တရားဟောရာ ၃၃:၁-၂၉
၃၃ စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ မောရှေက မသေဆုံးခင်မှာ အစ္စရေးတွေကို ဒီလိုကောင်းချီးပေးတယ်–+
၂ “ယေဟောဝါက ဆိုင်းနိုင်းတောင်ကနေ ကြွလာတယ်။+
စိရ တောင်ကနေ ထွန်းလင်းတယ်။
ပါရန်တောင်တန်းကနေ ဘုန်းအသရေ ဖြာထွက်နေတယ်။+
သန့်ရှင်းတဲ့ ကောင်းကင်တမန် အထောင်အသောင်း ခြံရံထားတယ်။+
ညာဘက်မှာ စစ်သည်တော်တွေ ရှိတယ်။+
၃ လူမျိုးတော်ကို ဘုရား ချစ်မြတ်နိုးတယ်။+
သန့်ရှင်းသူအားလုံး လက်ထဲမှာ ရှိတယ်။+
ခြေရင်းမှာ ထိုင်ပြီး+တရားစကားတွေကို နားထောင်ကြတယ်။+
၄ (မောရှေက ပညတ်တရား ပေးတယ်။+
အဲဒီပညတ်တရားကို ယာကုပ်အမျိုး ပိုင်ဆိုင်တယ်။)+
၅ ခေါင်းဆောင်တွေက+အစ္စရေးမျိုးနွယ်အားလုံးနဲ့အတူ စုဝေးတဲ့အခါ+ကိုယ်တော်ဟာ ယေရှုရုန်* အမျိုးမှာ+ ဘုရင်ဖြစ်လာတယ်။
၆ ရုဗင်အနွယ် မသေမပျောက်ဘဲ အသက်ဆက်ရှင်ပါစေ။+လူဦးရေ မလျော့နည်းပါစေနဲ့။”+
၇ ယုဒအနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“အို ယေဟောဝါ၊ ယုဒရဲ့စကားကို နားထောင်ပေးပါ။+သူ့ကို အမျိုးသားချင်းတွေဆီ ပြန်ပို့ဆောင်ပေးပါ။သူ့လက်ရုံးက ပိုင်ဆိုင်သမျှကို ကာကွယ်ပါပြီ။သူ့ဘက်ကနေ ရန်သူတွေကို တိုက်ခိုက်ပေးပါ။”+
၈ လေဝိအနွယ်ကို ပေးတဲ့ ကောင်းချီးကတော့–+“မာဆာအရပ်မှာ ကိုယ်တော်စမ်းသပ်ခဲ့တဲ့+ သစ္စာစောင့်သူက+ကိုယ်တော်ရဲ့သုမိမ်နဲ့ ဥရိမ်ကို+ ပိုင်ဆိုင်တယ်။
ကိုယ်တော်က မေရိဘစမ်းရေနားမှာ သူနဲ့ငြင်းခုံခဲ့တယ်။+
၉ သူက မိဘကို အရေးမစိုက်ဘူး။
ညီအစ်ကိုတွေကို အသိအမှတ်မပြုဘူး။+
သားတွေဘက်မှာလည်း မရပ်တည်ဘူး။
ကိုယ်တော့်စကားတွေကို လိုက်နာပြီးကိုယ်တော့်ပဋိညာဉ်ကိုပဲ စောင့်ထိန်းတယ်။+
၁၀ သူက ယာကုပ်အမျိုးကို ကိုယ်တော့်တရားစီရင်ချက်တွေအကြောင်း သွန်သင်ပေးပါစေ။+
အစ္စရေးလူမျိုးကို ပညတ်တရားအကြောင်း သွန်သင်ပေးပါစေ။+
မွှေးကြိုင်တဲ့ရနံ့ ထွက်အောင် နံ့သာပေါင်း ပူဇော်ပါစေ။+
ပူဇော်ရာပလ္လင်ပေါ်မှာ အကုန်အစင် မီးရှို့ရာအလှူကို ပူဇော်ပါစေ။+
၁၁ ယေဟောဝါ၊ သူ့ရဲ့အစွမ်းခွန်အားကို ကောင်းချီးပေးပါ။
သူလုပ်ဆောင်သမျှကို လက်ခံပေးပါ။
