ဆာလံ ၄၅:၁-၁၇

  • ဘိသိက်ခံဘုရင်ရဲ့ မင်္ဂလာပွဲ

    • ယဉ်ကျေးသိမ်မွေ့တဲ့ စကား ()

    • “ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ ရာဇပလ္လင်ပဲ” ()

    • သတို့သမီးရဲ့အလှကို မင်းကြီး တမ်းတ (၁၁)

    • ကမ္ဘာတစ်ခွင်မှာ မင်းညီမင်းသားတွေ (၁၆)

ဂီတမှူးသို့။ “နှင်းပန်းတို့” တေးသွားအတိုင်း သီဆိုရန်။ ကောရရဲ့သားမြေးတွေ+ စပ်ဆိုတဲ့ မက်စကီး။* မေတ္တာဖွဲ့သီချင်း။ ၄၅  ကြည်နူးစရာ အကြောင်းတစ်ခုကြောင့် ငါစိတ်လှုပ်ရှားနေတယ်။ “ရှင်ဘုရင်တစ်ပါးအကြောင်း ငါသီချင်းရေးဖွဲ့မယ်။”+ ငါ့လျှာဟာ ကျွမ်းကျင်တဲ့ ကျမ်းကူးသူရဲ့ ကလောင်တံ ဖြစ်ပါစေ။+  ၂  မင်းကြီးဟာ လူသားတွေထဲမှာ အခံ့ညားဆုံးပါ။ မင်းကြီးရဲ့နှုတ်ကနေ ယဉ်ကျေးသိမ်မွေ့တဲ့စကား ထွက်လာတယ်။+ ဒါကြောင့် မင်းကြီးကို ဘုရားသခင် ထာဝစဉ် ကောင်းချီးပေးတာ။+ ၃  ခွန်အားကြီးတဲ့သူ၊+ ခါးမှာ ဓားကို ချိတ်လိုက်ပါ။+ ဂုဏ်သိက္ခာတွေ၊ ခမ်းနားမြင့်မြတ်မှုတွေကိုလည်း ချိတ်ဆွဲလိုက်ပါ။+ ၄  တခမ်းတနား အောင်ပွဲခံပါ။+ အမှန်တရားအတွက်၊ နှိမ့်ချခြင်းနဲ့ ဖြောင့်မတ်ခြင်းအတွက် စီးနင်းတိုက်ခိုက်ပါ။+ မင်းကြီးရဲ့ညာလက်ဟာ ထိတ်လန့်အံ့သြစရာတွေ လုပ်ဆောင်လိမ့်မယ်။ ၅  ချွန်ထက်တဲ့ မြားတွေကြောင့်ရန်သူတွေ လဲကျသွားတယ်။+ ရန်သူတွေရဲ့ နှလုံးကို ခွင်းပစ်တယ်။+ ၆  ဘုရားသခင်ဟာ အစဉ်ထာဝရ မင်းကြီးရဲ့ရာဇပလ္လင်ပဲ။+ နိုင်ငံတော်ရဲ့ ရာဇလှံတံဟာတရားမျှတခြင်းလှံတံပဲ။+ ၇  မင်းကြီးက ဖြောင့်မတ်မှုကိုချစ်မြတ်နိုးတယ်။+ ဆိုးသွမ်းမှုကို မုန်းတယ်။+ ဒါကြောင့် ဘုရားသခင်က မင်းကြီးကို အပေါင်းအဖော်တွေထက်ပိုချီးမြှောက်ပြီး အားရရွှင်လန်းခြင်းဆီနဲ့+ ဘိသိက်ပေးတယ်။+ ၈  မင်းကြီးရဲ့ ဝတ်ရုံတွေဟာ မုရန်၊* အကျော်၊ ကရဝေးရနံ့တွေသင်းထုံနေတယ်။ ခမ်းနားလှတဲ့ ဆင်စွယ်နန်းတော်ကြီးထဲက ကြိုးတပ်တူရိယာသံတွေကြောင့်မင်းကြီး ဝမ်းမြောက်နေတယ်။ ၉  မင်းကြီးရဲ့ ဂုဏ်သရေရှိ အမျိုးသမီးတွေထဲမှာ ဘုရင့်သမီးတော်တွေ ပါတယ်။ ကြင်ရာတော်က သြဖိရရွှေကို+ ဆင်မြန်းပြီး မင်းကြီးရဲ့ညာဘက်မှာ ရပ်နေတယ်။ ၁၀  အို သမီးတော်၊ နားထောင်ပါ။အာရုံစိုက်ပြီး နားစွင့်ပါ။ ကိုယ့်လူမျိုးနဲ့ ကိုယ့်ဖခင်ရဲ့အိမ်ကို မေ့ပစ်လိုက်ပါ။ ၁၁  မင်းရဲ့အလှကြောင့် မင်းကြီးက မင်းကို တမ်းတနေလိမ့်မယ်။ သူဟာ မင်းရဲ့သခင်ဖြစ်လို့ဦးညွှတ်လိုက်ပါ။ ၁၂  တိုင်ရာသမီးပျိုဟာ လက်ဆောင်ယူလာလိမ့်မယ်။ ချမ်းသာကြွယ်ဝသူတွေက မင်းကြီးရဲ့ မျက်နှာသာရဖို့ ကြိုးစားကြလိမ့်မယ်။ ၁၃  ဘုရင့်သမီးတော်က နန်းတော်ထဲမှာ ဂုဏ်ကျက်သရေအပြည့်နဲ့ ရှိနေတယ်။ သူ့အဝတ်ကို ရွှေနဲ့ တန်ဆာဆင်ထားတယ်။ ၁၄  သူ့ကို လှလှပပ ရက်လုပ်ထားတဲ့ဝတ်ရုံ* ဆင်မြန်းပေးပြီး မင်းကြီးဆီ ခေါ်ဆောင်လာမယ်။ အပျိုစင် အခြွေအရံတွေကိုလည်း တစ်ပါတည်း ခေါ်ဆောင်လာမယ်။ ၁၅  သူတို့ကို ရွှင်လန်းဝမ်းမြောက်စွာ ခေါ်ဆောင်လာမယ်။ မင်းကြီးရဲ့နန်းတော်ထဲ သူတို့ ဝင်လာကြမယ်။ ၁၆  မင်းကြီးရဲ့သားတွေက မင်းကြီးရဲ့ ဘိုးဘေးတွေနေရာကို ဆက်ခံလိမ့်မယ်။ မင်းကြီးက သူတို့ကို ကမ္ဘာမြေတစ်ခွင်မှာ မင်းညီမင်းသားတွေအဖြစ် ခန့်အပ်လိမ့်မယ်။+ ၁၇  ကျွန်တော်က မင်းကြီးရဲ့နာမည်ကို နောင်လာနောက်သား အဆက်ဆက် ကြားသိစေပါ့မယ်။+ ဒါကြောင့် မင်းကြီးကို လူတွေ အစဉ်ထာဝရ ချီးမွမ်းပါလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
ခက်ဆစ်ကိုကြည့်။
“ပန်းထိုးဝတ်ရုံ” လည်း ဖြစ်နိုင်။