ဆာလံ ၉၃:၁-၅

  • ယေဟောဝါရဲ့ ခမ်းနားလှတဲ့ အုပ်စိုးမှု

    • “ယေဟောဝါ ဘုရင်ဖြစ်ပြီ” ()

    • ‘သတိပေးချက်တွေ ယုံကြည်စိတ်ချထိုက်’ ()

၉၃  ယေဟောဝါ ဘုရင် ဖြစ်ပြီ။+ ယေဟောဝါက ခမ်းနားမှုကို ဝတ်ဆင်ထားတယ်။ အစွမ်းခွန်အားကို ဆင်မြန်းပြီးခါးစည်းလို စည်းထားတယ်။ ကမ္ဘာမြေကို ရွှေ့လို့မရနိုင်အောင်အခိုင်အမာ တည်ထားတယ်။ ၂  ရာဇပလ္လင်တော်ကို ရှေးကတည်းက အခိုင်အမာ တည်ထားတယ်။+ ကိုယ်တော်ဟာ ရှေးထာဝရကာလကတည်းက တည်ရှိတယ်။+ ၃  ယေဟောဝါဘုရား၊ မြစ်ရေ ဟုန်းဟုန်းထနေတယ်။ မြစ်ရေ ဟုန်းဟုန်းထပြီး မြည်ဟည်းနေတယ်။ မြစ်ရေ ဟုန်းဟုန်းထပြီး လှိုင်းလုံးတွေ ရိုက်ခတ်နေတယ်။ ၄  ရေထုကြီးရဲ့ အသံဗလံတွေထက်၊ပင်လယ်လှိုင်းလုံးကြီးတွေထက် ခွန်အားကြီးတဲ့+ ယေဟောဝါက အထက်အရပ်မှာ ခံ့ညားထည်ဝါနေတယ်။+ ၅  ကိုယ်တော်ရဲ့ သတိပေးချက်တွေဟာ ယုံကြည်စိတ်ချထိုက်တယ်။+ အို ယေဟောဝါ၊ သန့်ရှင်းမြင့်မြတ်ခြင်းက အိမ်တော်ကို အမြဲအလှဆင်ပါတယ်။+

အောက်ခြေမှတ်ချက်များ