သူ့ကိုမုန်းတဲ့သူတွေ ပြန်မထနိုင်တော့အောင်ရန်သူတွေရဲ့ ခြေထောက်ကို ချိုးပစ်ပါ။”
၁၂ ဗင်ယာမိန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“သူ့အနားမှာ ယေဟောဝါ ချစ်မြတ်နိုးတဲ့သူ လုံခြုံစွာနေရပါစေ။
သူက တစ်နေ့လုံး ကာကွယ်မှာဖြစ်လို့သူ့ပခုံးကြားမှာ နေရလိမ့်မယ်။”
၁၃ ယောသပ်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“သူ့နယ်မြေကို ယေဟောဝါ ကောင်းချီးပေးပါစေ။+
မိုးကောင်းကင်ပေါ်က အကောင်းဆုံးအရာတွေ၊ဆီးနှင်းတွေ၊ မြေအောက်စမ်းရေတွင်းတွေ၊+
၁၄ နေရောင်ကြောင့် သီးပွင့်တဲ့ အကောင်းဆုံးသီးနှံတွေ၊ရာသီအလိုက် ဝင်းမှည့်တဲ့ အကောင်းဆုံးသီးနှံတွေ၊+
၁၅ ရှေးကတည်းကရှိခဲ့တဲ့ တောင်တန်းတွေဆီက* အကောင်းဆုံးအရာတွေ၊+ထာဝရတည်တဲ့ တောင်ကုန်းတွေရဲ့ အကောင်းဆုံးအရာတွေ၊
၁၆ ကမ္ဘာမြေနဲ့ မြေကထွက်သမျှ အကောင်းဆုံးအရာတွေကို ရပါစေ။+
ချုံပုတ်မှာ ထင်ရှားပြခဲ့တဲ့အရှင်ရဲ့ နှစ်သက်မှုကိုလည်း ရပါစေ။+
အဲဒီကောင်းချီးတွေဟာ ယောသပ်ရဲ့ခေါင်းမှာ၊ညီအစ်ကိုတွေထဲက ရွေးချယ်ခံရသူရဲ့ ဦးထိပ်မှာ သက်ရောက်ပါစေ။+
၁၇ သူ့ရဲ့ခမ်းနားမှုဟာ ဦးဆုံးဖွားတဲ့ နွားထီးရဲ့ ခမ်းနားမှုလိုပဲ။
သူ့ဦးချိုတွေဟာ နွားရိုင်းရဲ့ ဦးချိုတွေလိုပဲ။
လူတွေကို သူ့ဦးချိုတွေနဲ့မြေကြီးစွန်းအထိ တွန်းလိမ့်မယ်။
သူ့ဦးချိုတွေဟာ ထောင်သောင်းချီတဲ့ ဧဖရိမ်အနွယ်၊+ထောင်နဲ့ချီတဲ့ မနာရှေအနွယ်ပဲ။”
၁၈ ဇာဗုလုန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဇာဗုလုန်၊ မင်းရဲ့ ကူးသန်းရောင်းဝယ်မှုကြောင့် ဝမ်းမြောက်ပါ။
အိသခါ၊ မင်းရဲ့တဲတွေကြောင့် ဝမ်းမြောက်ပါ။+
၁၉ သူတို့က လူတွေကို တောင်ပေါ် ဖိတ်ခေါ်လိမ့်မယ်။
အဲဒီမှာ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သလိမ့်မယ်။
ပင်လယ်ရဲ့ ကြွယ်ဝတဲ့စည်းစိမ်၊သဲသောင်မှာ ဝှက်ထားတဲ့ ဘဏ္ဍာတွေကို ရရှိကြမယ်။”
၂၀ ဂဒ်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဂဒ်ရဲ့နယ်နိမိတ်တွေကို ကျယ်ဝန်းစေသူ ကောင်းချီးခံစားရပါစေ။+
သူက ခြင်္သေ့လို လဲလျောင်းပြီးသားကောင်ရဲ့ လက်နဲ့ခေါင်းကို ကိုက်ဖြတ်ဖို့ အသင့်ရှိနေတယ်။
