ဗျာဒိတ် ၂၀:၁-၁၅

  • စာတန်ကို အနှစ် ၁,၀၀၀ ချည်နှောင် (၁-၃)

  • ခရစ်တော်နဲ့အတူ အနှစ်တစ်ထောင် အုပ်စိုးမယ့်သူများ (၄-၆)

  • စာတန် လွတ်လာ၊ အဲဒီနောက် ဖျက်ဆီးခံရ (၇-၁၀)

  • သေလွန်သူတွေ အဖြူရောင် ရာဇပလ္လင်ရှေ့ တရားစီရင်ခံရ (၁၁-၁၅)

၂၀  အဲဒီနောက် ကောင်းကင်တမန်တစ်ပါးက တွင်းနက်ကြီးရဲ့သော့နဲ့+ သံကြိုးကြီးကို ကိုင်ပြီး ကောင်းကင်ကနေ ဆင်းလာတာကို ကျွန်တော် မြင်တယ်။ ၂  သူက မာရ်နတ်+ စာတန်လို့ခေါ်တဲ့+ ရှေးမြွေဟောင်း+ နဂါးကြီးကို+ ဖမ်းပြီး အနှစ် ၁,၀၀၀ ချည်နှောင်လိုက်တယ်။ ၃  အဲဒီနောက် သူက နဂါးကြီးကို တွင်းနက်ကြီးထဲ+ ပစ်ချပြီး တွင်းဝကို တံဆိပ်ခတ်ပြီး ပိတ်လိုက်တယ်။ နဂါးကြီးက အနှစ် ၁,၀၀၀ မကုန်မချင်း လူမျိုးတွေကို နောက်တစ်ကြိမ် လှည့်ဖြားလို့ မရတော့ဘူး။ ပြီးရင်တော့ နဂါးကြီးကို ခဏပြန်လွှတ်ဦးမယ်။+ ၄  အဲဒီနောက် ရာဇပလ္လင်တွေကို ကျွန်တော် မြင်တယ်။ ဘုရားသခင်က ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူတွေကို တရားစီရင်ခြင်း အခွင့်အာဏာ ပေးအပ်တယ်။ ယေရှုအကြောင်း သက်သေခံလို့၊ ဘုရားသခင်အကြောင်း ဟောပြောလို့၊ သားရဲကိုဖြစ်စေ၊ သားရဲရုပ်တုကိုဖြစ်စေ မကိုးကွယ်လို့၊ နဖူးနဲ့လက်ပေါ်မှာ သားရဲအမှတ်တံဆိပ် မရိုက်နှိပ်လို့ ကွပ်မျက်ခံရတဲ့သူတွေကိုလည်း ကျွန်တော် မြင်တယ်။+ သူတို့က အသက်ပြန်ရှင်လာပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရတယ်။+ ၅  ဒါဟာ ပထမရှင်ပြန်ထမြောက်ခြင်းပဲ။+ (ကျန်တဲ့လူသေတွေကတော့+ အနှစ် ၁,၀၀၀ ပြီးဆုံးမှ အသက်ရှင်ရလိမ့်မယ်။) ၆  ပထမရှင်ပြန်ထမြောက်ခြင်းမှာ ပါဝင်သူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်၊ သန့်ရှင်းတယ်။+ ဒုတိယသေခြင်းက+ သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။+ သူတို့ဟာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ပုရောဟိတ်တွေ+ ဖြစ်ပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရလိမ့်မယ်။+ ၇  အနှစ် ၁,၀၀၀ ကုန်တာနဲ့ စာတန် ထောင်ထဲကနေ လွတ်လာလိမ့်မယ်။ ၈  သူက ကမ္ဘာမြေရဲ့ အရပ်လေးမျက်နှာက လူမျိုးတွေဖြစ်တဲ့ ဂေါဂနဲ့ မာဂေါဂကို လှည့်ဖြားဖို့ ထွက်သွားပြီး စစ်ပွဲဆင်နွှဲဖို့ သူတို့ကို စုရုံးလိမ့်မယ်။ သူတို့ရဲ့ အရေအတွက်ဟာ ပင်လယ်သဲပွင့်တွေလို များတယ်။ ၉  သူတို့က မြေတစ်ပြင်လုံးဆီ ချီတက်လာပြီး သန့်ရှင်းသူတွေရဲ့စခန်းနဲ့ ဘုရားသခင် မြတ်နိုးတဲ့မြို့ကို ဝိုင်းရံကြလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်ကနေ မီးကျပြီး သူတို့ကို လောင်ကျွမ်းသွားလိမ့်မယ်။+ ၁၀  သူတို့ကို လှည့်ဖြားတဲ့မာရ်နတ်လည်း သားရဲနဲ့+ ပရောဖက်အတုအယောင် ရောက်နှင့်နေတဲ့ ကန့်မီးအိုင်ထဲ+ ပစ်ချခံရတယ်။ သူတို့ဟာ အစဉ်ထာဝရ နေ့ညမပြတ် ညှဉ်းဆဲခံရလိမ့်မယ်။* ၁၁  အဲဒီနောက် အဖြူရောင် ရာဇပလ္လင်ကြီးနဲ့ ပလ္လင်ပေါ်ထိုင်နေတဲ့ ဘုရားသခင်ကို ကျွန်တော် မြင်တယ်။+ မိုးကောင်းကင်နဲ့ ကမ္ဘာမြေဟာ ရှေ့တော်ကနေ ပျောက်လွင့်သွားတဲ့အတွက်+ ရှာမတွေ့နိုင်တော့ဘူး။ ၁၂  အဲဒီနောက် ရာဇပလ္လင်ရှေ့မှာ သေလွန်သူ လူကြီးလူငယ်တွေ ရပ်နေတာကို ကျွန်တော် မြင်တယ်။ စာလိပ်တွေကို ဖွင့်ထားတယ်။ တခြားစာလိပ်တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲဒါ အသက်စာလိပ်ပဲ။+ သေလွန်သူတွေဟာ စာလိပ်တွေမှာ ရေးထားတဲ့ စကားတွေနဲ့အညီ သူတို့ရဲ့ အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်။+ ၁၃  ပင်လယ်က မိမိဆီမှာရှိတဲ့ သေလွန်သူတွေကို ပေးအပ်တယ်။ သေမင်းနဲ့ သင်္ချိုင်း* ကလည်း မိမိတို့ဆီမှာ ရှိထားတဲ့ သေလွန်သူတွေကို ပေးအပ်တယ်။ သေလွန်သူတွေဟာ မိမိတို့အကျင့်တွေအတိုင်း တရားစီရင်ခံရတယ်။+ ၁၄  အဲဒီနောက် သေမင်းနဲ့ သင်္ချိုင်းဟာ မီးအိုင်ထဲ ပစ်ချခံရတယ်။+ အဲဒီမီးအိုင်ဟာ+ ဒုတိယသေခြင်းကို ဆိုလိုတယ်။+ ၁၅  အဲဒီအပြင် အသက်စာစောင်မှာ+ စာရင်းမဝင်သူအားလုံးလည်း မီးအိုင်ထဲ ပစ်ချခံရတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကန့်သတ်ထိန်းချုပ်ခံရလိမ့်မယ်။ ချုပ်နှောင်ခံရလိမ့်မယ်။”
ခက်ဆစ်ကိုကြည့်။