဘုရားကို မြင်ချင်လို့  ကျွန်တော်တို့ကို ပြပါ’ ဆိုပြီး ဘာကြောင့်ပြောတာလဲ။ ၁၀  ကျွန်တော်ဟာ အဖဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ၊ အဖဘုရားကလည်း ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲဆိုတာ မယုံဘူးလား။+ ကျွန်တော် ပြောတဲ့အရာတွေဟာ ကိုယ့်သဘောနဲ့ကိုယ် ပြောတာမဟုတ်ဘူး၊+ ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်တဲ့ အဖဘုရားရဲ့ လုပ်ဆောင်မှုတွေပဲ။ ၁၁  ကျွန်တော်က အဖဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲ၊ အဖဘုရားကလည်း ကျွန်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းပဲဆိုတာ ယုံကြပါ။ ဒီအချက်ကို မယုံရင်တောင် ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေကို ယုံကြပါ။+ ၁၂  ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ကျွန်တော့်ကို ယုံကြည်သက်ဝင်တဲ့သူဟာ ကျွန်တော်လုပ်တဲ့ အလုပ်တွေကို လုပ်လိမ့်မယ်။ အဲဒါထက် ကြီးမားတာတွေကို လုပ်လိမ့်မယ်။+ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဖဘုရားဆီ သွားရတော့မှာ။+ ၁၃  ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှကို  ကျွန်တော်လုပ်ပေးမယ်။ ဒါဆိုရင် အဖဘုရားက သားတော်ကြောင့် ဘုန်းထင်ရှားလိမ့်မယ်။+ ၁၄  ကျွန်တော့်နာမည်ကို  အမှီပြုပြီး ခင်ဗျားတို့ တောင်းဆိုသမျှ ကျွန်တော်လုပ်ပေးမယ်။ ၁၅  “ကျွန်တော့်ကိုချစ်ရင်  ကျွန်တော့်ပညတ်တွေကို ခင်ဗျားတို့ လိုက်နာကြလိမ့်မယ်။+ ၁၆  ကျွန်တော်ကလည်း အဖဘုရားဆီ တောင်းပေးမယ်။ ခင်ဗျားတို့နဲ့အတူ အမြဲရှိနေမယ့် ကူညီသူ* နောက်တစ်ယောက်ကို အဖဘုရား ပေးသနားလိမ့်မယ်။+ ၁၇  အဲဒီကူညီသူဟာ အမှန်တရားကို ဖော်ပြတဲ့ စွမ်းအားတော်ပဲ။+ လောကက စွမ်းအားတော်ကို သိလည်းမသိ၊ မြင်လည်းမမြင်တဲ့အတွက် စွမ်းအားတော်ကို မရကြဘူး။+ ခင်ဗျားတို့ကတော့ စွမ်းအားတော်ကို  သိကြတယ်။ စွမ်းအားတော်က  ခင်ဗျားတို့နဲ့အတူ ရှိနေလို့၊ ခင်ဗျားတို့ဆီမှာ ရှိနေလို့ပဲ။ ၁၈  ကျွန်တော်က ခင်ဗျားတို့ကို ခိုကိုးရာမဲ့ ပစ်ထားခဲ့မှာ မဟုတ်ဘူး။  ခင်ဗျားတို့ဆီ လာဦးမယ်။+ ၁၉  မကြာခင် လောကဟာ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားတို့ကတော့ မြင်လိမ့်မယ်။+ ကျွန်တော် အသက်ရှင်သလို ခင်ဗျားတို့လည်း အသက်ရှင်မှာကိုး။ ၂၀  ကျွန်တော်ဟာ အဖဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှန်း၊ ခင်ဗျားတို့ဟာ ကျွန်တော်နဲ့  တစ်စိတ်တစ်ဝမ်းတည်းဖြစ်သလို ကျွန်တော်လည်း ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှန်း အဲဒီနေ့ကျရင်  ခင်ဗျားတို့  သိရလိမ့်မယ်။+ ၂၁  ကျွန်တော့်ပညတ်တွေကို ခံယူပြီး လိုက်နာတဲ့သူဟာ ကျွန်တော့်ကို ချစ်တဲ့သူပဲ။ ကျွန်တော့်ကို ချစ်တဲ့သူကို အဖဘုရားကလည်း ချစ်မှာပဲ။ ကျွန်တော်လည်း သူ့ကိုချစ်ပြီး ကျွန်တော့်ကို သူသိအောင် ရှင်းရှင်းလင်းလင်း ဖော်ပြမယ်။” ၂၂  ယုဒရှကာရုတ် မဟုတ်တဲ့ ယုဒ+ နောက်တစ်ယောက်က “သခင်၊ လောကကိုကျတော့ မဖော်ပြဘဲ ကျွန်တော်တို့ကိုပဲ ရှင်းရှင်းလင်းလင်း ဖော်ပြချင်တာ ဘာဖြစ်လို့လဲ” လို့မေးတယ်။ ၂၃  ယေရှုပြန်ဖြေတာက  “ကျွန်တော့်ကို ချစ်တဲ့သူဟာ ကျွန်တော့်စကားကို လိုက်နာမှာပဲ။+ အဖဘုရားကလည်း သူ့ကို ချစ်လိမ့်မယ်။ ကျွန်တော်နဲ့ အဖဘုရားက သူ့ဆီလာပြီး သူနဲ့အတူ ရှိနေမယ်။+ ၂၄  ကျွန်တော့်ကို မချစ်တဲ့သူက ကျွန်တော့်စကားကို မလိုက်နာဘူး။ ခင်ဗျားတို့ကြားရတဲ့ စကားတွေဟာ ကျွန်တော့်စကား မဟုတ်ဘူး။ စေလွှတ်လိုက်တဲ့ အဖဘုရားရဲ့ စကားတွေပဲ။+ ၂၅  “ခင်ဗျားတို့နဲ့အတူ ရှိနေတုန်း ကျွန်တော် ဒီအကြောင်းတွေ ပြောတယ်။ ၂၆  အဖဘုရားက ကူညီသူဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို  ကျွန်တော့်နာမည်နဲ့ လွှတ်လိုက်တဲ့အခါ အဲဒီစွမ်းအားတော်က  ခင်ဗျားတို့ကို  အရာအားလုံး သွန်သင်ပေးလိမ့်မယ်။ ကျွန်တော် ပြောခဲ့သမျှကိုလည်း ပြန်မှတ်မိစေလိမ့်မယ်။+ ၂၇  ငြိမ်သက်ခြင်းကို ခင်ဗျားတို့ဆီ ထားခဲ့မယ်။ ငြိမ်သက်ခြင်းကို ပေးခဲ့မယ်။+ ကျွန်တော်ပေးတဲ့ ငြိမ်သက်ခြင်းဟာ လောကပေးတဲ့ ငြိမ်သက်ခြင်းနဲ့ မတူဘူး။ ဒါကြောင့် ခင်ဗျားတို့ သိပ်မစိုးရိမ်ပါနဲ့။ မကြောက်ပါနဲ့။ ၂၈  ‘ကျွန်တော်သွားပြီးရင် ပြန်လာဦးမယ်’ လို့ ပြောတာ ခင်ဗျားတို့ ကြားခဲ့ရပြီပဲ။ ကျွန်တော့်ကိုချစ်ရင် အဖဘုရားဆီ ကျွန်တော်သွားတာကို ခင်ဗျားတို့ ဝမ်းသာလိမ့်မယ်။ အဖဘုရားက ကျွန်တော့်ထက် ပိုကြီးမြတ်တယ်။+ ၂၉  ဒါတွေ တကယ်ဖြစ်လာတဲ့အခါ ခင်ဗျားတို့ ယုံအောင်လို့ အခုကတည်းက ကျွန်တော် ကြိုပြောထားတာပါ။+ ၃၀  အခုကစပြီး ကျွန်တော် အများကြီး မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီလောကရဲ့မင်းက+ လာနေပြီ။ သူလာပေမဲ့ ကျွန်တော့်ကို မချုပ်ကိုင်နိုင်ပါဘူး။+ ၃၁  ဒါပေမဲ့ ကျွန်တော် အဖဘုရားကို ချစ်တယ်ဆိုတာ ဒီလောကသိအောင် အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်။+ ကဲ၊ ထကြတော့။ ကျွန်တော်တို့ သွားရအောင်။

အောက်ခြေမှတ်ချက်များ

သန့်ရှင်းသော စွမ်းအားတော်ကို ပုဂ္ဂိုလ်တစ်ဦးနဲ့ တင်စားထား။