၂၁ အကောင်းဆုံးနယ်မြေကို သူ ရွေးချယ်လိမ့်မယ်။+
ပညတ်တရားပေးတဲ့သူက သူ့အတွက် ဖယ်ထားပေးတဲ့ နယ်မြေပဲ။+
ခေါင်းဆောင်တွေ အတူစုဝေးကြလိမ့်မယ်။
သူက ယေဟောဝါရဲ့ ဖြောင့်မတ်မှုတွေ၊တရားစီရင်ချက်တွေနဲ့အညီ အစ္စရေးတွေကို စီရင်လိမ့်မယ်။”
၂၂ ဒန်အနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“ဒန်ဟာ ခြင်္သေ့ပေါက်တစ်ကောင်ပဲ။+
ဗာရှန်ပြည်ကနေ သူ ခုန်ထွက်လာမယ်။”+
၂၃ နဿလိအနွယ်ကိုပေးတဲ့ ကောင်းချီးကတော့–+“နဿလိဟာ မျက်နှာသာရသူ၊ယေဟောဝါရဲ့ကောင်းချီး အပြည့်အဝ ခံစားရသူပဲ။
အနောက်ဘက်နဲ့ တောင်ဘက်က နယ်မြေတွေကို သိမ်းပိုက်ပါ။”
၂၄ အာရှာအနွယ်ကို ပေးတဲ့ ကောင်းချီးကတော့–+“အာရှာဟာ သားတွေ ရပါစေ။
ညီအစ်ကိုတွေရဲ့ မျက်နှာသာကို ရပါစေ။
သူ့ခြေကို ဆီထဲ နှစ်ထားနိုင်ပါစေ။
၂၅ မင်းရဲ့ မြို့တံခါးကန့်လန့်ကျင်တွေကို သံတွေ၊ ကြေးနီတွေနဲ့ လုပ်ထားတယ်။+
ဘဝတစ်လျှောက်လုံး ဘေးကင်းလုံခြုံစွာ မင်း နေထိုင်ရလိမ့်မယ်။
၂၆ ယေရှုရုန်ရဲ့+ စစ်မှန်တဲ့ဘုရားလိုမျိုး+ တခြားဘုရားမရှိဘူး။
ကိုယ်တော်ဟာ မင်းကိုကူညီဖို့ မိုးကောင်းကင်ကို စီးနင်းတဲ့အရှင်၊ဘုန်းတန်ခိုးအပြည့်နဲ့ မိုးတိမ်ကို စီးနင်းတဲ့အရှင်ပဲ။+
၂၇ ဘုရားသခင်ဟာ ရှေးကတည်းက ခိုလှုံရာပဲ။+
ထာဝရလက်ရုံးတော်က မင်းကို ထောက်မပေးတယ်။+
ရန်သူတွေကို မောင်းထုတ်ပေးမယ်။+
‘သူတို့ကို အစတုံးဖျက်ဆီးလိုက်’ လို့ပြောလိမ့်မယ်။+
၂၈ အစ္စရေးက ကောက်နှံနဲ့ စပျစ်ဝိုင်အသစ် ထွက်တဲ့ပြည်မှာ+ဘေးကင်း လုံခြုံစွာ နေထိုင်ရမယ်။
ယာကုပ်ရဲ့ စမ်းရေတွင်းက ဘေးကင်းပြီး သီးခြားရှိနေလိမ့်မယ်။
သူ့ကောင်းကင်က ဆီးနှင်းတွေ တဖွဲဖွဲ ကျနေလိမ့်မယ်။+
၂၉ အစ္စရေး၊ မင်းဟာ ပျော်ရွှင်ချမ်းမြေ့သူပဲ။+
ကာကွယ်ပေးတဲ့ ဒိုင်းလွှား၊+ကြီးမြတ်တဲ့ ဓားဖြစ်တဲ့ယေဟောဝါရဲ့ ကယ်တင်ခြင်းကို ခံရတဲ့လူမျိုးပဲ။+
မင်းလိုလူမျိုး ရှိလို့လား။+
မင်းရှေ့မှာ ရန်သူတွေ ဝပ်တွားနေမယ်။+
ရန်သူတွေရဲ့ကျောကို* နင်းရမယ်။”
အောက်ခြေမှတ်ချက်များ
^ အဓိပ္ပာယ်၊ “ရိုးဖြောင့်သူ။” အစ္စရေးရဲ့ဂုဏ်ပုဒ်။
^ “အရှေ့တောင်တန်းတွေဆီက” လည်းဖြစ်နိုင်။
^ “အထွတ်အမြတ်နေရာတွေကို” လည်းဖြစ်နိုင်။