ဆာလံ ၆၆:၁-၂၀

  • ဘုရားသခင်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုများ

    • “ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို လာကြည့်ကြပါ” ()

    • “သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်မယ်” (၁၃)

    • ဆုတောင်းသံကို ဘုရားနားထောင် (၁၈-၂၀)

ဂီတမှူးသို့။ ဆာလံသီချင်း။ ၆၆  အို မြေတစ်ခွင်လုံး၊ ဘုရားသခင်ဆီ အောင်သံလွှင့်ကြပါ။+ ၂  ဂုဏ်ကျက်သရေရှိတဲ့ နာမတော်ကို ချီးမွမ်းသီချင်းဆိုကြပါ။ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းကြပါ။+ ၃  ဘုရားသခင်ကို ပြောကြပါ– “ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေဟာ ထိတ်လန့်အံ့သြစရာ ကောင်းလိုက်တာ။+ ကြီးမားလှတဲ့ တန်ခိုးကြောင့်ရန်သူတွေ ရှေ့တော်မှာ ဝပ်တွားရလိမ့်မယ်။+ ၄  ကမ္ဘာမြေတစ်ခွင်လုံး ကိုယ်တော့်ကို ဦးညွှတ်လိမ့်မယ်။+ ချီးမွမ်းသီချင်းဆိုကြလိမ့်မယ်။ နာမတော်ကိုလည်း ချီးမွမ်းသီချင်း ဆိုကြလိမ့်မယ်။”+ (စဲလာ) ၅  ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေကို လာကြည့်ကြ။ လူသားတွေအတွက် ဘုရား လုပ်ဆောင်ပေးခဲ့တာတွေဟာ ထိတ်လန့်အံ့သြစရာပဲ။+ ၆  ဘုရားသခင်က ပင်လယ်ကို ခြောက်သွေ့တဲ့မြေ ဖြစ်စေတယ်။+ မြစ်ကို သူတို့ ခြေကျင်ကူးဖြတ်ခဲ့ကြတယ်။+ အဲဒီမှာ ဘုရားကြောင့် ငါတို့ ဝမ်းမြောက်ခဲ့ရတယ်။+ ၇  ဘုရားက ခွန်အားနဲ့ ထာဝစဉ် အုပ်ချုပ်တယ်။+ လူမျိုးတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်။+ ခေါင်းမာသူတွေ ကိုယ့်ကိုယ်ကိုယ် မချီးမြှောက်ကြနဲ့။+ (စဲလာ) ၈  လူသားတို့၊ ဘုရားသခင်ကို ချီးမွမ်းကြ။+ ဘုရားကိုချီးမွမ်းတဲ့ အသံကို ကြားသိစေကြ။ ၉  ဘုရားက ငါတို့ကို အသက်ဆက်ရှင်စေတယ်။+ ငါတို့ကို တိုက်မိလဲစေမှာ မဟုတ်ဘူး။+ ၁၀  အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော်တို့ကို စစ်ဆေးတယ်။+ ငွေကို သန့်စင်သလို သန့်စင်ပေးတယ်။ ၁၁  ကျွန်တော်တို့ကို မုဆိုးရဲ့ပိုက်ထဲ ကျော့မိစေတယ်။ လေးလံတဲ့ဝန်ကို ထမ်းစေတယ်။ ၁၂  သေမျိုးဖြစ်တဲ့ လူတွေကို ကျွန်တော်တို့အပေါ် တက်နင်းသွားစေတယ်။ ကျွန်တော်တို့ မီးထဲ၊ ရေထဲ ဖြတ်ခဲ့ရပေမဲ့ ကိုယ်တော်က ဘေးကင်းတဲ့နေရာကို ခေါ်ဆောင်လာတယ်။ ၁၃  အကုန်အစင် မီးရှို့ရာအလှူကို ယူပြီး အိမ်တော်ကို ကျွန်တော်လာမယ်။+ သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်မယ်။+ ၁၄  ဒုက္ခရောက်ချိန်မှာ ကျွန်တော့်နှုတ်နဲ့ သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်မယ်။+ ၁၅  ဆူဖြိုးတဲ့ တိရစ္ဆာန်တွေကို မီးရှို့ရာအလှူအဖြစ် ဆက်သမယ်။ သိုးထီးတွေကို မီးရှို့ပူဇော်မယ်။ နွားထီးနဲ့ ဆိတ်ထီးတွေကိုလည်း ပူဇော်မယ်။ (စဲလာ) ၁၆  ဘုရားသခင်ကို ကြောက်ရွံ့သူအပေါင်းတို့၊ လာနားထောင်ကြ။ ငါ့အတွက် လုပ်ဆောင်ပေးခဲ့တာတွေကို ပြောပြမယ်။+ ၁၇  ဘုရားကို ငါအော်ခေါ်တယ်။ ဂုဏ်တင်ချီးမွမ်းတယ်။ ၁၈  ငါသာ နာကြည်းစရာတွေကို တေးမှတ်ထားခဲ့ရင်ငါဆုတောင်းတာကို ယေဟောဝါ နားထောင်မှာ မဟုတ်ဘူး။+ ၁၉  ဒါပေမဲ့ ဘုရားသခင်က ငါ့အသံကို ကြားခဲ့တယ်။+ ငါ့ဆုတောင်းချက်ကို အာရုံစိုက်ခဲ့တယ်။+ ၂၀  ငါ့ဆုတောင်းချက်ကို မငြင်းပယ်တဲ့၊ခိုင်မြဲတဲ့မေတ္တာကို ငါ့ဆီကနေ မရုပ်သိမ်းတဲ့ ဘုရားသခင်ကို ချီးမွမ်းကြ။

အောက်ခြေမှတ်ချက်များ