ယောဘ ၃၄:၁-၃၇

  • ဘုရားရဲ့တရားမျှတမှုနဲ့ လမ်းစဉ်တွေ မှန်ကန်ကြောင်း ဧလိဟု ထောက်ခံ (၁-၃၇)

    • ဘုရား မျှမျှတတ မစီရင်ပေးဘူးလို့ ယောဘပြောဆို ()

    • စစ်မှန်တဲ့ဘုရားဟာ ဆိုးညစ်တာကို ဘယ်တော့မှ မလုပ် (၁၀)

    • ယောဘ ဘာမှမသိ (၃၅)

၃၄  ဧလိဟု ဆက်ပြောတာက–  ၂  “ပညာရှိတို့၊ ကျွန်တော်ပြောတာကို နားထောင်ပါ။ အသိအမြင်ကြွယ်သူတို့၊ နားထောင်ကြပါ။  ၃  လျှာက အစာကို မြည်းတတ်သလိုနားကလည်း စကားတွေကို စစ်ဆေးတတ်တယ်။  ၄  ဒါကြောင့် ဘယ်အရာမှန်တယ်ဆိုတာ ကိုယ်တိုင်အကဲဖြတ်ပါ။ ဘယ်အရာကောင်းတယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။  ၅  ယောဘက ‘ကျုပ် ဖြောင့်မှန်လျက်သားနဲ့+ဘုရားသခင်က မျှမျှတတ မစီရင်ပေးဘူး။+  ၆  ကျုပ်က ကိုယ်ခံထိုက်တဲ့ စီရင်ချက်နဲ့ပတ်သက်ပြီး လိမ်ပြောပါ့မလား။ ဘာအပြစ်မှမလုပ်ဘဲနဲ့ ဒဏ်ရာဟာ ကုမရနိုင်အောင် ဖြစ်နေတယ်’+ လို့ပြောတယ်။  ၇  ယောဘလိုလူ ရှိသေးလား။ သူက လှောင်ပြောင်မှုကို ရေလို သောက်နေရတာ။  ၈  သူက အမှားလုပ်သူတွေနဲ့ ပေါင်းဖော်တယ်။ လူဆိုးတွေနဲ့ ပေါင်းသင်းတယ်။+  ၉  ‘ဘုရားနှစ်သက်မှုရဖို့ ကြိုးစားရင်လည်းဘာမှမထူးပါဘူး’ လို့ သူပြောတယ်။+ ၁၀  သိနားလည်မှုရှိသူတို့၊ နားထောင်ကြပါ။ စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။+ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး။+ ၁၁  ဘုရားက လူကို သူ့လုပ်ရပ်အတိုင်း ဆုချလိမ့်မယ်။+ သူ့လမ်းစဉ်အတိုင်း အကျိုးဆက်ကို ပြန်ခံစေမယ်။ ၁၂  စိတ်ချပါ၊ ဘုရားက ဆိုးညစ်တာကို မလုပ်ဘူး။+ အနန္တတန်ခိုးရှင်က အမှန်တရားကို ကပြောင်းကပြန်ဖြစ်အောင် မလုပ်ဘူး။+ ၁၃  ကမ္ဘာမြေကို ဘုရားလက်ထဲ ဘယ်သူအပ်သလဲ။ လောကကို အုပ်ချုပ်ဖို့ ဘုရားကို ဘယ်သူခန့်သလဲ။ ၁၄  ဘုရားကသာ လူတွေကို စူးစိုက်ကြည့်လိုက်ရင်၊အသက်စွမ်းအားနဲ့ ထွက်သက်ဝင်သက်ကို ရုပ်သိမ်းလိုက်ရင်၊+ ၁၅  လူသားအားလုံး သေကျေပြီးမြေမှုန့်ကို ပြန်သွားရလိမ့်မယ်။+ ၁၆  ဒါကြောင့် ခင်ဗျားတို့ သိနားလည်မှုရှိရင် အာရုံစိုက်နားထောင်ပါ။ ကျွန်တော်ပြောတာကို ဂရုတစိုက် နားထောင်ပါ။ ၁၇  တရားမျှတမှုကို မုန်းတဲ့သူက အုပ်ချုပ်နိုင်ပါ့မလား။ ဖြောင့်မတ်ပြီး သြဇာအာဏာရှိသူကို အပြစ်တင်လို့ရပါ့မလား။ ၁၈  ဘုရင်ကို ‘အသုံးမကျတဲ့လူ’ လို့ ပြောလို့ရပါ့မလား။ ဂုဏ်အသရေရှိသူတွေကို ‘လူဆိုးတွေ’ လို့ ပြောလို့ရပါ့မလား။+ ၁၉  ဘုရားက မင်းညီမင်းသားတွေဆိုပြီး မျက်နှာလိုက်တာ မဟုတ်ဘူး။ သူဌေးတွေကို ဆင်းရဲသားတွေထက် မျက်နှာသာပိုပေးတာ မဟုတ်ဘူး။+ လူအားလုံးဟာ ဘုရားရဲ့လက်ရာတွေပဲ။+ ၂၀  သူတို့က သန်းခေါင်ယံမှာ+ ရုတ်တရက် သေဆုံးတတ်တယ်။+ အကြီးအကျယ် တုန်လှုပ်ပြီး ကွယ်လွန်သွားတတ်တယ်။ သြဇာအာဏာရှိသူတွေတောင် ဖယ်ရှားခံရတတ်တယ်။ လူ့လက်ချက်နဲ့တော့ မဟုတ်ဘူး။+ ၂၁  ဘုရားက လူသွားတဲ့လမ်းတွေကို ကြည့်နေတာ။+ ခြေလှမ်းတိုင်းကို မြင်နေတာ။ ၂၂  အမှားလုပ်တဲ့သူတွေ ပုန်းနိုင်လောက်အောင် မှောင်တဲ့အမှောင်ထုဆိုတာ မရှိဘူး။+ ၂၃  ဘုရားက ဘယ်သူ့ကိုမဆို ရှေ့တော်သွင်းပြီး တရားစီရင်ဖို့အချိန်သတ်မှတ်ထားစရာ မလိုဘူး။ ၂၄  သြဇာအာဏာရှိသူတွေကို စစ်ဆေးစရာမလိုဘဲ ဖယ်ရှားတယ်။ သူတို့နေရာမှာ တခြားသူတွေကို ခန့်အပ်တယ်။+ ၂၅  သူတို့ ဘာတွေလုပ်နေမှန်း ဘုရားသိတယ်။+ ညအချိန်မှာ ဖျက်ဆီးလိုက်တဲ့အတွက် သူတို့ပျက်စီးသွားတယ်။+ ၂၆  သူတို့ရဲ့ဆိုးညစ်မှုကြောင့်လူမြင်ကွင်းမှာ ဒဏ်ခတ်တယ်။+ ၂၇  သူတို့က ဘုရားရဲ့နောက်ကို ဆက်မလိုက်ဘဲ လမ်းလွဲသွားတယ်။+ ဘုရားရဲ့လမ်းစဉ်တွေကို လုံးဝ အရေးမစိုက်ဘူး။+ ၂၈  သူတို့ဒုက္ခပေးလို့ ဆင်းရဲသားတွေက ဘုရားဆီ အကူအညီတောင်းကြတယ်။ ခိုကိုးရာမဲ့သူတွေရဲ့ အော်ဟစ်သံကို ဘုရားကြားတယ်။+ ၂၉  ဘုရားသာ နှုတ်ဆိတ်နေရင် ဘယ်သူအပြစ်တင်နိုင်မှာလဲ။ မျက်နှာတော်ကို ကွယ်လိုက်ရင် ဘယ်သူမြင်နိုင်တော့မှာလဲ။ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူတစ်ယောက်ကိုဖြစ်စေ မျက်နှာတော်ကို ကွယ်လိုက်ရင် ရလဒ်ဟာ အတူတူပဲ။ ၃၀  ဒါကြောင့် ဘုရားတရားမဲ့သူ မအုပ်စိုးနိုင်တော့ဘူး။+ လူတွေကို ထောင်ချောက် မဆင်နိုင်တော့ဘူး။ ၃၁  တစ်ယောက်ယောက်က‘ကျွန်တော် ဘာအပြစ်မှမလုပ်ဘဲနဲ့ ဒဏ်ပေးခံရတယ်။+ ၃၂  ကိုယ့်အမှားကိုယ် မသိတာမျိုးဆိုရင် သင်ပေးပါ။ မကောင်းတာလုပ်ခဲ့မိတယ်ဆိုရင် နောင်မလုပ်တော့ပါဘူး’ လို့ ဘုရားကို ပြောပါ့မလား။ ၃၃  ဘုရားက ခင်ဗျားထင်သလို ဆုချမှာလား။ စီရင်တော်မူချက်ကို ခင်ဗျားမှ လက်မခံတာ။ လက်မခံဖို့ ဆုံးဖြတ်လိုက်တာ ကျွန်တော်မဟုတ်ဘူး။ ခင်ဗျားပဲ။ အဲဒီတော့ ခင်ဗျားသိထားတာကို ပြောပြပါ။ ၃၄  သိနားလည်မှုရှိသူတွေ၊ကျွန်တော်ပြောတာကိုကြားတဲ့ ပညာရှိတွေက ၃၅  ‘ယောဘက ဘာမှမသိဘဲ ပြောနေတာ။+ ထိုးထွင်းဉာဏ်မရှိဘဲ ပြောနေတာ’ လို့ ကျွန်တော့်ကို ပြောကြတယ်။ ၃၆  ယောဘက လူဆိုးတွေလို ပြန်ပြောတဲ့အတွက်အတိုင်းအတာတစ်ခုအထိ စမ်းသပ်ခံရပါစေ။ ၃၇  သူက အပြစ်အပေါ် ပုန်ကန်မှုကို ထပ်ဆင့်တယ်။+ ကျွန်တော်တို့ကို လက်ခုပ်တီးပြီး လှောင်တယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုလည်း အကြီးအကျယ် ဆန့်ကျင်ပြောဆိုတယ်။”+

အောက်ခြေမှတ်ချက်များ