ယေရမိ ၄:၁-၃၁

  • နောင်တရခြင်းရဲ့ ကောင်းချီး (၁-၄)

  • မြောက်အရပ်ကလာမယ့် ဘေးဆိုး (၅-၁၈)

  • ရောက်လာမယ့်ဘေးဆိုးကြောင့် ယေရမိ ရင်နာ (၁၉-၃၁)

 ယေဟောဝါက “အို အစ္စရေး၊ မင်းသာ ပြန်လာမယ်ဆိုရင်၊ငါ့ဆီ ပြန်လာမယ်ဆိုရင်၊ရွံမုန်းဖွယ်ရုပ်တုတွေကို ငါ့ရှေ့ကနေ ဖယ်ရှားမယ်ဆိုရင် ဝရမ်းပြေးဘဝရောက်မှာ မဟုတ်ဘူး။+  ၂  ‘အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကိုတိုင်တည်ပြီး ပြောမယ်’ ဆိုပြီး အမှန်တရား၊တရားမျှတမှု၊ ဖြောင့်မတ်မှုနဲ့အညီ သစ္စာဆိုမယ်ဆိုရင် လူမျိုးတွေ ကောင်းချီးခံစားရလိမ့်မယ်။ ဘုရားသခင်ကြောင့် ဝါကြွားကြလိမ့်မယ်” လို့ပြောတယ်။+ ၃  ယုဒလူတွေနဲ့ ဂျေရုဆလင်မြို့ကို ယေဟောဝါပြောတယ်– “မြေကို ထွန်ယက်ပါ။ ဆူးပင်တွေကြားမှာပဲ မျိုးကြဲမနေနဲ့။+  ၄  ယုဒလူတို့၊ ဂျေရုဆလင်မြို့သူမြို့သားတို့၊ငါယေဟောဝါအတွက် စိတ်နှလုံးကို စင်ကြယ်စေကြပါ။*+ ဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ အကျင့်ဆိုးတွေကြောင့် ငါ့ဒေါသဟာ မီးလိုတောက်လောင်မယ်။ ဒေါသမီး လောင်ကျွမ်းပြီး ငြိမ်းသတ်မယ့်သူရှိမှာ မဟုတ်ဘူး” လို့ပြောတယ်။+  ၅  ယုဒပြည်မှာ ကြေညာကြပါ။ ဂျေရုဆလင်မြို့မှာ ကြွေးကြော်ကြပါ။ တစ်ပြည်လုံးမှာ တံပိုးမှုတ်ကြပါ။+ “အတူစုဝေးပြီး ခံတပ်မြို့တွေထဲ ပြေးဝင်ကြစို့။+  ၆  ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို စိုက်ထူကြပါ။ ခိုနားရာကို ရှာကြ။ ငြိမ်ငြိမ်လေး ရပ်မနေကြနဲ့” လို့အော်ပြောလိုက်ပါ။ ပြိုလဲမှုဘေးဆိုးကြီးကို မြောက်အရပ်ကနေ ငါခေါ်လာပြီ။+  ၇  ရန်သူဟာ ချုံထဲကနေ ခြင်္သေ့လို တက်လာပြီ။+ လူမျိုးတွေကိုဖျက်ဆီးသူ ထွက်လာပြီ။+ မင်းရဲ့တိုင်းပြည်ကို ထိတ်လန့်စရာကောင်းတဲ့ပြည် ဖြစ်စေဖို့ သူ့နေရာကနေ ထွက်လာပြီ။ မင်းရဲ့မြို့တွေ ပျက်စီးသွားလိမ့်မယ်။ နေထိုင်သူရှိတော့မှာ မဟုတ်ဘူး။+  ၈  ဒါကြောင့် အထည်ကြမ်း ဝတ်ကြပါ။+ ညည်းတွားငိုကြွေးပြီး မြည်တမ်းကြပါ။ ယေဟောဝါက အမျက်တော်ကို ငါတို့ဆီကနေ ရုပ်သိမ်းမှာ မဟုတ်ဘူး။  ၉  “အဲဒီနေ့မှာ ရှင်ဘုရင်ရော မင်းညီမင်းသားတွေပါ သတ္တိပျောက်ကုန်မယ်။+ ပုရောဟိတ်တွေ ကြောက်လန့်ပြီး ပရောဖက်တွေ မှင်တက်သွားမယ်”+ လို့ ယေဟောဝါပြောတယ်။ ၁၀  အဲဒီအခါ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ လည်မျိုမှာ ဓားထောက်နေတာတောင် ကိုယ်တော်က ‘ငြိမ်သက်ခြင်း ရှိလိမ့်မယ်’ တဲ့။+ ဒါဟာ ဒီလူတွေနဲ့ ဂျေရုဆလင်ကို လုံးဝလှည့်စားနေတာပဲ” လို့ပြောတယ်။+ ၁၁  အဲဒီအချိန်မှာ ဒီလူတွေနဲ့ ဂျေရုဆလင်မြို့ကို ပြောရမှာက– “သဲကန္တာရမှာရှိတဲ့ တောင်ကတုံးတွေကနေ လေပူတွေဟာ ငါ့လူမျိုးသမီးပျိုကို တိုက်ချသွားလိမ့်မယ်။ စပါးကိုလှေ့ပြီး သန့်စင်စေဖို့ တိုက်တဲ့လေတွေတော့ မဟုတ်ဘူး။ ၁၂  ငါ့အမိန့်ကြောင့် အဲဒီနေရာတွေကနေ လေပြင်းတွေ တိုက်ခတ်နေတယ်။ အခု သူတို့အပေါ် တရား စီရင်ချက်တွေကို ငါကြေညာမယ်။ ၁၃  ကြည့်ပါ။ ရန်သူဟာ မိုးတိမ်လို လာတော့မယ်။ သူ့မြင်းရထားတွေဟာ လေပြင်းမုန်တိုင်းလိုပဲ။+ သူ့မြင်းတွေဟာ လင်းယုန်တွေထက် ပိုမြန်တယ်။+ ငါတို့ ဖျက်ဆီးခံရပြီမို့ အဖြစ်ဆိုးလိုက်တာ။ ၁၄  အို ဂျေရုဆလင်၊ ကယ်တင်ခံရဖို့ မင်းရဲ့စိတ်နှလုံးကို မကောင်းမှုကင်းစင်အောင် ဆေးကြောလိုက်ပါ။+ ဆိုးညစ်တာတွေကို ဘယ်အချိန်အထိ တွေးနေမှာလဲ။ ၁၅  အသံတစ်သံက ဒန်မြို့ကနေ သတင်းပေးနေတယ်။+ ဧဖရိမ်တောင်တန်းဒေသကနေ ဘေးဒုက္ခကို ကြွေးကြော်နေတယ်။ ၁၆  ဒါကို လူမျိုးတွေကို ပြောပြပါ။ ဂျေရုဆလင်ကို ကြွေးကြော်ပါ။” “ကင်းစောင့်တွေ ဝေးလံတဲ့ပြည်ကနေ လာနေတယ်။ ယုဒရဲ့မြို့တွေကိုတိုက်ဖို့ အော်ဟစ်ကြလိမ့်မယ်။ ၁၇  ဂျေရုဆလင်က ငါ့ကိုပုန်ကန်ခဲ့တယ်။+ ဒါကြောင့် သူတို့က ဂျေရုဆလင် ကိုတိုက်ဖို့ လယ်စောင့်တွေလို အဘက်ဘက်ကနေ လာကြတယ်”+ ဆိုပြီး ယေဟောဝါပြောတယ်။ ၁၈  “မင်းရဲ့လမ်းစဉ်နဲ့ လုပ်ရပ်တွေအတိုင်း ပြန်ခံရမယ်။+ မင်းကြုံရတဲ့ဘေးဆိုးဟာ ခါးသီးလိုက်တာ။ ပုန်ကန်မှုဟာ မင်းရဲ့စိတ်နှလုံးအထိ စိမ့်ဝင်နေပြီ။” ၁၉  ရင်နာလိုက်တာ၊ ရင်နာလိုက်တာ။ ရင်ထဲမှာ တဆစ်ဆစ် နာကျင်နေတယ်။ ရင်တွေ တဒိန်းဒိန်း ခုန်နေတယ်။ တံပိုးမှုတ်သံ၊စစ်တိုက်ဖို့ အချက်ပေးသံ* ကြားနေရလို့+ ကျွန်တော် နှုတ်ဆိတ်မနေနိုင်ဘူး။ ၂၀  ဘေးဒုက္ခတစ်ခုပြီးတစ်ခု ဖြစ်နေပြီဆိုတဲ့ သတင်းရတယ်။ တစ်တိုင်းပြည်လုံး ဖျက်ဆီးခံရပြီ။ တဲတွေ ရုတ်တရက် ဖျက်ဆီးခံရပြီ။ ရွက်ထည်တွေလည်း တစ်ခဏအတွင်း ဖျက်ဆီးခံရပြီ။+ ၂၁  ဇိအုန်မြို့ဆီ ညွှန်ပြတဲ့တိုင်ကို ဘယ်အချိန်ထိ မြင်နေရဦးမှာလဲ။ တံပိုးမှုတ်သံကို ဘယ်အချိန်ထိ ကြားနေရဦးမှာလဲ။+ ၂၂  “ငါ့လူတွေက မိုက်မဲတယ်။+ ငါ့ကို အရေးမလုပ်ကြဘူး။ သိနားလည်မှုမရှိတဲ့ သားမိုက်တွေပဲ။ သူတို့က မကောင်းတာလုပ်ဖို့ဆိုရင် တော်လိုက်ကြတာ။ ကောင်းတာကိုတော့ မလုပ်တတ်ကြဘူး။” ၂၃  ကမ္ဘာမြေကို ငါကြည့်လိုက်တော့ ဟာလာဟင်းလင်းနဲ့ လူသူကင်းမဲ့နေတယ်။+ ကောင်းကင်ကို ကြည့်တော့လည်း ဘာအလင်းမှ မတွေ့ဘူး။+ ၂၄  တောင်တန်းတွေကို ကြည့်လိုက်တော့ တုန်လှုပ်နေကြတယ်။ တောင်ကုန်းတွေလည်း လှုပ်ခါနေတယ်။+ ၂၅  ငါကြည့်လိုက်တဲ့အခါ လူတစ်ယောက်မှ မတွေ့ဘူး။ မိုးကောင်းကင်ငှက်တွေလည်း ပျံသန်းကုန်ပြီ။+ ၂၆  ငါကြည့်လိုက်တဲ့အခါ သစ်သီးခြံဟာ တောကန္တာရ ဖြစ်နေတယ်။ မြို့အားလုံး ပြိုပျက်ကုန်ပြီ။+ ဒါဟာ ယေဟောဝါကြောင့်၊အမျက်တော်မီးကြောင့်ပဲ။ ၂၇  ယေဟောဝါ ပြောတာက– “တစ်ပြည်လုံး လူသူကင်းမဲ့သွားမယ်။+ ငါ အကုန်အစင်တော့ မဖျက်ဆီးဘူး။ ၂၈  ဒါကြောင့် ကမ္ဘာမြေ ညည်းတွားငိုကြွေးရလိမ့်မယ်။+ မိုးကောင်းကင် မှောင်မိုက်သွားမယ်။+ ငါပြောပြီးပြီ။ ဆုံးဖြတ်ပြီးပြီ။ စိတ်ပြောင်းလဲမှာ၊ နောက်ဆုတ်မှာ မဟုတ်ဘူး။+ ၂၉  မြင်းစီးသူရဲတွေ၊ လေးသမားတွေရဲ့အသံကြောင့် တစ်မြို့လုံး ထွက်ပြေးကုန်ပြီ။+ တောအုပ်တွေထဲ ဝင်ပြီး ကျောက်ဆောင်တွေပေါ် တက်သွားကြပြီ။+ မြို့တိုင်း လူသူဆိတ်ညံရာ ဖြစ်ကုန်ပြီ။ နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။” ၃၀  အခု မင်းက ဖျက်ဆီးခံရပြီမို့ ဘာဆက်လုပ်မလဲ။ ကြက်သွေးရောင်အဝတ်ကို မင်း ဝတ်ခဲ့ဖူးတယ်။ ရွှေလက်ဝတ်တန်ဆာတွေ ဆင်မြန်းခဲ့ဖူးတယ်။ မျက်လုံးကို အနက်ရောင် ခြယ်သခဲ့ဖူးတယ်။ အဲဒီလိုအလှပြင်နေလည်း အလကားပဲ။+ ရာဂစိတ်နဲ့ တပ်မက်နေသူတွေ မင်းကို ပစ်ပယ်သွားကြပြီ။ အခု မင်းကိုသတ်ဖို့ လိုက်ရှာနေကြပြီ။+ ၃၁  ဖျားနာနေတဲ့ မိန်းမရဲ့ ညည်းသံ၊သားဦးမွေးလို့ ဝေဒနာခံစားနေရတဲ့အသံမျိုး ငါကြားတယ်။ ဇိအုန်သမီးပျို အသက်လုရှူနေရတဲ့ အသံပဲ။ သူက လက်ဖြန့်ပြီး+ “ငါ့အဖြစ်ဆိုးလိုက်တာ။ လူသတ်သမားတွေကြောင့် ငါမောဟိုက်နေပြီ” လို့ပြောနေတယ်။

အောက်ခြေမှတ်ချက်များ

မူရင်း၊ “အရေဖျားဖြတ်ကြပါ။”
“စစ်ငြာသံ” လည်းဖြစ်နိုင်။