တောလည်ရာ ၂၆:၁-၆၅

  • အစ္စရေးမျိုးနွယ် ဒုတိယအကြိမ် စာရင်းကောက် (၁-၆၅)

၂၆  ဘေးဒဏ်ရပ်သွားပြီးနောက်+ ယေဟောဝါက  မောရှေနဲ့ ပုရောဟိတ်အာရုန်ရဲ့သား ဧလာဇာကို၊ ၂  “အစ္စရေးလူတွေထဲက စစ်မှုထမ်းနိုင်တဲ့ အသက် ၂၀ ပြည့်သူတွေကို မျိုးနွယ်စုအလိုက် လူဦးရေစာရင်းကောက်ပါ”+ ဆိုပြီး မှာတယ်။ ၃  မောရှေနဲ့ ပုရောဟိတ် ဧလာဇာလည်း+ ယေရိခေါမြို့အနီး၊+ ဂျော်ဒန်မြစ်နား၊ မောဘလွင်ပြင်မှာ၊+ ၄  “မောရှေကို ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း အသက် ၂၀ ပြည့်သူတွေကို လူဦးရေစာရင်းကောက်ပါ”+ လို့ လူတွေကို ပြောတယ်။ အီဂျစ်ပြည်ကနေ  ထွက်လာတဲ့ အစ္စရေးရဲ့  သားစဉ်မြေးဆက်တွေကတော့– ၅  အစ္စရေးသားဦးဖြစ်တဲ့ ရုဗင်အနွယ်ရဲ့+ သားမြေးတွေက–+ ဟာနုတ်မိသားစု၊  ဖာလုမိသားစု၊ ၆  ဟေဇရုံမိသားစု၊ ကာမိ မိသားစု။ ၇  ရုဗင်အနွယ်ရဲ့  မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၄၃,၇၃၀ ရှိတယ်။+ ၈  ဖာလုရဲ့သားက  ဧလျာဘ၊ ၉  ဧလျာဘရဲ့သားတွေက  နေမွေလ၊ ဒါသန်၊ အဘိရံ။ ဒါသန်နဲ့ အဘိရံဟာ လူတွေထဲက ရွေးချယ်ခံရသူတွေပဲ။ ကောရရဲ့ အုပ်စုနဲ့ပူးပေါင်းပြီး မောရှေနဲ့ အာရုန်ကို ပုန်ကန်ခဲ့သူတွေ၊+ ယေဟောဝါကို ပုန်ကန်ခဲ့သူတွေပဲ။+ ၁၀  မြေကြီးက ကွဲအက်ပြီး သူတို့ကို မျိုပစ်တယ်။ ကောရက အပေါင်းပါ ၂၅၀ နဲ့အတူ မီးလောင်ပြီး သေသွားတယ်။+ သူတို့ဟာ သတိပေးနမူနာပဲ။+ ၁၁  ကောရရဲ့ သားတွေကတော့ မသေဘူး။+ ၁၂  ရှိမောင်အနွယ်ရဲ့+ မိသားစုတွေကတော့– နေမွေလမိသားစု၊ ယာမိန်မိသားစု၊ ယာခိန်မိသားစု၊ ၁၃  ဇေရမိသားစု၊ ရှောလမိသားစု။ ၁၄  ရှိမောင်အနွယ်ရဲ့ မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၂၂,၂၀၀ ရှိတယ်။+ ၁၅  ဂဒ်အနွယ်ရဲ့+ မိသားစုတွေက– ဇေဖုန်မိသားစု၊ ဟဂိမိသားစု၊ ရှုနိမိသားစု၊ ၁၆  ဩဇနိမိသားစု၊ ဧရိမိသားစု၊ ၁၇  အာရောဒိမိသားစု၊ အရေလိမိသားစု။ ၁၈  ဂဒ်အနွယ်ရဲ့ မိသားစုတွေမှာ  စာရင်းဝင်သူပေါင်း  ၄၀,၅၀၀  ရှိတယ်။+ ၁၉  ယုဒရဲ့သားတွေက+  ဧရနဲ့ ဩနန်။+ သူတို့ ခါနန်ပြည်မှာ သေဆုံးသွားတယ်။+ ၂၀  ယုဒအနွယ်ရဲ့ မိသားစုတွေကတော့–  ရှေလမိသားစု၊+ ဖာရက်မိသားစု၊+ ဇေရမိသားစု။+ ၂၁  ဖာရက်ရဲ့ သားမြေးတွေက– ဟေဇရုံမိသားစု၊+ ဟာမုလမိသားစု။+ ၂၂  