ပညာအလိမ္မာ ၂၈:၁-၂၈

  • မနာယူတတ်သူရဲ့ ဆုတောင်းချက်ဟာ ရွံစရာဖြစ် ()

  • အမှားဝန်ခံသူ ကရုဏာခံစားရ (၁၃)

  • ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ကြိုးစားသူ အပြစ်မကင်း (၂၀)

  • မြှောက်ပင့်တာထက် ပဲ့ပြင်တာ ပိုကောင်း (၂၃)

  • ရက်ရောတဲ့သူ လိုလေသေးမရှိ (၂၇)

၂၈  လူဆိုးက လိုက်ဖမ်းတဲ့သူမရှိဘဲ ပြေးတတ်တယ်။ ဖြောင့်မတ်သူကတော့ ခြင်္သေ့လို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။+  ၂  ပြည်သူပြည်သားတွေ အပြစ် ကျူးလွန်တဲ့အခါ ခေါင်းဆောင် တစ်ယောက်ပြီးတစ်ယောက် အုပ်ချုပ်လိမ့်မယ်။+ ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး အသိအမြင်ကြွယ်သူရဲ့ အကူအညီကို ရတဲ့ ခေါင်းဆောင်ကတော့ ကြာရှည် အုပ်ချုပ်ရလိမ့်မယ်။+  ၃  နိမ့်ကျသူကို ဖြတ်စားလျှပ်စား လုပ်တဲ့ ဆင်းရဲသားဟာ+အစားအစာအားလုံးကို တိုက်ချသွားတဲ့ မိုးရေနဲ့တူတယ်။  ၄  ဥပဒေပစ်ပယ်သူတွေက လူဆိုးတွေကို ချီးမွမ်းတတ်တယ်။ ဥပဒေစောင့်ထိန်းသူတွေကတော့ ဥပဒေပစ်ပယ်သူတွေကို ဒေါသထွက်တယ်။+  ၅  လူယုတ်မာတွေက တရားမျှတမှုအကြောင်း နားမလည်နိုင်ဘူး။ ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်။+  ၆  သမာဓိရှိရှိ လျှောက်လှမ်းတဲ့ ဆင်းရဲသားကအကျင့်ပျက်လမ်းစဉ်လိုက်တဲ့ သူဌေးသားထက် ပိုသာတယ်။+  ၇  သိနားလည်မှုရှိတဲ့သားက စည်းမျဉ်းစည်းကမ်းကို လိုက်နာတယ်။ စားကြူးသူတွေနဲ့ ပေါင်းသင်းတဲ့ သားကတော့ ဖခင်ကို အရှက်ခွဲတယ်။+  ၈  အတိုးယူရုံမက အတိုးကြီးစားပြီး ချမ်းသာလာသူဟာ+နွမ်းပါးသူတွေကို မျက်နှာသာပေးတဲ့သူအတွက် စုဆောင်းနေတာပဲ။+  ၉  လူတစ်ယောက်က ပညတ်တရားကို မနာယူရင်သူ့ဆုတောင်းချက်တောင် ရွံမုန်း စရာ ဖြစ်သွားတယ်။+ ၁၀  စိတ်ရိုးဖြောင့်သူကို လမ်းမှားရောက်စေတဲ့သူဟာ ကိုယ့်တွင်းထဲ  ကိုယ်ပြန်ကျ လိမ့်မယ်။+ အပြစ်ပြောစရာ မရှိသူကတော့ ကောင်းတဲ့အရာတွေကို အမွေရလိမ့်မယ်။+ ၁၁  သူဌေးက ကိုယ့်ကိုယ်ကိုယ် ဉာဏ်ပညာရှိတယ်လို့ ထင်တတ်တယ်။+ ပိုင်းခြားသိမြင်မှုရှိတဲ့ ဆင်းရဲသားကတော့ အဲဒီသူဌေးအကြောင်း ကောင်းကောင်း သိနိုင်တယ်။+ ၁၂  ဖြောင့်မတ်သူတွေ အောင်ပွဲဆင်တဲ့အခါ အကြီးအကျယ် ဂုဏ်ကျက်သရေရှိတယ်။ လူဆိုးတွေ အာဏာရလာရင်တော့ လူတွေ ပုန်းနေတတ်တယ်။+ ၁၃  ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။+ အမှားကိုဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။+ ၁၄  သတိတရားလက်ကိုင်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ ခေါင်းမာသူကတော့ ဘေးဆိုးကြုံရလိမ့်မယ်။+ ၁၅  ခိုကိုးရာမဲ့သူတွေကို အုပ်ချုပ်တဲ့ မင်းဆိုးဟာမာန်ဖီနေတဲ့ခြင်္သေ့၊ တစ်ဟုန်ထိုး တိုက်ခိုက်နေတဲ့ ဝက်ဝံနဲ့ တူတယ်။+ ၁၆  ပိုင်းခြားသိမြင်မှုမရှိတဲ့ ခေါင်းဆောင်က အာဏာကို အလွဲသုံးတတ်တယ်။+ မတရားအမြတ်ထုတ်တာကို မုန်းတဲ့သူကတော့ အသက်ရှည်လိမ့်မယ်။+ ၁၇  လူသတ်မှုကျူးလွန်သူက သင်္ချိုင်းကို မရောက်မချင်း ပြေးနေရ လိမ့်မယ်။+ သူ့ကို ဘယ်သူမှ မကူညီပါနဲ့။ ၁၈  အမှားကင်းတဲ့လမ်းစဉ်မှာ လျှောက်လှမ်းနေသူဟာ ကယ်တင်ခံရလိမ့်မယ်။+ ကောက်ကျစ်တဲ့လမ်းစဉ် လိုက်သူကတော့ ရုတ်တရက် ပြိုလဲရလိမ့်မယ်။+ ၁၉  လယ်စိုက်သူမှာ စားစရာ အလျှံပယ်ရှိလိမ့်မယ်။ တန်ဖိုးမရှိတာတွေကို လိုက်စားသူကတော့ ဆင်းရဲမွဲတေသွားလိမ့်မယ်။+ ၂၀  သစ္စာရှိသူက ကောင်းချီး အများကြီးရလိမ့်မယ်။+ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး။+ ၂၁  မျက်နှာလိုက်တာ မကောင်းဘူး။+ လူဟာ မုန့်တစ်ဖဲ့စာအတွက်နဲ့ အမှားလုပ်မိနိုင်တယ်။ ၂၂  မနာလိုတတ်သူက* ချမ်းသာကြွယ်ဝဖို့ စိတ်ပြင်းပြတယ်။ ဆင်းရဲသွားမှာကိုတော့ သူ မသိဘူး။ ၂၃  သူတစ်ပါးကို ပဲ့ပြင်သူဟာ+ မြှောက်ပင့်ပြောဆိုသူထက်နောက်ပိုင်းမှာ မျက်နှာသာပိုရလိမ့်မယ်။+ ၂၄  မိဘကိုလုယက်ပြီးမှ “ဒါမမှားပါဘူး” လို့ပြောတဲ့သူဟာ+ဖျက်ဆီးတတ်သူရဲ့ အပေါင်းအဖော်ပဲ။+ ၂၅  လောဘကြီးသူဟာ* စိတ်ဝမ်းကွဲအောင် လှုံ့ဆော်တတ်တယ်။ ယေဟောဝါကို အားကိုးသူကတော့ ကြီးပွားလိမ့်မယ်။+ ၂၆  ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားသူဟာ မိုက်မဲတယ်။+ ဉာဏ်ပညာလမ်းစဉ်မှာ လျှောက်လှမ်းသူကတော့ ဘေးလွတ်တတ်တယ်။+ ၂၇  ဆင်းရဲသားကို ပေးကမ်းသူဟာ လိုလေသေးမရှိ ပြည့်စုံလိမ့်မယ်။+ သူတို့ကို မျက်ကွယ်ပြုသူကိုတော့ လူအများက ကျိန်ဆဲလိမ့်မယ်။ ၂၈  လူဆိုးတွေ အာဏာရလာတဲ့အခါ လူတွေ ပုန်းနေတတ်တယ်။ သူတို့ ပျက်စီးသွားတဲ့အခါမှာတော့ ဖြောင့်မတ်သူတွေ တိုးများလာတယ်။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “လောဘကြီးသူက။”
“မောက်မာသူက” လည်းဖြစ်နိုင်။