ယုဒအနွယ်ရဲ့  မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၇၆,၅၀၀ ရှိတယ်။+ ၂၃  အိသခါအနွယ်ရဲ့+  မိသားစုတွေကတော့– တောလမိသားစု၊+ ဖုဝါမိသားစု၊ ၂၄  ယာရှုပ်မိသားစု၊ ရှိမရုန်မိသားစု။ ၂၅  အိသခါအနွယ်ရဲ့ မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၆၄,၃၀၀ ရှိတယ်။+ ၂၆  ဇာဗုလုန်အနွယ်ရဲ့+ မိသားစုတွေကတော့–  စိရက်မိသားစု၊ ဧလုန် မိသားစု၊  ယာလေလမိသားစု။ ၂၇  ဇာဗုလုန်အနွယ်ရဲ့ မိသားစုတွေမှာ  စာရင်းဝင်သူပေါင်း ၆၀,၅၀၀ ရှိတယ်။+ ၂၈  ယောသပ်အနွယ်ရဲ့+ မိသားစုတွေကတော့ မနာရှေမိသားစု၊ ဧဖရိမ်မိသားစု။+ ၂၉  မနာရှေရဲ့+ သားမြေးတွေက–  မာခိရမိသားစု၊+  ဂိလဒ်မိသားစု။  မာခိရရဲ့သားက  ဂိလဒ်။+ ၃၀  ဂိလဒ်ရဲ့သားမြေးတွေက– ယေဇာမိသားစု၊ ဟိလက်မိသားစု၊ ၃၁  အသရေလမိသားစု၊ ရှေခင်မိသားစု၊ ၃၂  ရှမိဒမိသားစု၊ ဟေဖာမိသားစု။ ၃၃  ဟေဖာရဲ့သား ဇလောဖဒ်မှာ သားမရှိဘဲ သမီးတွေပဲ ရှိတယ်။+ သူတို့နာမည်က မာလာ၊ နောဧ၊ ဟောဂလာ၊ မိလခါ၊ တိရဇာ။+ ၃၄  မနာရှေအနွယ်ရဲ့ မိသားစုတွေမှာ  စာရင်းဝင်သူပေါင်း ၅၂,၇၀၀ ရှိတယ်။+ ၃၅  ဧဖရိမ်အနွယ်ရဲ့+  မိသားစုတွေကတော့–  ရှုသေလမိသားစု၊+ ဗေခါမိသားစု၊  တာဟန်မိသားစု။ ၃၆  ရှုသေလရဲ့သားမြေးတွေက ဧရန်မိသားစု။ ၃၇  ဧဖရိမ်အနွယ်ရဲ့ မိသားစုတွေမှာ  စာရင်းဝင်သူပေါင်း ၃၂,၅၀၀ ရှိတယ်။+ သူတို့ဟာ ယောသပ်အနွယ်ရဲ့ မိသားစုတွေပဲ။ ၃၈  ဗင်ယာမိန်အနွယ်ရဲ့+ မိသားစုတွေကတော့–  ဗေလမိသားစု၊+ အာရှဗေလမိသားစု၊  အဟိရံမိသားစု၊ ၃၉  ရှေဖုဖံမိသားစု၊ ဟုဖံမိသားစု။ ၄၀  ဗေလကနေ အာရဒမိသားစုနဲ့ နေမန်မိသားစု ဆင်းသက်လာတယ်။+ ၄၁  ဗင်ယာမိန်အနွယ်ရဲ့ မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၄၅,၆၀၀ ရှိတယ်။+ ၄၂  ဒန်အနွယ်ရဲ့+ မိသားစုတွေကတော့– ရှုဟံမိသားစု။ သူတို့ဟာ ဒန်အနွယ်ရဲ့ မိသားစုတွေပဲ။ ၄၃  ရှုဟံမိသားစုမှာ စာရင်းဝင်သူပေါင်း ၆၄,၄၀၀ ရှိတယ်။+ ၄၄  အာရှာအနွယ်ရဲ့+  မိသားစုတွေကတော့– အိမနာမိသားစု၊ အိရှဘိမိသားစု၊ ဗေရိယမိသားစု။ ၄၅  ဗေရိယရဲ့သားတွေကနေ ဟေဗာမိသားစု၊ မာလချေလမိသားစု  ဆင်းသက်လာတယ်။ ၄၆  အာရှာရဲ့သမီးက စေရာ။ ၄၇  အာရှာအနွယ်ရဲ့ မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၅၃,၄၀၀ ရှိတယ်။+ ၄၈  နဿလိအနွယ်ရဲ့+ မိသားစုတွေကတော့– ယာဇေလမိသားစု၊ ဂုနိမိသားစု၊ ၄၉  ယေဇာမိသားစု၊ ရှိလင်မိသားစု။ ၅၀  နဿလိအနွယ်ရဲ့ မိသားစုတွေမှာ စာရင်းဝင်သူပေါင်း ၄၅,၄၀၀ ရှိတယ်။+ ၅၁  အစ္စရေးလူမျိုးမှာ စာရင်းဝင်သူ စုစုပေါင်း ၆၀၁,၇၃၀ ရှိတယ်။+ ၅၂  ယေဟောဝါက  မောရှေကို၊ ၅၃  “ဒီပြည်ကို နာမည်စာရင်းမှာပါတဲ့ လူဦးရေအလိုက် အမွေခွဲဝေပေးလိုက်ပါ။+ ၅၄  အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို လူဦးရေ အနည်းအများအလိုက် အုပ်စုတစ်ခုစီကို အမွေမြေခွဲပေးပါ။+ ၅၅  ပြည်ကို မဲချပြီး ခွဲဝေပေးပါ။+ သူတို့ကို မျိုးနွယ်အလိုက် အမွေမြေကို ခွဲပေးရမယ်။ ၅၆  အုပ်စုကြီးရင် ကြီးသလို၊ ငယ်ရင် ငယ်သလို အမွေမြေကို မဲချပြီး ခွဲဝေပေးလိုက်ပါ” လို့ ပြောတယ်။ ၅၇  လေဝိအနွယ်ရဲ့ မိသားစုစာရင်းဝင်သူတွေက–+  ဂေရရှုန်မိသားစု၊ ကောဟတ်မိသားစု၊+ မေရာရိမိသားစု။ ၅၈  လေဝိအနွယ်ရဲ့ မိသားစုတွေက– လိဗနိမိသားစု၊+  ဟေဗြုန်မိသားစု၊+ မဟာလိမိသားစု၊+ မုရှိမိသားစု၊+ ကောရမိသားစု။+ ကောဟတ်ရဲ့သားက  အာမရံ။+ ၅၉  အာမရံရဲ့ဇနီးက  လေဝိရဲ့သမီး ယောခေဗက်။+ ယောခေဗက်ကို အီဂျစ်ပြည်မှာ မွေးတယ်။ ယောခေဗက်က အာမရံနဲ့ထိမ်းမြားပြီး  မိရိအံ၊  အာရုန်၊ မောရှေကို မွေးတယ်။+ ၆၀  အာရုန်ရဲ့ သားတွေက နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဧသမာ။+ ၆၁  နာဒပ်နဲ့ အဘိဟုက တားမြစ်ထားတဲ့မီးကို ယေဟောဝါရှေ့  ပူဇော်တဲ့အတွက် သေဆုံးခဲ့ကြတယ်။+ ၆၂  လေဝိအနွယ်မှာ အသက် ၁ လပြည့် လူဦးရေစာရင်းဝင်သူ ယောက်ျားပေါင်း ၂၃,၀၀၀ ရှိတယ်။+ အစ္စရေးတွေနဲ့အတူ အမွေမခံရတဲ့ သူတို့ကို အစ္စရေး လူဦးရေစာရင်းမှာ မသွင်းဘူး။+ ၆၃  ဒါကတော့  ယေရိခေါမြို့အနီး၊ ဂျော်ဒန်မြစ်နား၊ မောဘလွင်ပြင်မှာ မောရှေနဲ့ ပုရောဟိတ်ဧလာဇာ ကောက်တဲ့ အစ္စရေးလူဦးရေစာရင်းပဲ။ ၆၄  အဲဒီစာရင်းမှာ  ဆိုင်းနိုင်းတောကန္တာရမှာတုန်းက မောရှေနဲ့ ပုရောဟိတ်အာရုန် ကောက်ခဲ့တဲ့ လူဦးရေစာရင်းထဲဝင်တဲ့သူ တစ်ယောက်မှမပါဘူး။+ ၆၅  “ဒီတောကန္တာရမှာ သူတို့ ဆက်ဆက်သေရမယ်”+ ဆိုပြီး ယေဟောဝါ ပြောခဲ့လို့ပဲ။ ယေဖုန်နာရဲ့သား ကာလက်နဲ့ နုန်ရဲ့သား ယောရှုကလွဲရင် သူတို့ထဲက တစ်ယောက်မှ မကျန်တော့ဘူး။+

အောက်ခြေမှတ်ချက်များ